SlideShare uma empresa Scribd logo
1 de 29
Baixar para ler offline
ဦးကျော်ငြိမ်းနဲ့ ၀န်ကြီးချုပ် ဦးနု
ဆောင်းပါး ဘိုဘိုကျော်ငြိမ်း
U Kay Nyaing - U Nu
ဝန်ကြီးချုပ် ဦးနု အကြောင်းရေးရင် ဦးကျော်ငြိမ်းကို ချန်ခဲ့လို့ မရသလို၊ ဦးကျော်ငြိမ်း အကြောင်း ရေးရင်လည်း
ဝန်ကြီးချုပ် ဦးနု မပါလို့ မရပါ။
၁၉၃၆ ခု ကျောင်းသား သပိတ်မှာ အတူ ခေါင်းဆောင်ခဲ့ကြတဲ့ ဒီခေါင်းဆောင် နှစ်ဦးဟာ တက္ကသိုလ် ဘုန်းနိုင် ရေးခဲ့တဲ့
နှစ်လွှာပေါင်းမှ တရွက် ဖြစ်ရတဲ့ ဆွယ်တော်ရွက်လို တိုင်းပြည် လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ကြစဉ်က
လည်းကောင်း၊ ပြည်တွင်း သူပုန်တွေ သောင်းကျန်းခဲ့တဲ့ ပြည်တွင်းစစ် ကာလ ကလည်းကောင်း၊ လွတ်လပ်ရေးရပြီး
တိုင်းပြည် ထူထောင်စဉ်က လည်းကောင်း၊ ကျောချင်းကပ် တိုက်ပွဲ အပွဲပွဲကို အတူတူ ဆင်နွဲခဲ့ကြ ရပါတယ်။ ညီအကို
အရင်းအခြာပမာ ချစ်ခင်အားကိုး ယုံကြည်ခဲ့ကြရတဲ့ ခေါင်းဆောင် နှစ်ဦးဟာ မထင်မှတ်ဘဲ ကွဲခဲ့ကြရပြီး လူအများကဖြင့်
ဖဆပလ နှစ်ခြမ်းကွဲပြီး သန့်ရှင်း-တည်မြဲ-နုတင်-ဆွေငြိမ်း အဖြစ်သာ သတိရကြသည်။ ၆၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှ
သေသည့်တိုင် တဦးကို တဦး ဆက်လက် ခင်မင် အားကိုးကြတာကို မသိကြတော့ပါ။
၁၉၃၆ ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့ကြတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေမြင့်၊ ကိုရာရှစ်တို့ဟာ
စိတ်ညီလက်ညီ ရှိကြရုံမက တိုင်းပြည် လွတ်လပ်ရေးမှာ အဓိက အခန်းမှ ပါဝင်ခဲ့တဲ့ တက္ကသိုလ် သမဂ္ဂ
ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်းသား သမဂ္ဂကို ပျိုးထောင်ပေးခဲ့တဲ့ လူငယ် ခေါင်းဆောင်တွေ
ဖြစ်ကြပါတယ်။ အရည်အချင်း တမျိုးစီ၊ ကိုယ်စီ ရှိကြရုံမက Division of Labour လို့ခေါ်ရမယ့် တာဝန် ခွဲဝေ
ယူကြရုံမက အပြိုင်အဆိုင် မရှိ၊ ယုံယုံကြည်ကြည် ညီညီညွတ်ညွတ် လုပ်ဆောင် နိုင်ခဲ့ကြလို့ ကျောင်းသား
ခေါင်းဆောင်ဘ၀မှ တိုင်းပြည် ခေါင်းဆောင်၊ ထိုမှတဆင့် တိုင်းပြည် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။ အမျိုးသား
ခေါင်းဆောင်၊ တိုင်းပြည် ၀န်ကြီးချုပ်၊ ဒုဝန်ကြီးများ အဖြစ် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့ကြသည် မဟုတ်ပါလား။
ဒီနေရာမှာ ညီညွတ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ခေတ်လူငယ်တွေ အားကျ သင်ခန်းစာ ယူစရာ တချို့ကို
တင်ပြပါရစေ။ အဲဒီတုန်းက ခေါင်းဆောင်မှု နေရာကို ရယူထားတဲ့ ခေါင်းဆောင်တွေဟာ သူ့ကျွန်မခံလိုစိတ်
အပြည့်ရှိရုံမက နေရာ ရရှိနေရေးကို ဦးစားမပေး၊ နံမည် ရရှိရေးကို ဦးစားမပေး၊ ဘုံကျောင်းသား အခွင့်အရေး တိုက်ပွဲ
အနိုင်တိုက်ရေး၊ ကိုလိုနီ ပညာရေး စံနစ်ကို တိုက်ဖျက်ရေးကိုသာ ဦးစားပေး ခဲ့ကြပါတယ်။ ဒီတုန်းက
ကျောင်းသားခေါင်းဆောင်တွေ တစိတ်ထဲ၊ တသံထဲ ရှိကြပြီး အလွန် သွေးညီခဲ့ကြတယ်လို့ ဗိုလ်ချုပ် အောင်ဆန်းက
မိန့်ကြားခဲ့ကြောင်း ရစ်ချတ် ဖတ်ဝဲလ် (Richard Butwell) က သူရေးတဲ့ ဗမာပြည်၏ ဦးနု (U Nu of Burma -
စာမျက်နှာ ၁၈) တွင် ဖော်ပြခဲ့ပါတယ်။
အောင်မြင် ကျော်ကြားခဲ့ကြတဲ့ ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ တချို့က
အသေးစိတ်ကို နိုင်ပါတယ်။ ပေါ်လစီ ချမှတ်ရာမှာ လည်းကောင်း၊ ဖော်ဆောင်ရာမှာ လည်းကောင်း စွမ်းဆောင်
နိုင်ပါတယ်။ တချို့က အသေးစိတ်ကို ဂရုမပြုနိုင်။ ဒါပေမဲ့ ပေ ၃ သောင်း အထက်ကနေ ကြည့်နိုင်စွမ်း ရှိပြီး ဘယ်သူ့ကို
အားကိုးရမယ် ဆိုတာကို သိနိုင်စွမ်းအား ရှိပါတယ်။ တချို့က ပြည်သူယုံအောင် ပြောနိုင်စွမ်း ရှိပါတယ်။ တချို့က
အပြောမတတ်၊ အလုပ်ဖြင့် ထုတ်ဖော်နိုင်စွမ်း ရှိကြပါတယ်။ ဘက်ပေါင်းစုံ ပြည့်စုံတဲ့ ခေါင်းဆောင်ဟာ ရှားမှ
ရှားတယ်လို့ ဆိုနိုင်ပါတယ်။ ခေတ်သစ် လွတ်လပ်ရေး ခေတ်မှာ ခေါင်းဆောင်တွေဟာ ပေါ်လစီ ချရာတွင်
လည်းကောင်း၊ ကိုယ့်ရဲ့ ပေါ်လစီ အောင်မြင်အောင် ဗျူဟာ (Strategy) ဆွဲရာမှာ လည်းကောင်း၊ ဗျူဟာကို
ဖော်ဆောင်ရာမှာ လည်းကောင်း၊ မိမိတို့ ရွေးရာလမ်းကို အများပြည်သူတွေ ယုံကြည်အားထား ထောက်ခံလာအောင်
ဦးဆောင်ရာမှာ လည်းကောင်း၊ အဖက်ဖက်က ပြည့်စုံပြီး အားနည်းချက် မရှိတဲ့ ခေါင်းဆောင်ဟာ ဗိုလ်ချုပ် အောင်ဆန်း
တဦးထဲပဲ ရှိပါတယ်။ (ကျနော့် အမြင်အရ)
ဥပမာ - အမေရိကန် သမ္မတ ရော်နယ်ရေဂင်ကို ကြည့်ပါ။ အတိုက်အခံတွေက မင်းသား လူပေါကြီးလို့
ပြောင်လှောင်ကြပါတယ်။ တခါတရံ အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ အိပ်ငိုက် တတ်ပါတယ်။ အသေးစိတ်ကို မနိုင်ပါ၊
စိတ်မ၀င်စားပါ။ ဒါပေမဲ့ တိုင်းပြည်ကို ဘယ်လို ဦးဆောင်ရမယ်ကို သိပါတယ်။ ပြည်သူတွေ ယုံကြည် လိုက်ပါလာအောင်
ပြောနိုင်စွမ်း ရှိပါတယ်။ ၁၉၈၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေကတောင် မဲပေးကြလို့ ရေဂင် ဒီမိုကရက်
(Reagan Democrats) ဆိုတဲ့ အသုံးအနှုံးတွေ ပေါ်ခဲ့ဖူးပါတယ်။ ကိုယ့်ယုံကြည်ချက် အပေါ် ရဲရဲရပ်ပြီး ရိုးရိုးကလေး
ပြောကာ ဦးဆောင် နိုင်ခဲ့တာကြောင့် ခေတ်သစ် အမေရိကန် သမတတွေထဲမှာ ရီပတ်ပလီကင် ဘက်မှာ
အအောင်မြင်ဆုံး၊ လူချစ်လူခင် အများဆုံးအဖြစ် သတ်မှတ် ခံရပါတယ်။ သမတ ကလင်တင် (Clinton) ဟာ
ပြောင်းပြန်။ ပေါ်လစီနဲ့ ပတ်သက်လာရင် အသေးစိတ်ကို သိလိုပါတယ်။ ညလုံးပေါက် ဆွေးနွေးဖို့ ၀န်မလေးပါ။
သူကလည်း ဒီမိုကရက် ဘက်ကနေ ဒီနေ့အထိ လူချစ်လူခင် ပေါတဲ့ သမတ ဖြစ်ပါတယ်။ (ပုဂ္ဂိုလ်ရေး မပါခဲ့ရင်)။
ဒီလူတွေဟာ အင်္ဂလိပ်လို ခယ်ရစ်စမာ (Charisma) လို့ ခေါ်တဲ့ လူထုကို ဆွဲဆောင်မှု စွမ်းအား ရှိကြပါတယ်။
ဝန်ကြီးချုပ် ဦးနုမှာလည်း ဒီလို စွမ်းဆောင်အား ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်မှာလည်း သူ့အဖေလိုပဲ လူထုကို
ဆွဲဆောင်နိုင်တဲ့ Charisma အပြည့် ရှိပါတယ်။
တချိန်က တရုတ်ပြည်ကြီးမှာ တိန်ရှောက်ဖိန် Deng Xiaoping ကို ကယ်ခဲ့တာ ၀န်ကြီးချုပ် ချူအင်လိုင်းလို့
ယူဆမိခဲ့တယ်။ တိန်ရှောက်ဖိန်ရဲ့ သမီးရေးတဲ့ စာအုပ် နှစ်အုပ်ကို ဖတ်ရမှ တိန်ရှောက်ဖိန်ကို ပြန်ဆွဲတင်လာတာ ဥက္ကဋ္ဌ
မော်စီတုံး ဆိုတာ သိရတော့တယ်။ တရုတ် ကွန်မြူနစ်ပါတီ အတွင်းရှိ ပါတီ ယန္တရားမှာ လျူရှောက်ချီတို့က အသာစီး
ရလာတော့ အတွင်းစည်းကို အပြင်စည်းက လူငယ်တွေနဲ့ ရိုက်ချိုးပြီး မော်စီတုံးက အာဏာ ပြန်လုခဲ့တာကို
လူကြားကောင်းအောင် ယဉ်ကျေးမှု တော်လှန်ရေးလို့ အမည်တပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအာဏာလုပွဲကြောင့်
တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်မယ်ဆိုတာကို မော်က ကောင်းကောင်း သိခဲ့ပါတယ်။ ဒါကြောင့် တိန်ရှောက်ဖိန်ကို ကွန်မြူနစ်
ပါတီက မထုတ်ဘဲ စက်ရုံ တခုထဲမှာ အလုပ်ပေးကာ ဒဏ်ပေးထားပြီး အာဏာလုပွဲမှာ အပေါ်စီးရမှ တိုင်းပြည်
အုပ်ချုပ်ဖို့ တိန်ရှောက်ဖိန်ကို ပြန်လည် ဆွဲထုတ်ခဲ့တာပါ။
မော်စီတုံးဟာ ပညာထက်မြက်တဲ့ Intellect လို့ခေါ်ရမယ့် ပညာတတ် လူမျိုး မဟုတ်ပါ။ ဒါပေမဲ့ မော်စီတုံးဟာ တရုတ်
ရာဇ၀င်နဲ့ တရုတ်လူမျိုးတွေ အကြောင်းကို ကောင်းစွာ နားလည်ပြီး အာဏာအကြောင်း ကောင်းကောင်း နားလည်သူ
ဖြစ်ပါတယ်။ တိန်ရှောက်ဖိန်ဟာ အင်မတန် ဉာဏ်ထက်မြက်တဲ့ အုပ်ချုပ်မှု (Management) ကိုနိုင်တဲ့ ပညာတတ်
လူတန်းစား ဖြစ်ပါတယ်။ မော်စီတုံး ကိုယ်နှိုက်က တိန်ရှောက်ဖိန်ကို မဲဇာကနေ ပြန်ခေါ်ပြီး ဒုဝန်ကြီးချုပ် အဖြစ်
ပြန်လည် ပွဲထုတ်တဲ့ ဧည့်ခံပွဲ တခုမှာ - “ကြည့်ထားကြ၊ အဲဒီ ခေါင်းတခုလုံး ဉာဏ်ချည်းပဲ” လို့ ပြောခဲ့ရတယ်
မဟုတ်ပါလား။ မော်စီတုံးဟာ ပါတီ ဥက္ကဋ္ဌ ရာထူးသာ ယူထားပြီး အုပ်ချုပ်မှု Governance - အသေးစိတ်ကို
ဂရုမစိုက်နိုင်ပါ။ အုပ်ချုပ်မှုကို ချူအင်လိုင်း၊ တိန်ရှောက်ဖိန်တို့နဲ့ လွှဲထားပြီး အာဏာကိုသာ ဂရုစိုက်ခဲ့ပါတယ်။
မော်စီတုံးက ဦးဆောင်မှုနဲ့ လမ်းညွှန်မှုကိုသာ အရေးပေးပြီး တိုင်းပြည် အုပ်ချုပ်ရေးကို လူတော်တွေနဲ့ လွှဲနိုင်ခဲ့တယ်
မဟုတ်ပါလား။ လူတော် တိန်ရှောက်ဖိန်ကို အားကိုးခဲ့ပြီး ဒီကနေ့ တရုတ်ပြည်ကြီးဟာ ကမ္ဘာ့ ထိပ်သီးနိုင်ငံ
ဖြစ်နေရပေပြီ။ ဦးနှောက်နဲတဲ့ ချန်ချင်းတို့သာ အာဏာရခဲ့ရင် တရုတ်ပြည်ကြီး မွဲတေ ပျက်စီးရမှာ မလွဲပါ။
ဦးနုကလည်း အသေးစိတ်ကို စိတ်ဝင်စားတဲ့၊ ဉာဏ်ပညာ ထက်မြက်တဲ့ အတွေးအား Intellectually အားကောင်းတဲ့
ခေါင်းဆောင် မဟုတ်ပါ။ ဒါပေမဲ့ ဦးနုဟာ လူထုယုံအောင် ပြောနိုင်တဲ့ ဆွဲဆောင်အား Charisma အားကောင်းတဲ့
နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌ မော် လိုပဲ ထိပ်ကနေ ဦးဆောင်နိုင်တဲ့ ပထမ ခေါင်းဆောင် ဖြစ်ပါတယ်။
ဦးကျော်ငြိမ်းဟာ ဦးနုလိုပဲ ပြည်သူ ယုံကြည်လာအောင် ဦးနုလောက် ဆွဲအား မကောင်းပေမယ့် စာဖတ်အား ကောင်းပြီး
ဉာဏ်ထက်မြက်ကာ ဖော်ထုတ်နိုင်အား ကောင်းပါတယ်။ ဒါ့ကြောင့်လည်း ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်
ကတည်းက ဦးနုဟာ ဦးကျော်ငြိမ်းကို လက်ရုံးအဖြစ် အားကိုး ခဲ့ရတာပါ။
ဦးကျော်ငြိမ်းကလည်း အသက် ၈ နှစ်ကြီးတဲ့ ဦးနုကို အကိုကြီးသဖွယ် အားထား လေးစားခဲ့ပါတယ်။ ဒါကြောင့်လည်း
အောင်မြင် ခဲ့ကြပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ဗိုလ်ချုပ် အောင်ဆန်းကို ခေါင်းဆောင်တင်ပြီး လွတ်လပ်ရေးကို
အရယူနိုင် ခဲ့ကြပါတယ်။ ဖဆပလကို ဦးဆောင် နိုင်ခဲ့ပါတယ်။ တိုင်းပြည် ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ်
မဟုတ်ပါလား။ မော်နဲ့ ချူအင်လိုင်း၊ တိန်ရှောက်ဖိန်တို့လို အတွဲညီခဲ့ ကြပါတယ်။
ဦးနုမှာ သတိပြုအပ်တဲ့ အရည်အချင်းနဲ့ သတ္တိ ၃ မျိုးရှိပါတယ်။
ကိုယ် မသိရင်၊ မတတ်ရင် ဟန်ဆောင်ပြီး လူတတ်ကြီး မလုပ်ဘဲ ၀န်ခံရဲတဲ့ သတ္တိ။
၁၉၃၆ ခုနှစ် ကျောင်းသား သပိတ်ဟာ သမဂ္ဂ ခေါင်းဆောင် ကိုနုနဲ့ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ပစ်ရာကနေ
စခဲ့ပါတယ်။ ကိုနုဟာ တရားဟော ကောင်းတယ်။ ကျောင်းသားထု စိတ်ပါလာအောင် မိမိတို့ကို ထောက်ခံလာအောင်
စွမ်းဆောင်နိုင်တယ်။ ဒါပေမဲ့ အသေးစိတ်ကို စိတ်မ၀င်စားပေ။ ဒီအတွက်ကြောင့် စေ့စပ် ဆွေးနွေးမှုတွေနဲ့ နေ့စဉ်
လုပ်ငန်း ခေါင်းဆောင်မှုတွေဟာ အောင်ဆန်း၊ ကျော်ငြိမ်းနဲ့ ကျနော့်အပေါ် ကျရောက် ခဲ့ပါတယ်လို့ ဦးရာရှစ်က
ပြောခဲ့ပါတယ်။ (U Nu of Burma စာမျက်နှာ ၂၅)
တနေ့မှာ ကိုနုနဲ့ ကိုရာရှစ်ဟာ ဟင်္သာတမှာ ကျောင်းသားသပိတ် အကြောင်း လှည့်လည် တရားဟော ဆွေးနွေး
နေကြစဉ် ကိုရာရှစ်က မောမောနဲ့ အိပ်ရာဝင်ခဲ့ရာမှာ ပရိသတ်ကို ကိုနု တယောက်ထဲနဲ့ လွှဲခဲ့ပါတယ်။ ကိုနုက
တက္ကသိုလ် ကောလိပ် လုပ်ထုံးကို တိုက်ခိုက် ပြောဆိုရာ လူတယောက်က အဲဒီလို လုပ်ထုံးမှာ ဘာများ
မှားနေပါသလဲလို့ မေးရာ ကိုနု မဖြေနိုင်ပါ။ နောက်ဆုံး ‘ကျုပ်မသိဘူး အားလုံးသိတဲ့ ကိုရာရှစ်ကို မေးပေးမယ်’ လို့
ဖြေလိုက်ပါတယ်။ ကိုရာရှစ်က ကိုနုရဲ့ ပွင့်လင်းမှုကို အံ့အား သင့်နေရာ ကိုနုက ‘ဒို့ အမှန်အတိုင်း၊ သစ္စာရှိရမယ်’ လို့
ဖြေလိုက်ပါသည်။ (U Nu of Burma စာမျက်နှာ ၂၄) ။
ဒါကို ကျနော်တို့အားလုံး နမူနာ ယူသင့်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီကနေ့ ခေါင်းဆောင် အများအပြားဟာ ‘မသိရင်
မသိဘူး’ လို့ ၀န်မခံလိုကြ၊ သိသယောင် ‘ယောတောရှိ’ လုပ်လိုက်သူက များပါတယ်။
ကိုယ် ယုံကြည်ရင် လုပ်ရဲတဲ့ သတ္တိ
ဂျပန်တော်လှန်ရေး စခါနီး ဂျပန်တွေက ဗမာတွေကို မျက်စိဒေါက်ထောက် ကြည့်နေချိန်မှာ ဆိုရှယ်လစ် ဦးဗဆွေကြီးကို
ဂျပန် ကင်ပေတိုင်တွေက ဖမ်းသွားပါတယ်။ ဦးနုရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ဒုဝန်ကြီး လုပ်နေတဲ့
ဦးကျော်ငြိမ်းကိုလည်း ကင်ပေတိုင်က လာဖမ်းရာ နောက်ဖေးကနေ ထွက်ပြေးလို့သာ လွတ်ခဲ့ပါတယ်။ သူတို့
အားကိုးရာ သခင်မြကို ဦးဗဆွေကြီး လွတ်မြောက်ရေး အတွက် ဦးကျော်ငြိမ်းက အပူကပ်ပါတယ်။ သခင်မြက
တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလို့ ဦးနုကို အပူကပ်တဲ့အခါ ချက်ခြင်းပဲ ဒေါက်တာဗမော်ကို သွားတွေ့ပါတယ်။ ဂျပန်တွေကို
ပြောပေးဖို့ တောင်းဆို ပါတော့တယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့ မှတ်တမ်းမှာ ဦးနုရဲ့ လုပ်ရဲတဲ့ သတ္တိကို
မှတ်တမ်းတင်ခဲ့ပါတယ်။ ရန်ကုန် အစိုးရ အဖြစ် ရန်သူတွေ ၀ိုင်းဝိုင်း လည်နေချိန်မှာ ဗိုလ်ချုပ်နေ၀င်း ကိုယ်တိုင်က
(‘ကိုကျော်ငြိမ်း ... ကျနော် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်’) လို့ တွေဝေနေချိန်မှာ ၀န်ကြီးချုပ်ဦးနုက
‘အလံမလှဲကြေးဟေ့’ ဆိုတဲ့ စိတ်ဓာတ်နဲ့ သတ္တိရှိရှိ ရင်ဆိုင်ရဲတာကို မေ့မရပါ။
အမှားကို ၀န်ခံရဲတဲ့ သတ္တိ
ဦးနုကိုယ်တိုင် ရေးသားခဲ့တဲ့ ‘တာတေ စနေသား’ ကို ဖတ်ကြည့်ပါ။ ၀န်ကြီးချုပ် ဦးနုဟာ သူ့ရဲ့ အားနည်းချက်၊
ပျော့ညံ့ချက်တွေကို ရဲရဲကြီး တင်ပြ ဆွေးနွေး သွားပါတယ်။ ဦးနှောက်ထက် နှလုံးသား ပိုကြီးတဲ့ လူတွေရဲ့ အမှား ဆိုပြီး
မကြာခဏ ၀န်ခံသွားပါတယ်။ ဖဆပလ မကွဲဖို့ ဖြစ်နိုင်ချေတွေကို ဖြစ်စဉ်တွေနဲ့ နှိုင်းပြီး ရှင်းပြသွားပါတယ်။
(တာတေစနေသား - စာမျက်နှာ ၂၉၁-၃၀၀)။ ဥပမာ နိုင်ငံကျော်ခဲ့တဲ့ စာ နှစ်စောင် - ဦးနုနဲ့ ဦးကျော်ငြိမ်း
အပြန်အလှန်ပေးစာ - ကို လူသိရှင်ကြား ဖြစ်စေမယ့် အစား၊ လူချင်းတွေ့ပြီး စာကိုပြန်ပေးခဲ့ရင် ဖဆပလ
နှစ်ခြမ်းကွဲရာအထိ မဖြစ်နိုင်ဘူးလို့ ရဲရဲ ၀န်ခံသွားပါတယ်။ (တာတေစနေသား - စာမျက်နှာ ၂၉၅)
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလို နှစ်ဖက်စလုံး မှားခဲ့ကြတဲ့အတွက် ဖဆပလ နှစ်ခြမ်းကွဲခဲ့တာပါ။ ခေါင်းဆောင်
ပီသစွာ အမှားကို ၀န်ခံရဲတဲ့ ဦးနုရဲ့ သတ္တိကိုတော့ အသိအမှတ် ပြုရမှာပါ။ နှစ်ဦးစလုံး မှားမှန်းသိလို့ ၁၉၆၀ ခုနှစ်
ရွေးကောက်ပွဲ အပြီးမှာ ဦးနုဟာ ဦးကျော်ငြိမ်းဆီကို မကြာခဏ လာရောက်ဆွေးနွေး၊ အကြံဉာဏ် တောင်းလေ့
ရှိပါတယ်။ သူ တောခိုမယ် ကြံတော့လည်း ဦးကျော်ငြိမ်းကို ရှေးဦးစွာ တိုင်ပင်ခဲ့ပါတယ်။ တရုတ်-ဗမာ
အရေးအခင်းအပြီး တရုတ် အစိုးရက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖိပြီး အားပေးနေချိန် ကွန်မြူနစ်တွေ အနိုင်ရရင်
တရုတ်ကျွန် ဖြစ်မှာကို စိုးရိမ်လို့ သူ့ကျွန်မခံလိုစိတ်နဲ့ ဦးနု နောက်ကို ဦးကျော်ငြိမ်း မလိုက်ခဲ့တာပါ။
ဖဆပလကွဲခြင်းအပေါ် သုံးသပ်ချက်
ခေတ်အဆက်ဆက် လူအမျိုးမျိုးက ဖဆပလ ကွဲခြင်းအပေါ် အမြင် အမျိုးမျိုးနဲ့ ကြည့်ခဲ့ကြပါတယ်။ လူပုဂ္ဂိုလ် အရေး
ခင်မင်မှု၊ လေးစားမှုကို အခြေခံတယ်လို့ ထင်မိပါတယ်။ ဦးကျော်ငြိမ်းဟာ ကိုယ့် မွေးကျေးဇူးရှင် ဖခင်မို့ မှန်ရမယ်လို့
တဖက်သတ် တွေးရေးမိခဲ့ရင် ကျနော် လူကြီးမဆန်၊ မျှတမှု မရှိနိုင်ပါ။ ဦးနုရော၊ ဦးကျော်ငြိမ်းရော ဘုရား ရဟန္တာတွေ
မဟုတ်ကြပါ။ ပုထုဇဉ် လူသားတွေဖြစ်လို့ မှားခဲ့ကြပါတယ်။ နောက်လူငယ်တွေ သင်ခန်းစာ ယူနိုင်ဖို့
ဘယ့်အတွက်ကြောင့် ဒီခေါင်းဆောင် ၂ ဦး မှားခဲ့ကြတာကို စနစ် (System) နဲ့ နိုင်ငံရေး အဆောက်အဦ
(Infratructure) ဘက်က ကြည့်ပြီး ဆွေးနွေးလိုပါတယ်။ ဖဆပလကို ကွဲဖို့ ဖန်တီးပေးခဲ့တဲ့ အက်ကြောင်းကို
မွေးထုတ်ပေးခဲ့တဲ့ စနစ်ဘက်ကနေ လေ့လာ ဝေဖန်လိုပါတယ်။
ဦးနုနဲ့ ဦးကျော်ငြိမ်း အကြောင်းရေးရင် ဖဆပလ နှစ်ခြမ်းကွဲခြင်း အကြောင်းကို လျစ်လျှူရှု မရပါ။
နိုင်ငံရေးနဲ့ အာဏာ
နိုင်ငံရေးဆိုသည်မှာ တိုင်းပြည် ကောင်းစားရေး (အများအားဖြင့်) ကို ဦးတည်ပြီး မိမိ ယုံကြည်ရာ ၀ါဒ၊ စနစ်ကို
နောက်ခံပြီး တိုင်းပြည် တည်ဆောက်ရေးကို ဖော်ဆောင် ရပါတယ်။ ဒီကနေ့ခေတ် - လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး
စနစ် (Free Market Economy) လို့ ခေါ်တဲ့ အရင်းရှင် စီးပွားရေး စနစ်ကိုပဲ ရွေးမလား၊ ကွန်မြူနစ်တို့ရဲ့ ဆိုရှယ်လစ်
စီးပွားရေး စနစ်ကိုပဲ ကျင့်သုံးမလား၊ ဒါမှမဟုတ် ဆိုရှယ် ဒီမိုကရက်တို့ရဲ့ ဒွေးရော စီးပွားရေး စနစ် (Mixed Economy)
ပဲ ရွေးမလား ဆိုတာတွေဟာ နိုင်ငံရေး အာဏာ မရှိဘဲနဲ့ မရွေးနိုင်ပါ။ နိုင်ငံရေးမှာ အာဏာမရှိဘဲ ဘာမှ လုပ်လို့ မရပါ။
နိုင်ငံရေးနဲ့ အာဏာဟာ လျှာနဲ့ သွားလို ရောယှက်နေပါတယ်။ နိုင်ငံရေး အာဏာကို တိုက်ယူရမှာလား၊
အကြမ်းမဖက်တဲ့ နည်းနဲ့ အနိုင်ယူနိုင်မလား၊ ရွေးချယ်ခြင်း (ဒီမိုကရေစီရှိမှ) ရယူမှာလား ဆိုတာ တပိုင်းသတ်သတ်
စဉ်းစားရမှာပါ။
လူသားတိုင်းမှာ အတ္တဟာ တွဲပါစမြဲဖြစ်လို့ အတ္တကို အသုံးချတတ်ရင် အင်္ဂလိပ်လို Drive လို့ ခေါ်တဲ့ (လုပ်ချင်စိတ်)
ပေါ်လို့၊ ဒီလုပ်ချင်စိတ်ကြောင့် အောင်မြင်မှု ရနိုင်သလို (အတ္တ) ကို မထိန်းနိုင်လို့ ဒုက္ခရောက်ခဲ့သူတွေ မရေတွက်
နိုင်တော့ပါ။ နိုင်ငံရေးမှာ (အာဏာ) ဟာ တွဲပါစမြဲ ဖြစ်လို့ အာဏာကို သတိနဲ့ ထိန်းနိုင်ရင် အောင်မြင်မှုရှိပြီး
အာဏာကြောင့် ဒုက္ခ ရောက်ခဲ့ရသူတွေလည်း မရေတွက်နိုင်တော့ပါ။
ဒါကြောင့် အာဏာဟာ အတ္တလိုပဲ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။
ကျနော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ဘ၀ကနေ လွတ်လပ်ရေး ရတဲ့အခါ အင်္ဂလိပ်တွေ ကျင့်သုံးတဲ့ ပါလီမန်
ဒီမိုကရေစီ စနစ်ကို အားသန်ခဲ့ကြပါတယ်။ ရွေးချယ် ခဲ့ကြပါတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ဟာ မဲအများစု ရရှိတဲ့
သူက အုပ်ချုပ်ရေး - Majority Rule ဖြစ်ပါတယ်။ အုပ်ချုပ်ရေး (Administration) နဲ့ ဥပဒေ ပြုရေး Legislation တို့ကို
ခွဲခြားထားခြင်း မရှိပါ။ ပါလီမန်မှာ မဲအရေအတွက် အများစုရတဲ့ ပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့ရပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ် (MP) ဖြစ်မှသာ ၀န်ကြီးအဖွဲ့မှာ ပါခွင့်ရှိပါတယ်။ အမေရိကန် ကွန်စတီကျူးရှင်း
(ဖွဲ့စည်းပုံ ဥပဒေ) လို သမတ က အုပ်ချုပ်ရေး တာဝန်ယူပြီး ကွန်ကရက် (Congress) က ဥပဒေပြုရေး အာဏာ
သပ်သပ်ခွဲထားကာ တဖက်နဲ့ တဖက် Check and Balance အပြန်အလှန် ထိန်းကွပ်ခြင်း မရှိပါ။ ပါလီမန်မှာ
အမတ်ဦးရေ များတဲ့ ပါတီက အစိုးရ ဖွဲ့ခွင့်ရပြီး ဒီပါလီမန် အမတ်တွေကပင် ဥပဒေ ပြုကြပြီး၊ ဒီပါလီမန်
အမတ်တွေကပင် ၀န်ကြီးအဖွဲ့ ဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ် ကြပြန်ပါတယ်။ ဒါကြောင့် ဒီစနစ်မှာ ပါတီဟာ အရေးပါပြီး
ပါတီရဲ့ ဦးဆောင်မှု နေရာကို ရဖို့ အရေးကြီးလာပါတယ်။ ပါတီ အတွင်းမှာလည်း အုပ်စုကလေးတွေ ရှိလို့
ဒီအုပ်စုတွေဟာ ပါတီအတွင်း အားပြိုင်ကြလို့ Power Politics လို့ ခေါ်တဲ့ (အာဏာ နိုင်ငံရေး) နဲ့ အုပ်စု နိုင်ငံရေး
(Fractional Politics) ဟာ အရေး ပါလာပါတယ်။ စစ်ပြီးခေတ် ကတည်းက အုပ်စိုးနေတဲ့ ဂျပန်နိုင်ငံ LDP (Liberal
Democrat Party) မှာ အသာရတဲ့ အုပ်စုဟာ တလှည့်စီ ၀န်ကြီးချုပ် လုပ်နေပါတယ်။ အင်္ဂလိပ်တို့ရဲ့ လေဘာပါတီ
အတွင်းမှာလည်း လက်ဝဲအစွန်း ကြီးစိုးစဉ်က ရွေးကောက်ပွဲ အပြီး ရှုံးပြီးရင်း ရှုံးနေလို့ တိုနီဘလဲရဲ့ အလယ်အလတ်
လမ်းစဉ်သမား Centrists တွေ ဦးဆောင်ကာမှ တဖန် အာဏာ ရလာကြပါတယ်။
ဖဆပလကို စဖွဲ့စဉ်က ကွန်မြူနစ်၊ အရေးတော်ပုံ ပါတီ (နောင်ဆိုရှယ်လစ်) နဲ့ စစ်တပ်ကို အားပြုပြီး ဖွဲ့ခဲ့ကြပေမယ့်
ဗိုလ်ချုပ် အောင်ဆန်းကို အံတု အပုပ်ချ တိုက်ခိုက်ကာ ကွန်မြူနစ် ပါတီက အုပ်စီးလိုတဲ့ အာဏာရူးမှုကြောင့် ဗိုလ်ချုပ်
အောင်ဆန်းက ကွန်မြူနစ်တွေကို ထုတ်ပစ်ခဲ့သဖြင့် ဖဆပလ မှာ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် (PVO) ၊ ရခိုင်အမျိုးသား
အစည်းအရုံး၊ ကရင် ဗဟိုအဖွဲ့ချုပ်၊ အရှေ့တောင်အာရှ လူငယ်များ အစည်းအရုံး စတဲ့ အဖွဲ့ငယ်နဲ့ ဦးနု လို တသီးပုဂ္ဂလ
(Individual) တို့ ပါကြပါတယ်။ (ဦးသန့်ရဲ့ပြည်တော်သာခရီး အပိုင်း ၁ - စာမျက်နှာ ၆၁ နဲ့ တာတေ စနေသား
စာမျက်နှာကို ကြည့်ပါ။)
လွတ်လပ်ရေးရခါစမှာ ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တို့ဟာ ဖဆပလ မှာ အင်အားကြီး အုပ်စု ၂ စု လို့ ဆိုရပါမယ်။
ကွန်မြူနစ်တွေ ၁၉၄၈ မတ်လမှာ တောခိုပြီးနောက် ပြည်သူ့ရဲဘော် တွေလည်း နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူနဲ့ ရဲဘော်ဝါ
ဆိုပြီး ကွဲထွက်သွားပါတယ်။ ရဲဘော်ဖြူတွေ တောခိုတဲ့အခါ ဖဆပလကြီးထဲမှာ အားကောင်းတဲ့ အဖွဲ့အစည်းမှာ
ဆိုရှယ်လစ်တွေသာ ကျန်ခဲ့ပေတော့တယ်။
ဒီနေရာမှာ ခေါင်းဆောင်မှု အပိုင်းနဲ့ အဲဒီတုန်းက ခေါင်းဆောင်မှု အတုယူစရာလေးတွေကို တင်ပြပါရစေ။
ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းတို့ အားလုံးဟာ လက်ဝဲသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့
အာဏာရယူမှုနဲ့ ဖော်ဆောင်မှုမှာ ကွာခြားကြပါတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေက အာဏာရှင်စနစ် -
ကွန်မြူနစ် ဝေါဟာရ အရ ပစ္စည်းမဲ့ အာဏာရှင် စနစ် (Dictatorship of the Proletariat) နဲ့ တိုင်းပြည်ကို အာဏာရှင်
စနစ်နဲ့ မောင်းပြီး လက်ဝဲ (ကွန်မြူနစ်စနစ်) ကို ထူထောင်ပြီး Planned Socialist Economy ဆိုရှယ်လစ် စီးပွားရေး
စနစ်နဲ့ တိုင်းပြည်ကို ထူထောင်ပါမယ်။ ဆိုရှယ်လစ် ဆိုသူတွေက ပြည်သူ ရွေးချယ်ရတဲ့ ဒီမို ကရေစီ၊ ပြည်သူကို
ကိုယ်စားပြုတဲ့ အစိုးရ Representative Government နည်းနဲ့ အာဏာကို ရယူပြီး Mixed Economy လို့ ခေါ်တဲ့
အရေးကြီးတဲ့ စီးပွားရေး အချက်အခြာတွေ (ဘဏ်၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး) တို့ကို အစိုးရက
ကိုင်ဆောင်ထားပြီး လူသုံးကုန် ပစ္စည်း Consumer Goods ထုတ်လုပ်ရေးကို ပုဂ္ဂလိက လက်ထဲ လွှဲထားတဲ့ စနစ်နဲ့
တိုင်းပြည်ကို တည်ထောင်လိုကြပါတယ်။
ဆိုရှယ်လစ်တွေကို အတိအကျ အဓိပ္ပာယ်ဖွင့်ရင် ဒီမိုကရေစီကို ယုံတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) -
ဥရောပကနေ ဂျာမဏီ၊ အင်္ဂလန်တို့ ပုံစံ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ဆဲလ် ဖွဲ့စဉ်က
ပါခဲ့တာကို အကြောင်းပြုပြီး ဗိုလ်ချုပ်ကို ကွန်မြူနစ်အလား တံဆိပ်တပ်၊ အသားယူ၊ ၀ါဒ အကြီးအကျယ် ဖြန့်ခဲ့ကြ၊ ဖြန့်ဆဲ
ဖြစ်ပါတယ်။ အမှန်စင်စစ် လွတ်လွတ်လပ်လပ် တွေးကြည့်ရင် ဗိုလ်ချုပ် ဆောင်ဆန်းဟာ ကွန်မြူနစ် မဖြစ်နိုင်ပါ။
ဗိုလ်ချုပ် အောင်ဆန်းသာ ‘ကွန်မြူနစ်ဟေ့’ လို့ တခွန်းပြောခဲ့ရင် ဗမာပြည်ကြီး တရုတ်ပြည်ထက်ပင် စောပြီး
ရဲရဲနီခဲ့ပါလိမ့်မယ်။
သခင်သန်းထွန်းနဲ့ ဦးကျော်ငြိမ်းတို့ ၀ါဒစွဲကြီးမားလို့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အားပြိုင်နေကြချိန်မှာ ဗိုလ်ချုပ်
အောင်ဆန်း ဟာ ၀ါဒရေးကို ဦးစားမပေးဘဲ အမျိုးသားရေး Nationalism တခုထဲနဲ့ လွတ်လပ်ရေး ရရှိရေးကိုသာ
အဓိကထား တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် အားလုံးကို စုစည်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဦးနုလည်း
ထိုနည်းလည်းကောင်း၊ ၀ါဒရေး မှိုင်းမမိခဲ့တဲ့ အတွက် ဗိုလ်ချုပ်တို့ ကျဆုံးအပြီး ဖဆပလ ခေါင်းဆောင် ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ ပါတီ နိုင်ငံရေး အရ ဆိုရှယ်လစ် ပါတီကို ၀င်ရောက်ခြင်း မရှိကြပေမယ့် သူတို့ ဖော်ဆောင်ခဲ့ရာ လမ်းဟာ
ဆိုရှယ်လစ် စနစ်ကို အားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကိုသာ လျှောက်ခဲ့ကြတဲ့
အတွက် ဆိုင်းဘုတ် မတပ်တဲ့ ဆိုရှယ်ဒီမိုကရက်တွေ ဖြစ်ခဲ့ရတာ ထင်ရှားလှပါတယ်။
ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ တရုတ်ပြည်က မော်စီတုံးလို နိုင်ငံရေးမှာ မရှိမဖြစ်တဲ့ - လူ နဲ့ အာဏာ -
အကြောင်းကို ကောင်းကောင်း သိနိုင်စွမ်းတဲ့ နိုင်ငံရေး သူရဲကောင်း ဖြစ်ပါတယ်။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့
နိုင်ငံရေး အုပ်စုတွေကို စုစည်းနိုင်ရုံ သာမက လူတော်လူကောင်းတွေကို သူ့နေရာနဲ့သူ အသုံးချတတ်တဲ့
ခေါင်းဆောင်ကောင်း ဖြစ်ပါတယ်။ စိတ်ရှည်ရမယ့် နေရာမှာ စိတ်ရှည်ပြီး ပြတ်သားရမယ့် နေရာမှာ
ပြတ်သားလှပါတယ်။
ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ အားပြိုင်နေကြသည်ကို ဘက်လိုက်မှု မရှိဘဲ အပေါ်မှ ဦးဆောင်မှုပေးကာ ကွန်မြူနစ်တွေ
ရန်လိုလွန်း အားကြီးတာကြောင့် ဗိုလ်ချုပ်ကို တိုက်ခိုက် လာတဲ့အခါ ထိပ်ထုကာ ဖဆပလ ကနေ ထုတ်ပစ်ဖို့ ရဲရဲ
ဆုံးဖြတ်ရဲပါတယ်။
သူ့ကိုယ်သူ လျင်လှပြီထင်တဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် အောင်ဆန်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ခြေဖျားတောင် မမှီခဲ့ပါ။
အာဏာ အဆိပ်ငွေ့ တက်နေတဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် တားတဲ့ကြားက အားစမ်းတဲ့ အနေနဲ့ သခင်သိန်းဖေ
(မြင့်) ကို ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာတွင် ဗိုလ်ချုပ်က အဆိုပြုထားတဲ့ ဦးကျော်ငြိမ်းနဲ့
ယှဉ်ရွေးစေပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး) နိုင်ငံရေး အကွက်အရ ပြောရရင် ဗိုလ်ချုပ်ဟာ သူ့ကို
ရင်ဘောင်တန်းလာတဲ့ သခင်သန်းထွန်း ကို သူ့ပြိုင်ဘက် ဦးကျော်ငြိမ်းနဲ့ လှမ်းထောက်ထားတာဟာ အလွန်လှတဲ့
နိုင်ငံရေးအကွက် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းကို ယုံလို့လည်း အခုလို အားကိုးခြင်း ဖြစ်ပါတယ်။
ဦးနုကလည်း ဗိုလ်ချုပ်လိုပဲ ၀ါဒရေးကို ဦးစားမပေးဘဲ ဦးဆောင်မှု ပေးနိုင်တဲ့ အတွက် အများရဲ့ ယုံကြည် လေးစားမှုကို
ခံရကာ ဖဆပလ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရတာပါ။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးပြီးချင်း ကွက်လပ်ဖြည့်ဖို့ ဦနု
ရှိနေခဲ့လို့ တိုင်းပြည် တည်ငြိမ်ခဲ့တာကို မေ့လို့ မရပါ။ နိုင်ငံအနေနဲ့ ကျေးဇူးတင်ရပါမယ်။
ဒီကနေ့ခေတ် ပါတီနိုင်ငံရေး (သို့မဟုတ်) အုပ်စုနိုင်ငံရေးကို နားလည်သူမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ
ဖြစ်ပါတယ်။ နအဖ အတွင်း ကက (ကြည်း) နဲ့ ကက (လှမ်း) တို့ အားပြိုင်မှုအတွင်း ငြိမ်ငြိမ်လေး အပေါ်က
ကြည့်နေကာ လိုအပ်မှ အရေးယူပြီး အပိုင်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှာ ချစ်သူ ခင်သူကို ခွင့်လွှတ်ပြီး၊ မုန်းသူ
ပြိုင်ဘက်ကို အငြိုးနဲ့ ကြည့်လို့ မဖြစ်၊ အရှိကို အရှိအတိုင်း ကြည့်နိုင်စွမ်းအားရှိမှ အမှန်ရောက်အောင်၊ နိုင်ငံရေး
အောင်မြင်မှု ရအောင် ကြံဆောင်နိုင်ပါမယ်။ ဒီကနေ့ နိုင်ငံရေး လောကမှာ (ပြည်ပတွင်) စစ်ဗိုလ်ဆို မျက်စိမှိတ်
ကလော်ဆဲမှ နာမည်ရမယ်။ အရှိကို အရှိအတိုင်း မကြည့်လိုကြပါ။ ဒါကြောင့်လည်း ၀ိုင်းကြီးပတ်ပတ်လည် နိုင်ငံရေးမှ
မတက်သည်က များပါတယ်။
လွတ်လပ်ရေးရပြီးစ ဖဆပလ မှာ ဦးနုနဲ့ ဆိုရှယ်လစ်တွေ ကိစ္စ ပြန်လှည့်ကြရအောင်။
ပြည်သူ့ရဲဘော် (၀ါ) ရဲဘော်ဖြူတွေ တောခိုအပြီး ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ဆိုရှယ်လစ်တွေက
အားသာနေပါတယ်။ ဆိုရှယ်လစ်တွေက ဖဆပလ အတွင်း ကြီးစိုးမှုရှိပေမယ့် ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းမှာ
အရေးပါဆုံး ၃ ဦးဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့ဟာ ၀န်ကြီးချုပ် သခင်နုကို အကိုကြီးသဖွယ်
လေးစားကြပြီး ကိုယ့်ခေါင်းဆောင်အဖြစ်၊ ဖဆပလ ဥက္ကဋ္ဌ အဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ ဦးနုကို ပြိုင်ဆိုင်လိုစိတ်
မရှိကြပါ။ ဦးနုကလည်း ဒီအတိုင်းပဲ သူ့ တာတေ စနေသားတွင် ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဦးကျော်ငြိမ်းနဲ့ မည်မျှ
သံယောဇဉ် ရှိကြကြောင်း ရေးပြသွားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆိုရှယ်လစ် ခေါင်းဆောင်တွေ
တချက်ဟာသွားတာကို ထောက်ပြချင်ပါတယ်။ ဖဆပလ အတွင်းကနေ မိမိတို့ပါတီက ခေါင်းဆောင်မှု နေရာကို
ရယူထားပြီးပြီ။ မိမိတို့ ဥက္ကဋ္ဌ ကိုလည်း ပြိုင်ဆိုင်လိုစိတ် မရှိ။ မိမိတို့ အားသန်ရာ တည်ဆောက်မှုတွေ (ဦးကျော်ငြိမ်း -
စက်မှု၊ သခင်တင် - လယ်သမား၊ ဦးဗဆွေ - အလုပ်သမား) ကိုလည်း ဦးစီးနိုင်ကြပြီ။ ၀န်ကြီးချုပ်ကို
ချော့ပေါင်းနိုင်ရမယ်။ ၀န်ကြီးချုပ်ရဲ့ ခံစားချက်ကို ရိပ်မိနိုင်ရမယ်။ ၀န်ကြီးချုပ် ဦးနုဟာ လူထုကို ဆွဲဆောင်နိုင်တဲ့
နိုင်ငံရေးသမား၊ အတွေးသမား၊ အသေးစိတ်ကို စိတ်ဝင်စားသူမဟုတ်။ ဒီ့အတွက် ဦးနုကို ရှေ့တန်းတင်ပြီး
ကိုယ့်ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရမယ်။ ဦးနုဘက်က ကြည့်ရင်လည်း ဦးဆောင်မှုပေးမယ်၊ ဆိုရှယ်လစ်တွေ
လုပ်ကြလို့ မျက်နှာလွှဲထားနိုင်ပါတယ်။ သူနိုင်၊ ကိုယ်နိုင် (Win/Win situation) အခြေအနေကောင်း၊ ကျွန်းကိုင်းမှီ
ကိုင်းကျွန်းမှီ အခြေအနေ ဖြစ်ပါတယ်။
ဒီခေါင်းဆောင် ၄ ဦး တက်ညီလက်ညီ ရှိစဉ်က အောင်မြင်ခဲ့ကြပါတယ်။ တိုင်းပြည် တိုးတက်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းက
စီးပွားရေးနဲ့ စက်မှုကို ထူထောင်နိုင်ပါတယ်။ သခင်တင်က လယ်ယာ စိုက်ပျိုးရေးကို အရေးစိုက် နိုင်ပါတယ်။
ဦးဗဆွေကြီးက ကာကွယ်ရေး ၀န်ကြီးနဲ့ (TCUB) အလုပ်သမား အဖွဲ့ကို တာဝန်ယူပါတယ်။ ၀န်ကြီးချုပ် ဦးနုက
နိုင်ငံခြားရေးမှာ ထူးခြားစွာ ဆောင်ရွက်နိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယအကြား စေ့စပ်ပေးသူမှာ ဗမာဝန်ကြီးချုပ် ဦးနု
ဖြစ်ပါတယ်။ ကြားနေ တတိယ အင်အားစု ထူထောင်ရာမှာ ဗမာ ပါဝင်ခဲ့တယ် မဟုတ်ပါလား။
ဆိုရှယ်လစ်တွေ သတိလစ်ခဲ့တာ ဘာလဲ။
ဝန်ကြီးချုပ် ဦးနုရဲ့ ခံစားမှုကို သတိမပြုမိခဲ့ကြ၊ အလေးမပေးခဲ့ကြပါ။
ဥပမာ နာမည်ကြီးခဲ့တဲ့ ၁၉၅၆ ခုနှစ်က စာနှစ်စောင်ထဲက ဦးနုရဲ့ ပြန်စာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ (ဦးနု)
လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တယ်။ ဒါကို ပြည်သူ အများစုကို ဦးနုက သိစေချင်တယ်။ ဦးနုဟာ ဘာသာရေး
ကိုင်းရှိုင်းသူ ဖြစ်လို့ အကြမ်းဖက်မှုကို မလိုလား၊ ဒါကြောင့်လည်း ယူဂျီ ဖွဲ့ရာမှာ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းကို
ကူခဲ့လို့ စိတ်အားဖြင့်တော့ ပါခဲ့ပါတယ်။ ဖဆပလ ဖွဲ့ရာမှာလည်း ထိုနည်းတူ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဖဆပလ အတွက်
အရေးကြီးတဲ့ အစည်းအဝေးတွေကို နိုင်ငံခြားရေး ၀န်ကြီး ဦးနု အိမ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒါကို ၀န်ကြီးချုပ်က
အသိအမှတ် ပြုစေချင်ပါတယ်။ ၀န်ကြီးချုပ်လာရင် အရိုအသေပြု မတ်တပ်ရပ်စေချင်တယ်။ ဦးကျော်ငြိမ်း ဦးဆောင်တဲ့
ခေါင်းဆောင်တွေက ၀န်ကြီးချုပ်လို့ မမြင်ကြ။ ကျောင်းသားဘ၀ ကတည်းက ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော် အဖြစ်
မြင်ပါတယ်။
ပြည်တွင်း သတင်းစာ သမားတွေလည်း ၀ိုင်းဝန်း ဘေးတီးပေးကြပါတယ်။ ဦးနုကို ဘ၀ရှင် မင်းတရားကြီးလို့
ပြောင်လှောင် ခေါ်ကြပါတယ်။ နိုင်ငံခြား သတင်းစာတွေကလည်း ကလော်ကြပြန်တယ်။ ၀န်ကြီးချုပ် ဦးနုဟာ
ပြယုဂ်ဖြစ်တယ်၊ တကယ့်အာဏာမှာ ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေ လို့ ၀ိုင်းဝန်း ရေးကြတယ်။
ပိုဆိုးသွားတာက အဲဒီအချိန်မှာ အင်္ဂလိပ် ၀န်ကြီးချုပ် အန်သိုနီအီဒင် (Anthony Eden) က ရန်ကုန်မှာ ခေတ္တနားပြီး
ဦးနုနဲ့ တွေ့ဖို့ သံကြိုး ပို့လိုက်တယ်။ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေကိုပါ ခေါ်ခဲ့ပါလို့ ပါလာတယ်။ ‘ငါဟာ ၀န်ကြီးချုပ် ဖဆပလ
ဥက္ကဋ္ဌ ဖြစ်ပြီး ကျော်ငြိမ်းနဲ့ ဗဆွေကို ဘာကြောင့် ခေါ်ရမှာလဲ’ လို့ ၀န်ကြီးချုပ်က မေးခွန်း ထုတ်ခဲ့တယ်။ တနည်းအားဖြင့်
ခံစားခဲ့ရပါတယ်။ (U Nu of Burma - စာမျက်နှာ ၈၄)
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးကျော်ငြိမ်းတို့ အာဏာရခါစက လူငယ်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ် ဆုံးတော့ ၃၂ နှစ်သာ
ရှိသေးတယ်။ အာဏာနဲ့ ရာထူးအကြောင်း ကောင်းကောင်း မသိသေးလို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်
အောင်ဆန်းဟာ အလွန်လျင်တယ်၊ ဦးနုကို ဒို့ဗမာ အစည်းအရုံးဆီ ခေါ်သွားရာမှာလည်းကောင်း၊ ဖဆပလ ဒုဥက္ကဋ္ဌ
ရာထူးကို အတင်းအကျပ် နေရာပေးခဲ့သူမှာ ဗိုလ်ချုပ်ပင် မဟုတ်ပါလား။ ဗိုလ်ချုပ်ကို အတုယူပြီး ဦနုရဲ့ စိတ်ဓာတ်နဲ့
ခံစားမှုကို ဆိုရှယ်လစ် ခေါင်းဆောင်တွေ သတိပြုသင့်တယ်။ ဒါပေမဲ့ မျှမျှတတ ပြောရရင် အနှစ် ၄၀ ကျော်မှ
စားပွဲပေါ်မှာ ထိုင်သုံးသပ်ရတာ လွယ်ကူလှပါတယ်။ Hindsight is 20/20 လို့ခေါ်တဲ့ ဖြစ်ပြီးမှ သုံးသပ်ရတာ
လွယ်လှပါတယ်။ အာဏာဝဲထဲမှာ လည်ပတ်နေစဉ် သုံးသပ်ရတာ မလွယ်လှ။
အာဏာရဲ့အန္တရာယ်
နိုင်ငံရေးမှာ အနိုင်ရတဲ့ ပါတီဟာ ရာထူးနဲ့ နေရာရကြတဲ့ အတွက် ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်တွေဟာ ပါလာစမြဲပါ။
ခေတ်အဆက်ဆက် အာဏာ ရှိတဲ့လူတွေကို ကပ်ပါးရပ်ပါး လုပ်ဖို့ အခွင့်အရေး သမားနဲ့ Oppotunists တွေဟာ
ရှိစမြဲပါပဲ။ နိုင်ငံရေးသမား ဆိုတာကလည်း စည်းရုံးရေး၊ လူအင်အားနဲ့ လုပ်ငန်းနဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ရတာမို့
လူတွေနဲ့ ကင်းကွာလို့ မရပါ။ ဒီ့အပြင် အလုပ်လုပ်တဲ့အခါမှာ လူယုံတွေကို စေခိုင်းရတာမို့ တပည့်တပမ်းနဲ့လည်း
ကင်းရှင်းလို့ မရပါ။ နိုင်ငံရေးသမား အများစု ရင်ဆိုင်ရတာက ဘယ်သူဟာ အစစ်အမှန် ယုံကြည်ချက်နဲ့ လုပ်တဲ့သူ၊
ဘယ်သူဟာ အခွင့်အရေးသမား ဆိုတာကို ခွဲခြားတတ်ဖို့ပါပဲ။ အစစ်အမှန်နဲ့ အတုအယောင်ကို (အကျ) မှ ခွဲခြားရတာ
လွယ်ပေမယ့် (အတက်) မှာ ခွဲခြားရ အင်မတန် ခက်ပါတယ်။ ကျနော်ငယ်သေးပေမယ့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို
မှတ်မိနေတာ တခုရှိတယ်။ ‘အာစရိရေ - စောလစ် (Solid) ပဲ ဆိုတဲ့ လူတွေရဲ့ မဲဆန္ဒ နယ်မြေဆို ခွက်ခွက်လန်အောင်
ရှုံးတာပဲ’ တဲ့။ ကလေးဆိုတော့ လူကြီးတွေ အလုပ်ရှုပ် နေတာကိုကြည့်ပြီး ဟိုနားထောင်လိုက်၊ ဒီနားထောင်လိုက်နဲ့
ပျော်နေတာပေါ့။
တိုင်းပြည် အုပ်ချုပ်တဲ့ အာဏာမပြောနဲ့ ၅ ယောက်တဖွဲ့နဲ့ ဖွဲ့ထားပြီး ထောက်ခံစာ ရေးပေးနိုင်ရုံ အာဏာ
အပွန်းအပဲ့ကလေး ရတာနဲ့ ဘ၀င်မြင့်နေတဲ့ အဖွဲ့ဝင် လူကြီးတွေ - ဥက� ဌတွေ - ၀န်ကြီးချုပ် ခေါ်မှ နှစ်သက်တဲ့ -
မျက်မှန်နက်ကြီး ၀တ်ပြီး ဆောင့်ကြွားဆောင့်ကြွား ဖြစ်နေတဲ့ နိပွန် မကျတကျ ၀န်ကြီးချုပ်ရဲ့ ကိုယ်ရံတော်
အယောင်ဆောင် ဆရာတပည့်တွေတောင် ၂ ပြားတပဲ အဆောင်အယောင် အာဏာနဲ့ အာဏာရူး နေကြသေးတယ်
မဟုတ်လား။ တကယ် အာဏာရှိခဲ့ရင်တော့ (တေဇ) တို့လို လူတွေက ၀ိုင်းရံထားပြီး ရာစုနှစ်ရဲ့ မင်္ဂလာပွဲ (Marriage of
the Century) မျိုးလို စိန်စီပြီး ကျင်းပနိုင်တာပေါ့။
အာဏာဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။
ကျောင်းသားဘ၀က ဆင်းရဲ ငတ်ပြတ်ခဲ့ကြပြီး ယူဂျီ ဂျပန် တော်လှန်ရေးသမား ဘ၀မှာ အသက်ကို ဖက်ပေါ်တင်ပြီး
တိုင်းပြည် လွတ်လပ်ရေး အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေး သမားတွေဟာ ၀န်ကြီးချုပ် - ဒုဝန်ကြီးချုပ်
ဘ၀မှာ အသိုင်းအ၀ိုင်း၊ အခြွေအရံ၊ တပည့်တပမ်း၊ သက်တော်စောင့် Body Guard ကိုယ်စီနဲ့ ဖြစ်လာကြတော့
ဖော်လန်ဖားမယ့် အခွင့်အရေး သမားတွေ - မြှောက်ပင့် ရန်တိုက်မယ့် တပည့်သားမြေးတွေ - ကလိန်ကကျစ်
နိုင်ငံရေးသမား၊ အယောင်ဆောင်၊ အခွင့်အရေး သမားတွေလည်း ချဉ်းကပ် လာကြတာပေါ့။ အသက်အရွယ် ငယ်ငယ်နဲ့
တိုင်းပြည် ခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင် ရာထူးကြီးတွေနဲ့ အာဏာ ရှိလာကြတော့ မာနတွေ အီဂို (Ego)
တွေ မတက်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။
အာဏာနဲ့ အန္တရာယ်ဆိုးကိုသာ ဒီခေါင်းဆောင် ၂ ဦးဟာ ကြိုသိခဲ့ကြရင် ကြိုပြီး နားလည်မှု ယူထားနိုင်ကြပါရဲ့။
ဦးကျော်ငြိမ်းဟာ တိုင်းပြည် တည်ဆောက်ရေးကိုပဲ အားသန်နေခဲ့တာ၊ ၀န်ကြီးချုပ် ရာထူးရဖို့ နံပါတ် ၁
ခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းချက် မရှိခဲ့ဘူး။ ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း စာအုပ်အတွက် အမှာစာမှာ ဦးနုက
ဝန်ကြီးချုပ်လုပ်ဖို့ အဆိုပြုတာတောင် ငြင်းခဲ့တယ် ဆိုတာကို ဖတ်ရှုနိုင်ပါတယ်။ ဒီ့အပြင် ဦးကျော်ငြိမ်းမှာ အားနည်းချက်
၂ ခု ရှိတယ်။ ဟန်နဲ့ပန်နဲ့ မဟောက်စားတတ်တာရယ်နဲ့ နေရာ မယူချင်တာရယ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းက
နှစ်ယောက်ချင်း ကပ်ဆူခဲ့တာ ၂ ခု ရှိပါတယ်။ ရဲဘော်သုံးကျိပ် လွှတ်စဉ်က သခင်ချစ် ခြေမြန် လက်မြန်နဲ့
နီးစပ်တဲ့လူတွေကို ဇွတ်လွှတ်တာကို မတားတာရယ်၊ ဆိုရှယ်လစ် ပါတီဖွဲ့တော့ အရေးပါတဲ့ နေရာတွေ
မယူတာရယ်ကိုပါ။ ဦးကျော်ငြိမ်းက နောက်ကွယ်က ကြိုးကိုင်တာကိုပဲ ကျေနပ် နေခဲ့တယ်။ ဗိုလ်ချုပ်က ရှေ့ထွက်
ဦးဆောင်စေချင်ပုံ ရတယ်။
ဦးကျော်ငြိမ်းက နောက်ကွယ်က ကြုံးရုန်း လုပ်ချင်တဲ့သူ။ ဦးနုက အသေးစိတ်ကို မခုံမင်။ ရှေ့က လူထု ပါလာအောင်
လူထုရဲ့အကြောကိုသိတဲ့ လူကြည်ညိုချင်စရာ ဥပဓိရုပ်နဲ့ နိုင်ငံရေးသမား လွန်စွာ အတွဲညီလိုက်ကြပါဘိ။
အာဏာမလွှမ်းမိုးခင် ၂ ဦး ကတိပြု နိုင်ခဲ့ကြရင် ဒီအတွဲ မပျက်ဘူးပေါ့။
အာဏာရဲ့တိုက်စားမှုအပြင် ပြည်တွင်းပြည်ပ သတင်းစာ သမားတွေကလည်း ၀င်သမ ကြတဲ့ဒဏ်ကို အလူးအလဲ
ခံကြရပြန်တယ်။ ဒါကြောင့် ဦးနုက တရုတ်ပြည်သွားတော့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းကို ခေါ်မသွားဘူး။ သွားချင်ရင်
ကိုယ့်ဘာသာကိုယ် သွားကြလို့ ဆိုပြန်ပါတယ်။ သတင်းသမား ဆိုတာကတော့ ပွဲဆူအောင် သံပုံးတီးဖို့က အဆင်သင့်ပဲ။
ပွဲကြမ်းလေ သတင်းရေးကောင်းလေ မဟုတ်လား။ ၀န်ကြီးချုပ် ခံစားနေရတာကို ရိပ်မိရင် သတိရှိခဲ့ကြရင် ဆိုရှယ်လစ်
ခေါင်းဆောင်တွေက သတိနဲ့ ချီးမွမ်း ပေးလိုက်ရုံပေါ့။ ဒီနေရာမှာ ဗိုလ်ချုပ်နေ၀င်းက သိပ်တော်တယ်။ ဗိုလ်ချုပ်
အောင်ကြီးက ဆောင့်ကြွားကြွားနဲ့ နိုင်ငံရေး သမားတွေကို အလေးမပြုချင်ဘဲ၊ ဘ၀င်ကိုင်နေချိန်မှာ ဗိုလ်ချုပ် နေ၀င်းက
သတိဆွဲပြီး ဖင်လန်အောင် အလေးပြု ပစ်လိုက်တယ်။ ကဲ လူ့အထာနဲ့ အာဏာအကြောင်း ဘယ်သူကို ပိုသိသလဲဗျို့။
ဦးနုက ဦးနေ၀င်း ဦးစီးပြီး အာဏာသိမ်းမယ်လို့ မထင်မိတာလည်း အပြစ် မပြောနိုင်ပါ။
ဦးကျော်ငြိမ်းဟာ နံပါတ် ၁ ရာထူးကို မက်မော ကြံစည်နေတာ မဟုတ်သလို ဦးနုဟာလည်း ၀န်ကြီးချုပ် ဖြစ်ရမှဆိုပြီး
ယစ်မူးနေတာ မဟုတ်ပါ၊ မကြာခဏ ထွက်ဖို့ချည်း ပြောနေတာပါ။ ဒါပေမဲ့ ဘယ်သူမဆို ကိုယ့် အာဏာမဏ္ဍိုင်ကို
ထိရင်တော့ ကာကွယ်ကြတာပေါ့။
ဒါကြောင့် ၀န်ကြီးချုပ် ရာထူးကို မရည်မှန်းတဲ့ တိုင်းပြည် ထူထောင်ရေးမှာပဲ စိတ်ဝင်စားတဲ့ ဦးကျော်ငြိမ်းနဲ့ လူထုနဲ့
ဖဆပလကြီးကို ဆွဲဆောင်နိုင်တဲ့၊ လူတွေကျအောင် အပြောအဟော ကောင်းတဲ့၊ ခေါင်းဆောင်မှု ပေးနိုင်တဲ့ ဦးနု ဟာ
စည်းမကျော်တမ်း သွေးသောက်ခဲ့ကြရင် ပိုနေမြဲ ကျားနေမြဲ ကိုယ့်အလုပ် ကိုယ် လုပ်နိုင်ကြမှာပေါ့။ ဒီလို
နားမလည်ခဲ့ကြတော့ ဆိုရှယ်လစ် ပါတီရဲ့ အက်ကြောင်းကို နင်းပြီး မာနတွေ၊ တပည့်တပမ်းတွေ ထပ်လိုက်တော့
ဖဆပလ ကွဲရတဲ့အထိ မီးကြီး လောင်တော့တာပေါ့။
တာတေစနေသား အခန်း ၃၁ ၊ စာမျက်နှာ ၂၈၉ ကနေ ၃၀၅ အထိ ဦးနုကိုယ်တိုင် ဖဆပလ ကွဲကြခြင်း ကဏ္ဍနဲ့
ဖြစ်ပျက်စဉ်တွေကို ဖော်ပြခဲ့ပြီး မိမိကိုယ်ကို မိမိ ဝေဖန်သမှု ပြုပြီး ရှင်းပြခဲ့ပါတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်၊
အားသာချက်တွေကိုလည်း ဝေဖန်ဆွေးနွေး သွားပါတယ်။ ဦးကျော်ငြိမ်းဟာ အလုပ်ကို ကြိုးစားတယ်၊ အစွမ်းထက်တယ်၊
စာဖတ်အား ကောင်းတယ် ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဦးကျော်ငြိမ်းကို နိုင်ငံရေး ဗီလိန် လူဆိုးဖြစ်အောင်
အစဉ်ကြံစည် ကြိုးစားနေခဲ့တဲ့ ကွန်မြူနစ်တွေနဲ့ သူတို့ရဲ့ အစွယ်ပွား နိုင်ငံရေး နာနာဘာဝတွေတောင် မငြင်းနိုင်တဲ့
အချက်ပါ။ တိုင်းပြည် ထူထောင်ရေး အတွက် ကြိုးစားရတာက တဖက်၊ စာဖတ် လေ့လာရတာက တဖက်၊ ပါတီ
နိုင်ငံရေး ဆောင်ရွက် ရတာတွေကြောင့် ဦးကျော်ငြိမ်း စာမရေးနိုင်ခဲ့တာ သားတယောက် အနေနဲ့ စိတ်မကောင်း
ဖြစ်မိပါတယ်။ ဦးနုလိုပဲ ဦးကျော်ငြိမ်းဟာ လူသားတယောက်မို့ အပြစ်မလွတ်ခဲ့ပါဘူး။ ဖဆပလ ကွဲပြီး တဖက်နဲ့တဖက်
အသေအကြေ ဆော်ပလော် တီးကြတာတောင် - ရွေးကောက်ပွဲ အပြီးမှာ ၀န်ကြီးချုပ် ဦးနုနဲ့ ဦးကျော်ငြိမ်းဟာ
အခင်အမင်မပျက် သံယောဇဉ် မကင်းနိုင်ကြပါဘူး။
ဖဆပလ ကွဲရခြင်းရဲ့ ဖြစ်ရပ်လေးတွေမှာ အာဏာလေပြင်း တိုက်ခိုက်မှု အကြောင်းလေးတွေကို တင်ပြရင်း အာဏာနဲ့
အန္တရာယ်ကို နောင်လာ ခေါင်းဆောင်တွေအတွက် တင်ပြ ဆွေးနွေးပါရစေ။
ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ်မှာ ပါတီရယ်၊ ၀န်ကြီးအဖွဲ့ရယ်၊ ပါလီမန်ရယ်ဟာ ရောထွေးနေခဲ့ပါတယ်။ ပါတီ
ခေါင်းဆောင်တွေကပဲ အမတ်တွေဖြစ်၊ အမတ်တွေရွေး၊ အမတ်ဖြစ်မှ ၀န်ကြီးဖြစ်တော့ - ပါတီ ခေါင်းဆောင် - အမတ် -
ဝန်ကြီးတွေဟာ ရောနှောနေပါတယ်။ လူတွေ မသိတာက ပါတီဟာ အရေးကြီးတဲ့ အတွက် ပါတီ အီးစီ EC ဟာ
အရေးပါလှပါတယ်။ ပါတီ EC တိုင်း ၀န်ကြီး မဖြစ်ပါ။
ဒါပေမဲ့ ဥပဒေတခု တင်ချင်ရင် ပါတီ EC မှာ အရင် ဆွေးနွေး ကြပါတယ်။ (U Nu of Burma - Page 32) ဒါကြောင့်
ဦးနုဟာ ပါတီနဲ့ ၀န်ကြီး အဖွဲ့ကို ခွဲဖို့ ကြိုးစားတာ မှန်ပါတယ်။ ဒါပေမဲ့ ဖော်ဆောင်ရာမှာ ယုံကြည်မှု လွန်ပြီး ခြေတလှမ်း
စောသွားပါတယ်။ သခင်ကျော်ထွန်းကို ၀န်ကြီးအဖွဲ့က ထွက်၊ ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာယူ၊
ဦးကျော်ငြိမ်းက အထွေထွေ အတွင်းရေးမှူးချုပ် နေရာက ထွက်၊ ဒုဥက္ကဋ္ဌ လုပ် ဆိုပြီး အပိုင်တွက်ပြီး အမိန့်နဲ့
စေခိုင်းလိုက်တော့ နိုင်ငံရေးအရ အထက်ကို ကန်တင်တယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ ဦးကျော်ငြိမ်းရော
သခင်ကျော်ထွန်းရော မကျေနပ်ကြပေမယ့် ၀န်ကြီးချုပ် ဦးနုကို ပြန်မပြောကြပါဘူး။ လက်ခံကြတယ်။ နောက်မှ
ဦးကျော်ငြိမ်း မကျေနပ်တဲ့ အကြောင်း ကြားရတော့ အေးအေးလူလူ မဆွေးနွေးဘဲ မကျေနပ်တာကို စာရေးပြီး
ပို့လိုက်တယ်။ ဒီစာရမှ ဆွေးနွေးမယ်လို့ ဦးနုကိုယ်တိုင် တာတေ စနေသား (စာမျက်နှာ ၂၉၃) မှာ ရေးပြခဲ့ပါတယ်။
ဒါဟာ အာဏာရဲ့ ကြောက်စရာ ကောင်းလှတဲ့ ရလဒ်တွေပါ။ အာဏာကြောင့် ဒေါသတွေ၊ မာနတွေ ၀င်လာကြတာပေါ့။
စာရေး ရှင်းကြတော့ ကိုယ့်ဘက်ကိုယ် ကာကွယ်ကြပြီပေါ့။
ဒီမှာဖြတ်ပြီး လူတွေ သိပ်မသိကြတဲ့ အချက်နဲ့ နောင်လည်း အရေးပါမယ့် အချက်တချက်ကို ဆွေးနွေး ချင်ပါတယ်။
အဲဒါကတော့ ပညာတတ် မာနနဲ့ ပညာတတ် (သို့) တက္ကသိုလ် ကျောင်းသား (သို့) တက္က သိုလ်ဘွဲ့ရ လူတစုနဲ့ ပညာမဲ့
(သို့) ဘွဲ့မရ (သို့) တက္ကသိုလ် ကျောင်းသား မဟုတ်တဲ့ လူစုတို့ရဲ့ ပဋိပက္ခပါပဲ။
ဗမာ့ လွတ်လပ်ရေး သမိုင်းမှာ တက္ကသိုလ် ကျောင်းသား သမဂ္ဂဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့ပါတယ်။
ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) ကိုလှမောင် (ဗိုလ်ဇေယျ)၊ ကိုဗဟိန်း၊
ကိုဗဆွေတို့ အားလုံးဟာ တက္ကသိုလ် သမဂ္ဂကို တည်ဆောက်ခဲ့ကြတဲ့ တက္ကသိုလ် သမဂ္ဂကို မွေးဖွား ပေးလိုက်တဲ့
လူငယ် ခေါင်းဆောင်တွေပါ။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်၊ သခင် ကျော်ထွန်းတို့ဟာ ဒို့ဗမာ အစည်းအရုံးက
မွေးဖွား၊ ကြီးထွားလာတဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေပါ။ ကွန်မြူနစ် ပါတီ၊ ဆိုရှယ်လစ် ပါတီ၊ စစ်တပ် အတွင်းမှာ
တက္ကသိုလ် လူထွက် ပညာတတ် အုပ်စုနဲ့ တက္ကသိုလ် ကျောင်းထွက် မဟုတ်တဲ့ အုပ်စုဟာ အားပြိုင်ခဲ့ကြပါတယ်။
အစည်းအဝေးတွေမှာ ပညာတတ် အုပ်စုက ရွှတ်ရှက်ဒွတ်ဒက်နဲ့ အင်္ဂလိပ်စကားကို ညှပ်ညှပ်သုံးလေ့ ရှိကြပါတယ်။
တဖက်ကကြည့်ရင် (ဆောင့်ကြွားကြွား) နဲ့ ဘ၀င်တွေလို့ မြင်စရာ ရှိကြတယ်။ တဖက်ကလည်း ဒီကောင်တွေ
ဘာနားလည်လို့လည်း ဆိုတဲ့ ပညာတတ်မာနနဲ့ လူတဖက်သားကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်တတ်ကြတယ်။
ဒါကြောင့် ဆိုရှယ်လစ် ပါတီမှာ စက်မှုလက်မှု ထူထောင်ဖို့ (Pro Industralization) အားသန်တဲ့ ပညာတတ်
(Educated) အုပ်စုနဲ့ လယ်ယာ စိုက်ပျိုးရေး ပထမ - ဆိုတဲ့ ပညာမဲ့ (Uneducated) အုပ်စု ဆိုပြီး အက်ကွဲလာပါတယ်။
ပညာတတ် အုပ်စုကို ဦးကျော်ငြိမ်း၊ ဦးဗဆွေက ဦးဆောင်ပြီး တခြားအုပ်စုကိုတော့ သခင်တင်က ဦးဆောင်ပါတယ်။
ဒီလို အက်ကြောင်းတွေ ပေါ်နေချိန်မှာ ဦးကျော်ငြိမ်းရဲ့ တပည့် သမ၀ါယမ ၀န်ကြီး ဦးထွန်းဝင်းနဲ့ သခင်တင်ရဲ့ တပည့်
ဝန်ကြီး သခင်ကျော်ထွန်းတို့ဟာ အာဏာနယ်ပယ် လုရင်း ထိပ်တိုက် တွေ့ကြပါတယ်။ ဒီလို နောက်ခံ သမိုင်းတွေ
ရှိနေတဲ့ အက်ကြောင်းလေးပေါ်မှာ ဖိအားပေးခံရတော့ သံသယစိတ် ၀င်စရာ ဖြစ်လာတော့တာပေါ့။ ဦးကျော်ငြိမ်းဟာ
အဖော်ကောင်းရင် ငရဲတခေါက်လောက် သွားလိုက်မယ် ဆိုတဲ့ လူစားမျိုး။ ကိုယ့်လူပေါ်မှာ သစ္စာရှိတယ်။ ကိုယ့်လူထိရင်
မခံဘူးဆိုတဲ့ စိတ်ရှိတယ်။ နိုင်ငံရေးမှာ ဖြစ်စေ၊ စစ်ရေးမှာ ဖြစ်စေ၊ စိတ်မစောဘဲ ခေါင်းအေးအေးထားကာ
ရှေ့တိုးနောက်ဆုတ် လုပ်တတ်ရပါမယ်။ လုပ်နိုင်ရပါမယ်။ နောက်တချက်ဆုတ်၊ ကျားတကောင်ကျွေး၊ နှစ်ကောင်
သုံးကောင်စား၊ ကင်းယူတတ်ရပါမယ်။ ကျားထိုး ကစားသလိုပေါ့။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်တခုက ကိုယ့်ကျားကို
မကျွေးချင်ဘူး။ မှန်တယ်ထင်ရင် လူမုန်းခံရမှာလည်း မကြောက်ဘူး။ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲတယ်။ သခင် သန်းထွန်းနဲ့
ကွန်မြူနစ်တွေ နာလောက်အောင် ပြောတတ်တယ်။ သခင်သန်းထွန်းက ဒီနေရာမှာ အတုယူလောက်တယ်။
စိတ်နိုင်တယ်၊ အကွက်ကို မပြဘူး။ အချင်းချင်းကြားမှာ သခင်သန်းထွန်းရဲ့ နာမည်က “ကြောင်လက်သဲ”၊ သခင်
သန်းထွန်းထက် စိတ်နိုင်ပြီး ကြောက်စရာ ကောင်းတာက - ကမ္ဘောဒီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင်
လူသတ်ကောင် ပိုလ်ပေါ့ (Pol Pot) ပါပဲ။ အမြဲ ပြုံးနေတယ်။ ဘာလုပ်မယ် ဆိုတာ မသိရဘူး။ ခမာရု(ပ်) Khmer Rogue
တွေ ၁၉၇၅ ဧပြီမှာ အာဏာ ရပြီးတာတောင် သူတို့ရဲ့ ခေါင်းဆောင် ဘယ်သူဆိုတာ မသိရဘူး။ Brother Number One
by David P. Chonler ရဲ့ စာအုပ်ကို ဖတ်ကြည့်ပါ။
ဆိုရှယ်လစ်ပါတီမှာ ပညာတတ်တွေက အသာရပြီး ပညာတတ် မာနနဲ့ မှားခဲ့ကြသလို ကွန်မြူနစ်ပါတီကတော့
ပြောင်းပြန်၊ ပညာတတ်တွေ အနှိမ်ခံဘ၀ ရောက်ခဲ့ကြပါတယ်။ ကွန်မြူနစ်ပါတီ ထောင်စဉ်က ရဲဘော် ဘတင် (ဂိုရှယ်)
ဟာ ထက်မြက်တဲ့ နေရာမှာ သခင်သန်းထွန်းထက် သာတယ်လို့ သခင်နုက သတ်မှတ်ထားခဲ့ ဖူးပါတယ်။
(တာတေစနေသား - စာမျက်နှာ ၁၂၃) ။ ကွန်မြူနစ် ပါတီကို လက်နက်ကိုင် တော်လှန်ဖို့ တွန်းပို့လိုက်တဲ့
ရာဇ၀င်တင်မယ့် - မြန်မာနိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကျွန်ုပ်တို့ လုပ်ငန်းစဉ် On the Present
Political Situation in Burma and Our task ကို ရေးခဲ့တာ ရဲဘော်ဘတင်ပါ။ (တာတေ စနေသား - စာမျက်နှာ ၁၂၅
- Martin Smith : Burma Insurgency and the Politics of Ethnicity Pg 71) ကို ကြည့်ပါ။ ရဲဘော်ဘတင်ဟာ
တောက်လျောက် သခင်သန်းထွန်းကို ရင်ဘောင်တန်း ထိုးစစ်ဆင် ဆန့်ကျင်ခဲ့တဲ့နောက် ဖြုတ်-ထုတ်-သတ်မှာ
ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ Bertil Lintner ရဲ့ Burma in Revolt နဲ့ The Rise and the Fall of CPB မှာ
ပညာတတ်တွေ ဘယ်လို အနှိမ်ခံရတယ် ဆိုတာကို ဖော်ပြထားပါတယ်။ မျှော်လင့်တကြီးနဲ့ ကွန်မြူနစ် ပါတီကို
အားကိုးပြီး တောခိုခဲ့ကြတဲ့ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ က ကွန်မြူနစ် ကျောင်းသားတွေ (ထိပ်) ပေါ်မှာ ‘၀’ အကွက် ခံရတာ
စိတ်မကောင်းစရာပါ။
ပညာတတ်မာန၊ ပညာတတ်ဉာဉ်၊ ပညာတတ်၊ ပညာမဲ့တွေရဲ့ပဋိပက္ခဟာ အခုခေတ်အထိ တွေ့ကြုံ ရတတ်ပါတယ်။
ကျနော်ဟာ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်ပေမယ့် ဥက္ကဋ္ဌကြီးမော် ပြောသွားတဲ့ ပညာတတ်၊ ပညာမဲ့ ပဋိပက္ခမှာ
ပညာတတ်တွေက တာဝန်ယူရမယ် ဆိုတာကိုတော့ သဘောကျပါတယ်။ ဒေါက်တာ ဇာနည်တို့ တံလျှပ်ကို ရေထင်
မိတာတွေဟာ ပညာတတ် မာနတွေပါပဲ။ တကယ့် လက်တွေ့မှာလည်း အကြောင်းတိုက်ဆိုင်ရင် ပညာတတ်မာနတွေ
တက်တတ်ပါတယ်။ စာရေးသူ ကျနော်လည်း အပြစ်မကင်းပါဘူး။ သတိရှိတာတောင် တခါတရံ ပညာတတ်မာန ၀င်ပြီး
လူတဖက်သားကို အထင်သေးတဲ့ မျက်စိနဲ့ ကြည့်မိတာတွေ ရှိပါတယ်။ သတိထားနိုင်မှ တော်ရုံကျပါမယ်။
ကျနော့်အတွေ့အကြုံကို ကိုးကား ရှင်းပြပါရစေ။
ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ကိုလိုနီစနစ် ဆိုးကြီး ပျက်သုန်းချိန်မှာ ကွန်မြူနစ် စနစ်ဟာ ‘အဆီနဲ့ဝင်းဝင်း ဤငါးကြင်း’
ဆိုသလို လူတိုင်းနှစ်ကြိုက်ခဲ့တာ အမှန်ပါ။ ကွန်မြူနစ် စနစ်ကို တကယ် ကျင့်သုံးကြည့်မှ အထက်လန် အောက်လျှော
ဝမ်းနာကုန်ပြီး ဒီကနေ့ Globalization နဲ့ ဒီမိုကရေစီ ခေတ်မှာ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဆိုတဲ့ - ကွန်မြူနစ်
အတွေးအခေါ်ဆိုတာ - စစ်အာဏာရှင် စနစ်အပါအ၀င် တခြား စစ်အာဏာရှင် စနစ်တွေနဲ့အတူ ကျဆုံးသွားခဲ့ပါပြီ။
ဒါပေမဲ့ ကိုထွန်းအောင်ကျော် စီစဉ်တဲ့ ဆွေးနွေးပွဲကို ဗန်းပြပြီး အမေရိကားမှာ ခုံဆင်းခဲ့တဲ့၊ အင်တာနက်မှာ ကပေါက်တိ
ကပေါက်ချာ အင်္ဂလိပ်နဲ့ ဟိုလူ့ဆော် ဒီလူ့ဆော် လုပ်တတ်တဲ့ ရောင်စုံ နိုင်ငံရေးလို့ ပြောရမယ့် လူရွယ်တဦးက
ဦးကျော်ငြိမ်းကို အားအားနေ တိုက်ခိုက်တာ မြင်ရတော့ ကျနော် ပြန်သုံးသပ် ကြည့်မိပါတယ်။ ဒီလူရွယ်ဟာ အင်္ဂလိပ်လို
(Wannabe) - ဗမာလိုတော့ (ဖြစ်ချင်သူလို့ အဓိပ္ပာယ် ထွက်ပါတယ်။ (၁) Intellect လို့ ခေါ်တဲ့ ပညာတတ် ဖြစ်ကြောင်း
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win
U.kyaw.nyein.vs.u.nu.and.general.ne.win

Mais conteúdo relacionado

Mais procurados

National Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma FederationNational Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma Federation
Upanlay
 
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်းဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်း
ဆရာ ဟိန်းတင့်ဇော်
 
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
Burma Democratic Concern (BDC)
 

Mais procurados (20)

MYN Newsletter Vol. 1 No. 4
MYN Newsletter Vol. 1 No. 4MYN Newsletter Vol. 1 No. 4
MYN Newsletter Vol. 1 No. 4
 
Getting the Story Right and Being Fair -- Translated into Burmese
Getting the Story Right and Being Fair -- Translated into BurmeseGetting the Story Right and Being Fair -- Translated into Burmese
Getting the Story Right and Being Fair -- Translated into Burmese
 
Zng.articles.jul.2014
Zng.articles.jul.2014Zng.articles.jul.2014
Zng.articles.jul.2014
 
Flyer to Myanmar 1
Flyer to Myanmar 1Flyer to Myanmar 1
Flyer to Myanmar 1
 
Land consultation ppp may 2018 (myanmar)
Land consultation ppp may 2018 (myanmar)Land consultation ppp may 2018 (myanmar)
Land consultation ppp may 2018 (myanmar)
 
Rev.u khaw win
Rev.u khaw winRev.u khaw win
Rev.u khaw win
 
Top 11 Places to Find Story Ideas - Translated into Burmese
Top 11 Places to Find Story Ideas - Translated into BurmeseTop 11 Places to Find Story Ideas - Translated into Burmese
Top 11 Places to Find Story Ideas - Translated into Burmese
 
Gulen as educator in Burmese
Gulen as educator in BurmeseGulen as educator in Burmese
Gulen as educator in Burmese
 
VOB789KK
VOB789KKVOB789KK
VOB789KK
 
Jokowi indonesia
Jokowi indonesiaJokowi indonesia
Jokowi indonesia
 
What Is News? - Translated into Burmese
What Is News? - Translated into BurmeseWhat Is News? - Translated into Burmese
What Is News? - Translated into Burmese
 
National Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma FederationNational Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma Federation
 
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်းဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဆ်ဆန် စကားဝိုင်း
 
Sunnet part 2 (in Burmese)
Sunnet part 2 (in Burmese)Sunnet part 2 (in Burmese)
Sunnet part 2 (in Burmese)
 
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
 
FDB e bulletin 8-2010
FDB e bulletin 8-2010FDB e bulletin 8-2010
FDB e bulletin 8-2010
 
Bobokyawnyein.constitution
Bobokyawnyein.constitutionBobokyawnyein.constitution
Bobokyawnyein.constitution
 
Sunnet part 1 (in Burmese)
Sunnet part 1 (in Burmese)Sunnet part 1 (in Burmese)
Sunnet part 1 (in Burmese)
 
U nu-s-solution-of-religion-riots
U nu-s-solution-of-religion-riotsU nu-s-solution-of-religion-riots
U nu-s-solution-of-religion-riots
 
A patient's guide to orthodontic treatment (revised5) nov5 2021
A patient's guide to orthodontic treatment (revised5) nov5 2021A patient's guide to orthodontic treatment (revised5) nov5 2021
A patient's guide to orthodontic treatment (revised5) nov5 2021
 

Mais de Zaw Aung

David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articles
Zaw Aung
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
Zaw Aung
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
Zaw Aung
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
Zaw Aung
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
Zaw Aung
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)
Zaw Aung
 

Mais de Zaw Aung (20)

Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcs
 
Islam.expending.2014.rev3
Islam.expending.2014.rev3Islam.expending.2014.rev3
Islam.expending.2014.rev3
 
Tithe.secular.and.god.principle
Tithe.secular.and.god.principleTithe.secular.and.god.principle
Tithe.secular.and.god.principle
 
David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articles
 
Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingoo
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.ppp
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook update
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmese
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.government
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kw
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)
 

U.kyaw.nyein.vs.u.nu.and.general.ne.win

  • 1. ဦးကျော်ငြိမ်းနဲ့ ၀န်ကြီးချုပ် ဦးနု ဆောင်းပါး ဘိုဘိုကျော်ငြိမ်း U Kay Nyaing - U Nu ၀န်ကြီးချုပ် ဦးနု အကြောင်းရေးရင် ဦးကျော်ငြိမ်းကို ချန်ခဲ့လို့ မရသလို၊ ဦးကျော်ငြိမ်း အကြောင်း ရေးရင်လည်း ၀န်ကြီးချုပ် ဦးနု မပါလို့ မရပါ။ ၁၉၃၆ ခု ကျောင်းသား သပိတ်မှာ အတူ ခေါင်းဆောင်ခဲ့ကြတဲ့ ဒီခေါင်းဆောင် နှစ်ဦးဟာ တက္ကသိုလ် ဘုန်းနိုင် ရေးခဲ့တဲ့ နှစ်လွှာပေါင်းမှ တရွက် ဖြစ်ရတဲ့ ဆွယ်တော်ရွက်လို တိုင်းပြည် လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ကြစဉ်က လည်းကောင်း၊ ပြည်တွင်း သူပုန်တွေ သောင်းကျန်းခဲ့တဲ့ ပြည်တွင်းစစ် ကာလ ကလည်းကောင်း၊ လွတ်လပ်ရေးရပြီး တိုင်းပြည် ထူထောင်စဉ်က လည်းကောင်း၊ ကျောချင်းကပ် တိုက်ပွဲ အပွဲပွဲကို အတူတူ ဆင်နွဲခဲ့ကြ ရပါတယ်။ ညီအကို အရင်းအခြာပမာ ချစ်ခင်အားကိုး ယုံကြည်ခဲ့ကြရတဲ့ ခေါင်းဆောင် နှစ်ဦးဟာ မထင်မှတ်ဘဲ ကွဲခဲ့ကြရပြီး လူအများကဖြင့် ဖဆပလ နှစ်ခြမ်းကွဲပြီး သန့်ရှင်း-တည်မြဲ-နုတင်-ဆွေငြိမ်း အဖြစ်သာ သတိရကြသည်။ ၆၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှ သေသည့်တိုင် တဦးကို တဦး ဆက်လက် ခင်မင် အားကိုးကြတာကို မသိကြတော့ပါ။ ၁၉၃၆ ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့ကြတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေမြင့်၊ ကိုရာရှစ်တို့ဟာ စိတ်ညီလက်ညီ ရှိကြရုံမက တိုင်းပြည် လွတ်လပ်ရေးမှာ အဓိက အခန်းမှ ပါဝင်ခဲ့တဲ့ တက္ကသိုလ် သမဂ္ဂ ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်းသား သမဂ္ဂကို ပျိုးထောင်ပေးခဲ့တဲ့ လူငယ် ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အရည်အချင်း တမျိုးစီ၊ ကိုယ်စီ ရှိကြရုံမက Division of Labour လို့ခေါ်ရမယ့် တာဝန် ခွဲဝေ ယူကြရုံမက အပြိုင်အဆိုင် မရှိ၊ ယုံယုံကြည်ကြည် ညီညီညွတ်ညွတ် လုပ်ဆောင် နိုင်ခဲ့ကြလို့ ကျောင်းသား ခေါင်းဆောင်ဘ၀မှ တိုင်းပြည် ခေါင်းဆောင်၊ ထိုမှတဆင့် တိုင်းပြည် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။ အမျိုးသား ခေါင်းဆောင်၊ တိုင်းပြည် ၀န်ကြီးချုပ်၊ ဒုဝန်ကြီးများ အဖြစ် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့ကြသည် မဟုတ်ပါလား။ ဒီနေရာမှာ ညီညွတ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ခေတ်လူငယ်တွေ အားကျ သင်ခန်းစာ ယူစရာ တချို့ကို တင်ပြပါရစေ။ အဲဒီတုန်းက ခေါင်းဆောင်မှု နေရာကို ရယူထားတဲ့ ခေါင်းဆောင်တွေဟာ သူ့ကျွန်မခံလိုစိတ် အပြည့်ရှိရုံမက နေရာ ရရှိနေရေးကို ဦးစားမပေး၊ နံမည် ရရှိရေးကို ဦးစားမပေး၊ ဘုံကျောင်းသား အခွင့်အရေး တိုက်ပွဲ
  • 2. အနိုင်တိုက်ရေး၊ ကိုလိုနီ ပညာရေး စံနစ်ကို တိုက်ဖျက်ရေးကိုသာ ဦးစားပေး ခဲ့ကြပါတယ်။ ဒီတုန်းက ကျောင်းသားခေါင်းဆောင်တွေ တစိတ်ထဲ၊ တသံထဲ ရှိကြပြီး အလွန် သွေးညီခဲ့ကြတယ်လို့ ဗိုလ်ချုပ် အောင်ဆန်းက မိန့်ကြားခဲ့ကြောင်း ရစ်ချတ် ဖတ်ဝဲလ် (Richard Butwell) က သူရေးတဲ့ ဗမာပြည်၏ ဦးနု (U Nu of Burma - စာမျက်နှာ ၁၈) တွင် ဖော်ပြခဲ့ပါတယ်။ အောင်မြင် ကျော်ကြားခဲ့ကြတဲ့ ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ တချို့က အသေးစိတ်ကို နိုင်ပါတယ်။ ပေါ်လစီ ချမှတ်ရာမှာ လည်းကောင်း၊ ဖော်ဆောင်ရာမှာ လည်းကောင်း စွမ်းဆောင် နိုင်ပါတယ်။ တချို့က အသေးစိတ်ကို ဂရုမပြုနိုင်။ ဒါပေမဲ့ ပေ ၃ သောင်း အထက်ကနေ ကြည့်နိုင်စွမ်း ရှိပြီး ဘယ်သူ့ကို အားကိုးရမယ် ဆိုတာကို သိနိုင်စွမ်းအား ရှိပါတယ်။ တချို့က ပြည်သူယုံအောင် ပြောနိုင်စွမ်း ရှိပါတယ်။ တချို့က အပြောမတတ်၊ အလုပ်ဖြင့် ထုတ်ဖော်နိုင်စွမ်း ရှိကြပါတယ်။ ဘက်ပေါင်းစုံ ပြည့်စုံတဲ့ ခေါင်းဆောင်ဟာ ရှားမှ ရှားတယ်လို့ ဆိုနိုင်ပါတယ်။ ခေတ်သစ် လွတ်လပ်ရေး ခေတ်မှာ ခေါင်းဆောင်တွေဟာ ပေါ်လစီ ချရာတွင် လည်းကောင်း၊ ကိုယ့်ရဲ့ ပေါ်လစီ အောင်မြင်အောင် ဗျူဟာ (Strategy) ဆွဲရာမှာ လည်းကောင်း၊ ဗျူဟာကို ဖော်ဆောင်ရာမှာ လည်းကောင်း၊ မိမိတို့ ရွေးရာလမ်းကို အများပြည်သူတွေ ယုံကြည်အားထား ထောက်ခံလာအောင် ဦးဆောင်ရာမှာ လည်းကောင်း၊ အဖက်ဖက်က ပြည့်စုံပြီး အားနည်းချက် မရှိတဲ့ ခေါင်းဆောင်ဟာ ဗိုလ်ချုပ် အောင်ဆန်း တဦးထဲပဲ ရှိပါတယ်။ (ကျနော့် အမြင်အရ) ဥပမာ - အမေရိကန် သမ္မတ ရော်နယ်ရေဂင်ကို ကြည့်ပါ။ အတိုက်အခံတွေက မင်းသား လူပေါကြီးလို့ ပြောင်လှောင်ကြပါတယ်။ တခါတရံ အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ အိပ်ငိုက် တတ်ပါတယ်။ အသေးစိတ်ကို မနိုင်ပါ၊ စိတ်မ၀င်စားပါ။ ဒါပေမဲ့ တိုင်းပြည်ကို ဘယ်လို ဦးဆောင်ရမယ်ကို သိပါတယ်။ ပြည်သူတွေ ယုံကြည် လိုက်ပါလာအောင် ပြောနိုင်စွမ်း ရှိပါတယ်။ ၁၉၈၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေကတောင် မဲပေးကြလို့ ရေဂင် ဒီမိုကရက် (Reagan Democrats) ဆိုတဲ့ အသုံးအနှုံးတွေ ပေါ်ခဲ့ဖူးပါတယ်။ ကိုယ့်ယုံကြည်ချက် အပေါ် ရဲရဲရပ်ပြီး ရိုးရိုးကလေး ပြောကာ ဦးဆောင် နိုင်ခဲ့တာကြောင့် ခေတ်သစ် အမေရိကန် သမတတွေထဲမှာ ရီပတ်ပလီကင် ဘက်မှာ အအောင်မြင်ဆုံး၊ လူချစ်လူခင် အများဆုံးအဖြစ် သတ်မှတ် ခံရပါတယ်။ သမတ ကလင်တင် (Clinton) ဟာ ပြောင်းပြန်။ ပေါ်လစီနဲ့ ပတ်သက်လာရင် အသေးစိတ်ကို သိလိုပါတယ်။ ညလုံးပေါက် ဆွေးနွေးဖို့ ၀န်မလေးပါ။ သူကလည်း ဒီမိုကရက် ဘက်ကနေ ဒီနေ့အထိ လူချစ်လူခင် ပေါတဲ့ သမတ ဖြစ်ပါတယ်။ (ပုဂ္ဂိုလ်ရေး မပါခဲ့ရင်)။ ဒီလူတွေဟာ အင်္ဂလိပ်လို ခယ်ရစ်စမာ (Charisma) လို့ ခေါ်တဲ့ လူထုကို ဆွဲဆောင်မှု စွမ်းအား ရှိကြပါတယ်။ ၀န်ကြီးချုပ် ဦးနုမှာလည်း ဒီလို စွမ်းဆောင်အား ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်မှာလည်း သူ့အဖေလိုပဲ လူထုကို ဆွဲဆောင်နိုင်တဲ့ Charisma အပြည့် ရှိပါတယ်။ တချိန်က တရုတ်ပြည်ကြီးမှာ တိန်ရှောက်ဖိန် Deng Xiaoping ကို ကယ်ခဲ့တာ ၀န်ကြီးချုပ် ချူအင်လိုင်းလို့ ယူဆမိခဲ့တယ်။ တိန်ရှောက်ဖိန်ရဲ့ သမီးရေးတဲ့ စာအုပ် နှစ်အုပ်ကို ဖတ်ရမှ တိန်ရှောက်ဖိန်ကို ပြန်ဆွဲတင်လာတာ ဥက္ကဋ္ဌ မော်စီတုံး ဆိုတာ သိရတော့တယ်။ တရုတ် ကွန်မြူနစ်ပါတီ အတွင်းရှိ ပါတီ ယန္တရားမှာ လျူရှောက်ချီတို့က အသာစီး ရလာတော့ အတွင်းစည်းကို အပြင်စည်းက လူငယ်တွေနဲ့ ရိုက်ချိုးပြီး မော်စီတုံးက အာဏာ ပြန်လုခဲ့တာကို လူကြားကောင်းအောင် ယဉ်ကျေးမှု တော်လှန်ရေးလို့ အမည်တပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအာဏာလုပွဲကြောင့် တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်မယ်ဆိုတာကို မော်က ကောင်းကောင်း သိခဲ့ပါတယ်။ ဒါကြောင့် တိန်ရှောက်ဖိန်ကို ကွန်မြူနစ် ပါတီက မထုတ်ဘဲ စက်ရုံ တခုထဲမှာ အလုပ်ပေးကာ ဒဏ်ပေးထားပြီး အာဏာလုပွဲမှာ အပေါ်စီးရမှ တိုင်းပြည်
  • 3. အုပ်ချုပ်ဖို့ တိန်ရှောက်ဖိန်ကို ပြန်လည် ဆွဲထုတ်ခဲ့တာပါ။ မော်စီတုံးဟာ ပညာထက်မြက်တဲ့ Intellect လို့ခေါ်ရမယ့် ပညာတတ် လူမျိုး မဟုတ်ပါ။ ဒါပေမဲ့ မော်စီတုံးဟာ တရုတ် ရာဇ၀င်နဲ့ တရုတ်လူမျိုးတွေ အကြောင်းကို ကောင်းစွာ နားလည်ပြီး အာဏာအကြောင်း ကောင်းကောင်း နားလည်သူ ဖြစ်ပါတယ်။ တိန်ရှောက်ဖိန်ဟာ အင်မတန် ဉာဏ်ထက်မြက်တဲ့ အုပ်ချုပ်မှု (Management) ကိုနိုင်တဲ့ ပညာတတ် လူတန်းစား ဖြစ်ပါတယ်။ မော်စီတုံး ကိုယ်နှိုက်က တိန်ရှောက်ဖိန်ကို မဲဇာကနေ ပြန်ခေါ်ပြီး ဒုဝန်ကြီးချုပ် အဖြစ် ပြန်လည် ပွဲထုတ်တဲ့ ဧည့်ခံပွဲ တခုမှာ - “ကြည့်ထားကြ၊ အဲဒီ ခေါင်းတခုလုံး ဉာဏ်ချည်းပဲ” လို့ ပြောခဲ့ရတယ် မဟုတ်ပါလား။ မော်စီတုံးဟာ ပါတီ ဥက္ကဋ္ဌ ရာထူးသာ ယူထားပြီး အုပ်ချုပ်မှု Governance - အသေးစိတ်ကို ဂရုမစိုက်နိုင်ပါ။ အုပ်ချုပ်မှုကို ချူအင်လိုင်း၊ တိန်ရှောက်ဖိန်တို့နဲ့ လွှဲထားပြီး အာဏာကိုသာ ဂရုစိုက်ခဲ့ပါတယ်။ မော်စီတုံးက ဦးဆောင်မှုနဲ့ လမ်းညွှန်မှုကိုသာ အရေးပေးပြီး တိုင်းပြည် အုပ်ချုပ်ရေးကို လူတော်တွေနဲ့ လွှဲနိုင်ခဲ့တယ် မဟုတ်ပါလား။ လူတော် တိန်ရှောက်ဖိန်ကို အားကိုးခဲ့ပြီး ဒီကနေ့ တရုတ်ပြည်ကြီးဟာ ကမ္ဘာ့ ထိပ်သီးနိုင်ငံ ဖြစ်နေရပေပြီ။ ဦးနှောက်နဲတဲ့ ချန်ချင်းတို့သာ အာဏာရခဲ့ရင် တရုတ်ပြည်ကြီး မွဲတေ ပျက်စီးရမှာ မလွဲပါ။ ဦးနုကလည်း အသေးစိတ်ကို စိတ်ဝင်စားတဲ့၊ ဉာဏ်ပညာ ထက်မြက်တဲ့ အတွေးအား Intellectually အားကောင်းတဲ့ ခေါင်းဆောင် မဟုတ်ပါ။ ဒါပေမဲ့ ဦးနုဟာ လူထုယုံအောင် ပြောနိုင်တဲ့ ဆွဲဆောင်အား Charisma အားကောင်းတဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌ မော် လိုပဲ ထိပ်ကနေ ဦးဆောင်နိုင်တဲ့ ပထမ ခေါင်းဆောင် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ ဦးနုလိုပဲ ပြည်သူ ယုံကြည်လာအောင် ဦးနုလောက် ဆွဲအား မကောင်းပေမယ့် စာဖတ်အား ကောင်းပြီး ဉာဏ်ထက်မြက်ကာ ဖော်ထုတ်နိုင်အား ကောင်းပါတယ်။ ဒါ့ကြောင့်လည်း ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် ကတည်းက ဦးနုဟာ ဦးကျော်ငြိမ်းကို လက်ရုံးအဖြစ် အားကိုး ခဲ့ရတာပါ။ ဦးကျော်ငြိမ်းကလည်း အသက် ၈ နှစ်ကြီးတဲ့ ဦးနုကို အကိုကြီးသဖွယ် အားထား လေးစားခဲ့ပါတယ်။ ဒါကြောင့်လည်း အောင်မြင် ခဲ့ကြပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာ ဗိုလ်ချုပ် အောင်ဆန်းကို ခေါင်းဆောင်တင်ပြီး လွတ်လပ်ရေးကို အရယူနိုင် ခဲ့ကြပါတယ်။ ဖဆပလကို ဦးဆောင် နိုင်ခဲ့ပါတယ်။ တိုင်းပြည် ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ် မဟုတ်ပါလား။ မော်နဲ့ ချူအင်လိုင်း၊ တိန်ရှောက်ဖိန်တို့လို အတွဲညီခဲ့ ကြပါတယ်။ ဦးနုမှာ သတိပြုအပ်တဲ့ အရည်အချင်းနဲ့ သတ္တိ ၃ မျိုးရှိပါတယ်။ ကိုယ် မသိရင်၊ မတတ်ရင် ဟန်ဆောင်ပြီး လူတတ်ကြီး မလုပ်ဘဲ ၀န်ခံရဲတဲ့ သတ္တိ။ ၁၉၃၆ ခုနှစ် ကျောင်းသား သပိတ်ဟာ သမဂ္ဂ ခေါင်းဆောင် ကိုနုနဲ့ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ပစ်ရာကနေ စခဲ့ပါတယ်။ ကိုနုဟာ တရားဟော ကောင်းတယ်။ ကျောင်းသားထု စိတ်ပါလာအောင် မိမိတို့ကို ထောက်ခံလာအောင် စွမ်းဆောင်နိုင်တယ်။ ဒါပေမဲ့ အသေးစိတ်ကို စိတ်မ၀င်စားပေ။ ဒီအတွက်ကြောင့် စေ့စပ် ဆွေးနွေးမှုတွေနဲ့ နေ့စဉ် လုပ်ငန်း ခေါင်းဆောင်မှုတွေဟာ အောင်ဆန်း၊ ကျော်ငြိမ်းနဲ့ ကျနော့်အပေါ် ကျရောက် ခဲ့ပါတယ်လို့ ဦးရာရှစ်က ပြောခဲ့ပါတယ်။ (U Nu of Burma စာမျက်နှာ ၂၅) တနေ့မှာ ကိုနုနဲ့ ကိုရာရှစ်ဟာ ဟင်္သာတမှာ ကျောင်းသားသပိတ် အကြောင်း လှည့်လည် တရားဟော ဆွေးနွေး
  • 4. နေကြစဉ် ကိုရာရှစ်က မောမောနဲ့ အိပ်ရာဝင်ခဲ့ရာမှာ ပရိသတ်ကို ကိုနု တယောက်ထဲနဲ့ လွှဲခဲ့ပါတယ်။ ကိုနုက တက္ကသိုလ် ကောလိပ် လုပ်ထုံးကို တိုက်ခိုက် ပြောဆိုရာ လူတယောက်က အဲဒီလို လုပ်ထုံးမှာ ဘာများ မှားနေပါသလဲလို့ မေးရာ ကိုနု မဖြေနိုင်ပါ။ နောက်ဆုံး ‘ကျုပ်မသိဘူး အားလုံးသိတဲ့ ကိုရာရှစ်ကို မေးပေးမယ်’ လို့ ဖြေလိုက်ပါတယ်။ ကိုရာရှစ်က ကိုနုရဲ့ ပွင့်လင်းမှုကို အံ့အား သင့်နေရာ ကိုနုက ‘ဒို့ အမှန်အတိုင်း၊ သစ္စာရှိရမယ်’ လို့ ဖြေလိုက်ပါသည်။ (U Nu of Burma စာမျက်နှာ ၂၄) ။ ဒါကို ကျနော်တို့အားလုံး နမူနာ ယူသင့်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီကနေ့ ခေါင်းဆောင် အများအပြားဟာ ‘မသိရင် မသိဘူး’ လို့ ၀န်မခံလိုကြ၊ သိသယောင် ‘ယောတောရှိ’ လုပ်လိုက်သူက များပါတယ်။ ကိုယ် ယုံကြည်ရင် လုပ်ရဲတဲ့ သတ္တိ ဂျပန်တော်လှန်ရေး စခါနီး ဂျပန်တွေက ဗမာတွေကို မျက်စိဒေါက်ထောက် ကြည့်နေချိန်မှာ ဆိုရှယ်လစ် ဦးဗဆွေကြီးကို ဂျပန် ကင်ပေတိုင်တွေက ဖမ်းသွားပါတယ်။ ဦးနုရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ဒုဝန်ကြီး လုပ်နေတဲ့ ဦးကျော်ငြိမ်းကိုလည်း ကင်ပေတိုင်က လာဖမ်းရာ နောက်ဖေးကနေ ထွက်ပြေးလို့သာ လွတ်ခဲ့ပါတယ်။ သူတို့ အားကိုးရာ သခင်မြကို ဦးဗဆွေကြီး လွတ်မြောက်ရေး အတွက် ဦးကျော်ငြိမ်းက အပူကပ်ပါတယ်။ သခင်မြက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလို့ ဦးနုကို အပူကပ်တဲ့အခါ ချက်ခြင်းပဲ ဒေါက်တာဗမော်ကို သွားတွေ့ပါတယ်။ ဂျပန်တွေကို ပြောပေးဖို့ တောင်းဆို ပါတော့တယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့ မှတ်တမ်းမှာ ဦးနုရဲ့ လုပ်ရဲတဲ့ သတ္တိကို မှတ်တမ်းတင်ခဲ့ပါတယ်။ ရန်ကုန် အစိုးရ အဖြစ် ရန်သူတွေ ၀ိုင်းဝိုင်း လည်နေချိန်မှာ ဗိုလ်ချုပ်နေ၀င်း ကိုယ်တိုင်က (‘ကိုကျော်ငြိမ်း ... ကျနော် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်’) လို့ တွေဝေနေချိန်မှာ ၀န်ကြီးချုပ်ဦးနုက ‘အလံမလှဲကြေးဟေ့’ ဆိုတဲ့ စိတ်ဓာတ်နဲ့ သတ္တိရှိရှိ ရင်ဆိုင်ရဲတာကို မေ့မရပါ။ အမှားကို ၀န်ခံရဲတဲ့ သတ္တိ ဦးနုကိုယ်တိုင် ရေးသားခဲ့တဲ့ ‘တာတေ စနေသား’ ကို ဖတ်ကြည့်ပါ။ ၀န်ကြီးချုပ် ဦးနုဟာ သူ့ရဲ့ အားနည်းချက်၊ ပျော့ညံ့ချက်တွေကို ရဲရဲကြီး တင်ပြ ဆွေးနွေး သွားပါတယ်။ ဦးနှောက်ထက် နှလုံးသား ပိုကြီးတဲ့ လူတွေရဲ့ အမှား ဆိုပြီး မကြာခဏ ၀န်ခံသွားပါတယ်။ ဖဆပလ မကွဲဖို့ ဖြစ်နိုင်ချေတွေကို ဖြစ်စဉ်တွေနဲ့ နှိုင်းပြီး ရှင်းပြသွားပါတယ်။ (တာတေစနေသား - စာမျက်နှာ ၂၉၁-၃၀၀)။ ဥပမာ နိုင်ငံကျော်ခဲ့တဲ့ စာ နှစ်စောင် - ဦးနုနဲ့ ဦးကျော်ငြိမ်း အပြန်အလှန်ပေးစာ - ကို လူသိရှင်ကြား ဖြစ်စေမယ့် အစား၊ လူချင်းတွေ့ပြီး စာကိုပြန်ပေးခဲ့ရင် ဖဆပလ နှစ်ခြမ်းကွဲရာအထိ မဖြစ်နိုင်ဘူးလို့ ရဲရဲ ၀န်ခံသွားပါတယ်။ (တာတေစနေသား - စာမျက်နှာ ၂၉၅) လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလို နှစ်ဖက်စလုံး မှားခဲ့ကြတဲ့အတွက် ဖဆပလ နှစ်ခြမ်းကွဲခဲ့တာပါ။ ခေါင်းဆောင် ပီသစွာ အမှားကို ၀န်ခံရဲတဲ့ ဦးနုရဲ့ သတ္တိကိုတော့ အသိအမှတ် ပြုရမှာပါ။ နှစ်ဦးစလုံး မှားမှန်းသိလို့ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာ ဦးနုဟာ ဦးကျော်ငြိမ်းဆီကို မကြာခဏ လာရောက်ဆွေးနွေး၊ အကြံဉာဏ် တောင်းလေ့ ရှိပါတယ်။ သူ တောခိုမယ် ကြံတော့လည်း ဦးကျော်ငြိမ်းကို ရှေးဦးစွာ တိုင်ပင်ခဲ့ပါတယ်။ တရုတ်-ဗမာ အရေးအခင်းအပြီး တရုတ် အစိုးရက ဗမာပြည် ကွန်မြူနစ် ပါတီကို ဖိပြီး အားပေးနေချိန် ကွန်မြူနစ်တွေ အနိုင်ရရင် တရုတ်ကျွန် ဖြစ်မှာကို စိုးရိမ်လို့ သူ့ကျွန်မခံလိုစိတ်နဲ့ ဦးနု နောက်ကို ဦးကျော်ငြိမ်း မလိုက်ခဲ့တာပါ။
  • 5. ဖဆပလကွဲခြင်းအပေါ် သုံးသပ်ချက် ခေတ်အဆက်ဆက် လူအမျိုးမျိုးက ဖဆပလ ကွဲခြင်းအပေါ် အမြင် အမျိုးမျိုးနဲ့ ကြည့်ခဲ့ကြပါတယ်။ လူပုဂ္ဂိုလ် အရေး ခင်မင်မှု၊ လေးစားမှုကို အခြေခံတယ်လို့ ထင်မိပါတယ်။ ဦးကျော်ငြိမ်းဟာ ကိုယ့် မွေးကျေးဇူးရှင် ဖခင်မို့ မှန်ရမယ်လို့ တဖက်သတ် တွေးရေးမိခဲ့ရင် ကျနော် လူကြီးမဆန်၊ မျှတမှု မရှိနိုင်ပါ။ ဦးနုရော၊ ဦးကျော်ငြိမ်းရော ဘုရား ရဟန္တာတွေ မဟုတ်ကြပါ။ ပုထုဇဉ် လူသားတွေဖြစ်လို့ မှားခဲ့ကြပါတယ်။ နောက်လူငယ်တွေ သင်ခန်းစာ ယူနိုင်ဖို့ ဘယ့်အတွက်ကြောင့် ဒီခေါင်းဆောင် ၂ ဦး မှားခဲ့ကြတာကို စနစ် (System) နဲ့ နိုင်ငံရေး အဆောက်အဦ (Infratructure) ဘက်က ကြည့်ပြီး ဆွေးနွေးလိုပါတယ်။ ဖဆပလကို ကွဲဖို့ ဖန်တီးပေးခဲ့တဲ့ အက်ကြောင်းကို မွေးထုတ်ပေးခဲ့တဲ့ စနစ်ဘက်ကနေ လေ့လာ ဝေဖန်လိုပါတယ်။ ဦးနုနဲ့ ဦးကျော်ငြိမ်း အကြောင်းရေးရင် ဖဆပလ နှစ်ခြမ်းကွဲခြင်း အကြောင်းကို လျစ်လျှူရှု မရပါ။ နိုင်ငံရေးနဲ့ အာဏာ နိုင်ငံရေးဆိုသည်မှာ တိုင်းပြည် ကောင်းစားရေး (အများအားဖြင့်) ကို ဦးတည်ပြီး မိမိ ယုံကြည်ရာ ၀ါဒ၊ စနစ်ကို နောက်ခံပြီး တိုင်းပြည် တည်ဆောက်ရေးကို ဖော်ဆောင် ရပါတယ်။ ဒီကနေ့ခေတ် - လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ် (Free Market Economy) လို့ ခေါ်တဲ့ အရင်းရှင် စီးပွားရေး စနစ်ကိုပဲ ရွေးမလား၊ ကွန်မြူနစ်တို့ရဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကိုပဲ ကျင့်သုံးမလား၊ ဒါမှမဟုတ် ဆိုရှယ် ဒီမိုကရက်တို့ရဲ့ ဒွေးရော စီးပွားရေး စနစ် (Mixed Economy) ပဲ ရွေးမလား ဆိုတာတွေဟာ နိုင်ငံရေး အာဏာ မရှိဘဲနဲ့ မရွေးနိုင်ပါ။ နိုင်ငံရေးမှာ အာဏာမရှိဘဲ ဘာမှ လုပ်လို့ မရပါ။ နိုင်ငံရေးနဲ့ အာဏာဟာ လျှာနဲ့ သွားလို ရောယှက်နေပါတယ်။ နိုင်ငံရေး အာဏာကို တိုက်ယူရမှာလား၊ အကြမ်းမဖက်တဲ့ နည်းနဲ့ အနိုင်ယူနိုင်မလား၊ ရွေးချယ်ခြင်း (ဒီမိုကရေစီရှိမှ) ရယူမှာလား ဆိုတာ တပိုင်းသတ်သတ် စဉ်းစားရမှာပါ။ လူသားတိုင်းမှာ အတ္တဟာ တွဲပါစမြဲဖြစ်လို့ အတ္တကို အသုံးချတတ်ရင် အင်္ဂလိပ်လို Drive လို့ ခေါ်တဲ့ (လုပ်ချင်စိတ်) ပေါ်လို့၊ ဒီလုပ်ချင်စိတ်ကြောင့် အောင်မြင်မှု ရနိုင်သလို (အတ္တ) ကို မထိန်းနိုင်လို့ ဒုက္ခရောက်ခဲ့သူတွေ မရေတွက် နိုင်တော့ပါ။ နိုင်ငံရေးမှာ (အာဏာ) ဟာ တွဲပါစမြဲ ဖြစ်လို့ အာဏာကို သတိနဲ့ ထိန်းနိုင်ရင် အောင်မြင်မှုရှိပြီး အာဏာကြောင့် ဒုက္ခ ရောက်ခဲ့ရသူတွေလည်း မရေတွက်နိုင်တော့ပါ။ ဒါကြောင့် အာဏာဟာ အတ္တလိုပဲ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။ ကျနော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ဘ၀ကနေ လွတ်လပ်ရေး ရတဲ့အခါ အင်္ဂလိပ်တွေ ကျင့်သုံးတဲ့ ပါလီမန် ဒီမိုကရေစီ စနစ်ကို အားသန်ခဲ့ကြပါတယ်။ ရွေးချယ် ခဲ့ကြပါတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ဟာ မဲအများစု ရရှိတဲ့ သူက အုပ်ချုပ်ရေး - Majority Rule ဖြစ်ပါတယ်။ အုပ်ချုပ်ရေး (Administration) နဲ့ ဥပဒေ ပြုရေး Legislation တို့ကို ခွဲခြားထားခြင်း မရှိပါ။ ပါလီမန်မှာ မဲအရေအတွက် အများစုရတဲ့ ပါတီက ဦးဆောင်ပြီး အစိုးရ ဖွဲ့ရပါတယ်။
  • 6. ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ် (MP) ဖြစ်မှသာ ၀န်ကြီးအဖွဲ့မှာ ပါခွင့်ရှိပါတယ်။ အမေရိကန် ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ ဥပဒေ) လို သမတ က အုပ်ချုပ်ရေး တာဝန်ယူပြီး ကွန်ကရက် (Congress) က ဥပဒေပြုရေး အာဏာ သပ်သပ်ခွဲထားကာ တဖက်နဲ့ တဖက် Check and Balance အပြန်အလှန် ထိန်းကွပ်ခြင်း မရှိပါ။ ပါလီမန်မှာ အမတ်ဦးရေ များတဲ့ ပါတီက အစိုးရ ဖွဲ့ခွင့်ရပြီး ဒီပါလီမန် အမတ်တွေကပင် ဥပဒေ ပြုကြပြီး၊ ဒီပါလီမန် အမတ်တွေကပင် ၀န်ကြီးအဖွဲ့ ဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ် ကြပြန်ပါတယ်။ ဒါကြောင့် ဒီစနစ်မှာ ပါတီဟာ အရေးပါပြီး ပါတီရဲ့ ဦးဆောင်မှု နေရာကို ရဖို့ အရေးကြီးလာပါတယ်။ ပါတီ အတွင်းမှာလည်း အုပ်စုကလေးတွေ ရှိလို့ ဒီအုပ်စုတွေဟာ ပါတီအတွင်း အားပြိုင်ကြလို့ Power Politics လို့ ခေါ်တဲ့ (အာဏာ နိုင်ငံရေး) နဲ့ အုပ်စု နိုင်ငံရေး (Fractional Politics) ဟာ အရေး ပါလာပါတယ်။ စစ်ပြီးခေတ် ကတည်းက အုပ်စိုးနေတဲ့ ဂျပန်နိုင်ငံ LDP (Liberal Democrat Party) မှာ အသာရတဲ့ အုပ်စုဟာ တလှည့်စီ ၀န်ကြီးချုပ် လုပ်နေပါတယ်။ အင်္ဂလိပ်တို့ရဲ့ လေဘာပါတီ အတွင်းမှာလည်း လက်ဝဲအစွန်း ကြီးစိုးစဉ်က ရွေးကောက်ပွဲ အပြီး ရှုံးပြီးရင်း ရှုံးနေလို့ တိုနီဘလဲရဲ့ အလယ်အလတ် လမ်းစဉ်သမား Centrists တွေ ဦးဆောင်ကာမှ တဖန် အာဏာ ရလာကြပါတယ်။ ဖဆပလကို စဖွဲ့စဉ်က ကွန်မြူနစ်၊ အရေးတော်ပုံ ပါတီ (နောင်ဆိုရှယ်လစ်) နဲ့ စစ်တပ်ကို အားပြုပြီး ဖွဲ့ခဲ့ကြပေမယ့် ဗိုလ်ချုပ် အောင်ဆန်းကို အံတု အပုပ်ချ တိုက်ခိုက်ကာ ကွန်မြူနစ် ပါတီက အုပ်စီးလိုတဲ့ အာဏာရူးမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်းက ကွန်မြူနစ်တွေကို ထုတ်ပစ်ခဲ့သဖြင့် ဖဆပလ မှာ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော် (PVO) ၊ ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင် ဗဟိုအဖွဲ့ချုပ်၊ အရှေ့တောင်အာရှ လူငယ်များ အစည်းအရုံး စတဲ့ အဖွဲ့ငယ်နဲ့ ဦးနု လို တသီးပုဂ္ဂလ (Individual) တို့ ပါကြပါတယ်။ (ဦးသန့်ရဲ့ပြည်တော်သာခရီး အပိုင်း ၁ - စာမျက်နှာ ၆၁ နဲ့ တာတေ စနေသား စာမျက်နှာကို ကြည့်ပါ။) လွတ်လပ်ရေးရခါစမှာ ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တို့ဟာ ဖဆပလ မှာ အင်အားကြီး အုပ်စု ၂ စု လို့ ဆိုရပါမယ်။ ကွန်မြူနစ်တွေ ၁၉၄၈ မတ်လမှာ တောခိုပြီးနောက် ပြည်သူ့ရဲဘော် တွေလည်း နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူနဲ့ ရဲဘော်ဝါ ဆိုပြီး ကွဲထွက်သွားပါတယ်။ ရဲဘော်ဖြူတွေ တောခိုတဲ့အခါ ဖဆပလကြီးထဲမှာ အားကောင်းတဲ့ အဖွဲ့အစည်းမှာ ဆိုရှယ်လစ်တွေသာ ကျန်ခဲ့ပေတော့တယ်။ ဒီနေရာမှာ ခေါင်းဆောင်မှု အပိုင်းနဲ့ အဲဒီတုန်းက ခေါင်းဆောင်မှု အတုယူစရာလေးတွေကို တင်ပြပါရစေ။ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းတို့ အားလုံးဟာ လက်ဝဲသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ အာဏာရယူမှုနဲ့ ဖော်ဆောင်မှုမှာ ကွာခြားကြပါတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေက အာဏာရှင်စနစ် - ကွန်မြူနစ် ဝေါဟာရ အရ ပစ္စည်းမဲ့ အာဏာရှင် စနစ် (Dictatorship of the Proletariat) နဲ့ တိုင်းပြည်ကို အာဏာရှင် စနစ်နဲ့ မောင်းပြီး လက်ဝဲ (ကွန်မြူနစ်စနစ်) ကို ထူထောင်ပြီး Planned Socialist Economy ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ တိုင်းပြည်ကို ထူထောင်ပါမယ်။ ဆိုရှယ်လစ် ဆိုသူတွေက ပြည်သူ ရွေးချယ်ရတဲ့ ဒီမို ကရေစီ၊ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ Representative Government နည်းနဲ့ အာဏာကို ရယူပြီး Mixed Economy လို့ ခေါ်တဲ့ အရေးကြီးတဲ့ စီးပွားရေး အချက်အခြာတွေ (ဘဏ်၊ ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး) တို့ကို အစိုးရက ကိုင်ဆောင်ထားပြီး လူသုံးကုန် ပစ္စည်း Consumer Goods ထုတ်လုပ်ရေးကို ပုဂ္ဂလိက လက်ထဲ လွှဲထားတဲ့ စနစ်နဲ့ တိုင်းပြည်ကို တည်ထောင်လိုကြပါတယ်။
  • 7. ဆိုရှယ်လစ်တွေကို အတိအကျ အဓိပ္ပာယ်ဖွင့်ရင် ဒီမိုကရေစီကို ယုံတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) - ဥရောပကနေ ဂျာမဏီ၊ အင်္ဂလန်တို့ ပုံစံ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်း ကွန်မြူနစ်ဆဲလ် ဖွဲ့စဉ်က ပါခဲ့တာကို အကြောင်းပြုပြီး ဗိုလ်ချုပ်ကို ကွန်မြူနစ်အလား တံဆိပ်တပ်၊ အသားယူ၊ ၀ါဒ အကြီးအကျယ် ဖြန့်ခဲ့ကြ၊ ဖြန့်ဆဲ ဖြစ်ပါတယ်။ အမှန်စင်စစ် လွတ်လွတ်လပ်လပ် တွေးကြည့်ရင် ဗိုလ်ချုပ် ဆောင်ဆန်းဟာ ကွန်မြူနစ် မဖြစ်နိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းသာ ‘ကွန်မြူနစ်ဟေ့’ လို့ တခွန်းပြောခဲ့ရင် ဗမာပြည်ကြီး တရုတ်ပြည်ထက်ပင် စောပြီး ရဲရဲနီခဲ့ပါလိမ့်မယ်။ သခင်သန်းထွန်းနဲ့ ဦးကျော်ငြိမ်းတို့ ၀ါဒစွဲကြီးမားလို့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အားပြိုင်နေကြချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ဟာ ၀ါဒရေးကို ဦးစားမပေးဘဲ အမျိုးသားရေး Nationalism တခုထဲနဲ့ လွတ်လပ်ရေး ရရှိရေးကိုသာ အဓိကထား တိုက်ပွဲ ၀င်ခဲ့တဲ့အတွက် အားလုံးကို စုစည်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဦးနုလည်း ထိုနည်းလည်းကောင်း၊ ၀ါဒရေး မှိုင်းမမိခဲ့တဲ့ အတွက် ဗိုလ်ချုပ်တို့ ကျဆုံးအပြီး ဖဆပလ ခေါင်းဆောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ပါတီ နိုင်ငံရေး အရ ဆိုရှယ်လစ် ပါတီကို ၀င်ရောက်ခြင်း မရှိကြပေမယ့် သူတို့ ဖော်ဆောင်ခဲ့ရာ လမ်းဟာ ဆိုရှယ်လစ် စနစ်ကို အားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကိုသာ လျှောက်ခဲ့ကြတဲ့ အတွက် ဆိုင်းဘုတ် မတပ်တဲ့ ဆိုရှယ်ဒီမိုကရက်တွေ ဖြစ်ခဲ့ရတာ ထင်ရှားလှပါတယ်။ ကျနော့်အမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ တရုတ်ပြည်က မော်စီတုံးလို နိုင်ငံရေးမှာ မရှိမဖြစ်တဲ့ - လူ နဲ့ အာဏာ - အကြောင်းကို ကောင်းကောင်း သိနိုင်စွမ်းတဲ့ နိုင်ငံရေး သူရဲကောင်း ဖြစ်ပါတယ်။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံရေး အုပ်စုတွေကို စုစည်းနိုင်ရုံ သာမက လူတော်လူကောင်းတွေကို သူ့နေရာနဲ့သူ အသုံးချတတ်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါတယ်။ စိတ်ရှည်ရမယ့် နေရာမှာ စိတ်ရှည်ပြီး ပြတ်သားရမယ့် နေရာမှာ ပြတ်သားလှပါတယ်။ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ အားပြိုင်နေကြသည်ကို ဘက်လိုက်မှု မရှိဘဲ အပေါ်မှ ဦးဆောင်မှုပေးကာ ကွန်မြူနစ်တွေ ရန်လိုလွန်း အားကြီးတာကြောင့် ဗိုလ်ချုပ်ကို တိုက်ခိုက် လာတဲ့အခါ ထိပ်ထုကာ ဖဆပလ ကနေ ထုတ်ပစ်ဖို့ ရဲရဲ ဆုံးဖြတ်ရဲပါတယ်။ သူ့ကိုယ်သူ လျင်လှပြီထင်တဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် အောင်ဆန်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ခြေဖျားတောင် မမှီခဲ့ပါ။ အာဏာ အဆိပ်ငွေ့ တက်နေတဲ့ သခင်သန်းထွန်းဟာ ဗိုလ်ချုပ် တားတဲ့ကြားက အားစမ်းတဲ့ အနေနဲ့ သခင်သိန်းဖေ (မြင့်) ကို ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာတွင် ဗိုလ်ချုပ်က အဆိုပြုထားတဲ့ ဦးကျော်ငြိမ်းနဲ့ ယှဉ်ရွေးစေပါတယ်။ (ဦးသန့်ရဲ့ ပြည်တော်သာခရီး) နိုင်ငံရေး အကွက်အရ ပြောရရင် ဗိုလ်ချုပ်ဟာ သူ့ကို ရင်ဘောင်တန်းလာတဲ့ သခင်သန်းထွန်း ကို သူ့ပြိုင်ဘက် ဦးကျော်ငြိမ်းနဲ့ လှမ်းထောက်ထားတာဟာ အလွန်လှတဲ့ နိုင်ငံရေးအကွက် ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းကို ယုံလို့လည်း အခုလို အားကိုးခြင်း ဖြစ်ပါတယ်။ ဦးနုကလည်း ဗိုလ်ချုပ်လိုပဲ ၀ါဒရေးကို ဦးစားမပေးဘဲ ဦးဆောင်မှု ပေးနိုင်တဲ့ အတွက် အများရဲ့ ယုံကြည် လေးစားမှုကို ခံရကာ ဖဆပလ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရတာပါ။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးပြီးချင်း ကွက်လပ်ဖြည့်ဖို့ ဦနု ရှိနေခဲ့လို့ တိုင်းပြည် တည်ငြိမ်ခဲ့တာကို မေ့လို့ မရပါ။ နိုင်ငံအနေနဲ့ ကျေးဇူးတင်ရပါမယ်။
  • 8. ဒီကနေ့ခေတ် ပါတီနိုင်ငံရေး (သို့မဟုတ်) အုပ်စုနိုင်ငံရေးကို နားလည်သူမှာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေ ဖြစ်ပါတယ်။ နအဖ အတွင်း ကက (ကြည်း) နဲ့ ကက (လှမ်း) တို့ အားပြိုင်မှုအတွင်း ငြိမ်ငြိမ်လေး အပေါ်က ကြည့်နေကာ လိုအပ်မှ အရေးယူပြီး အပိုင်ကိုင်ခဲ့ပါတယ်။ နိုင်ငံရေးမှာ ချစ်သူ ခင်သူကို ခွင့်လွှတ်ပြီး၊ မုန်းသူ ပြိုင်ဘက်ကို အငြိုးနဲ့ ကြည့်လို့ မဖြစ်၊ အရှိကို အရှိအတိုင်း ကြည့်နိုင်စွမ်းအားရှိမှ အမှန်ရောက်အောင်၊ နိုင်ငံရေး အောင်မြင်မှု ရအောင် ကြံဆောင်နိုင်ပါမယ်။ ဒီကနေ့ နိုင်ငံရေး လောကမှာ (ပြည်ပတွင်) စစ်ဗိုလ်ဆို မျက်စိမှိတ် ကလော်ဆဲမှ နာမည်ရမယ်။ အရှိကို အရှိအတိုင်း မကြည့်လိုကြပါ။ ဒါကြောင့်လည်း ၀ိုင်းကြီးပတ်ပတ်လည် နိုင်ငံရေးမှ မတက်သည်က များပါတယ်။ လွတ်လပ်ရေးရပြီးစ ဖဆပလ မှာ ဦးနုနဲ့ ဆိုရှယ်လစ်တွေ ကိစ္စ ပြန်လှည့်ကြရအောင်။ ပြည်သူ့ရဲဘော် (၀ါ) ရဲဘော်ဖြူတွေ တောခိုအပြီး ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ဆိုရှယ်လစ်တွေက အားသာနေပါတယ်။ ဆိုရှယ်လစ်တွေက ဖဆပလ အတွင်း ကြီးစိုးမှုရှိပေမယ့် ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းမှာ အရေးပါဆုံး ၃ ဦးဖြစ်တဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့ဟာ ၀န်ကြီးချုပ် သခင်နုကို အကိုကြီးသဖွယ် လေးစားကြပြီး ကိုယ့်ခေါင်းဆောင်အဖြစ်၊ ဖဆပလ ဥက္ကဋ္ဌ အဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ ဦးနုကို ပြိုင်ဆိုင်လိုစိတ် မရှိကြပါ။ ဦးနုကလည်း ဒီအတိုင်းပဲ သူ့ တာတေ စနေသားတွင် ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဦးကျော်ငြိမ်းနဲ့ မည်မျှ သံယောဇဉ် ရှိကြကြောင်း ရေးပြသွားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆိုရှယ်လစ် ခေါင်းဆောင်တွေ တချက်ဟာသွားတာကို ထောက်ပြချင်ပါတယ်။ ဖဆပလ အတွင်းကနေ မိမိတို့ပါတီက ခေါင်းဆောင်မှု နေရာကို ရယူထားပြီးပြီ။ မိမိတို့ ဥက္ကဋ္ဌ ကိုလည်း ပြိုင်ဆိုင်လိုစိတ် မရှိ။ မိမိတို့ အားသန်ရာ တည်ဆောက်မှုတွေ (ဦးကျော်ငြိမ်း - စက်မှု၊ သခင်တင် - လယ်သမား၊ ဦးဗဆွေ - အလုပ်သမား) ကိုလည်း ဦးစီးနိုင်ကြပြီ။ ၀န်ကြီးချုပ်ကို ချော့ပေါင်းနိုင်ရမယ်။ ၀န်ကြီးချုပ်ရဲ့ ခံစားချက်ကို ရိပ်မိနိုင်ရမယ်။ ၀န်ကြီးချုပ် ဦးနုဟာ လူထုကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံရေးသမား၊ အတွေးသမား၊ အသေးစိတ်ကို စိတ်ဝင်စားသူမဟုတ်။ ဒီ့အတွက် ဦးနုကို ရှေ့တန်းတင်ပြီး ကိုယ့်ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရမယ်။ ဦးနုဘက်က ကြည့်ရင်လည်း ဦးဆောင်မှုပေးမယ်၊ ဆိုရှယ်လစ်တွေ လုပ်ကြလို့ မျက်နှာလွှဲထားနိုင်ပါတယ်။ သူနိုင်၊ ကိုယ်နိုင် (Win/Win situation) အခြေအနေကောင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အခြေအနေ ဖြစ်ပါတယ်။ ဒီခေါင်းဆောင် ၄ ဦး တက်ညီလက်ညီ ရှိစဉ်က အောင်မြင်ခဲ့ကြပါတယ်။ တိုင်းပြည် တိုးတက်ခဲ့ပါတယ်။ ဦးကျော်ငြိမ်းက စီးပွားရေးနဲ့ စက်မှုကို ထူထောင်နိုင်ပါတယ်။ သခင်တင်က လယ်ယာ စိုက်ပျိုးရေးကို အရေးစိုက် နိုင်ပါတယ်။ ဦးဗဆွေကြီးက ကာကွယ်ရေး ၀န်ကြီးနဲ့ (TCUB) အလုပ်သမား အဖွဲ့ကို တာဝန်ယူပါတယ်။ ၀န်ကြီးချုပ် ဦးနုက နိုင်ငံခြားရေးမှာ ထူးခြားစွာ ဆောင်ရွက်နိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယအကြား စေ့စပ်ပေးသူမှာ ဗမာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။ ကြားနေ တတိယ အင်အားစု ထူထောင်ရာမှာ ဗမာ ပါဝင်ခဲ့တယ် မဟုတ်ပါလား။ ဆိုရှယ်လစ်တွေ သတိလစ်ခဲ့တာ ဘာလဲ။ ၀န်ကြီးချုပ် ဦးနုရဲ့ ခံစားမှုကို သတိမပြုမိခဲ့ကြ၊ အလေးမပေးခဲ့ကြပါ။ ဥပမာ နာမည်ကြီးခဲ့တဲ့ ၁၉၅၆ ခုနှစ်က စာနှစ်စောင်ထဲက ဦးနုရဲ့ ပြန်စာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ (ဦးနု)
  • 9. လွတ်လပ်ရေး တိုက်ပွဲမှာ အတူပါဝင်ခဲ့တယ်။ ဒါကို ပြည်သူ အများစုကို ဦးနုက သိစေချင်တယ်။ ဦးနုဟာ ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်လို့ အကြမ်းဖက်မှုကို မလိုလား၊ ဒါကြောင့်လည်း ယူဂျီ ဖွဲ့ရာမှာ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းကို ကူခဲ့လို့ စိတ်အားဖြင့်တော့ ပါခဲ့ပါတယ်။ ဖဆပလ ဖွဲ့ရာမှာလည်း ထိုနည်းတူ မပါဝင်ခဲ့ပါ။ ဒါပေမဲ့ ဖဆပလ အတွက် အရေးကြီးတဲ့ အစည်းအဝေးတွေကို နိုင်ငံခြားရေး ၀န်ကြီး ဦးနု အိမ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒါကို ၀န်ကြီးချုပ်က အသိအမှတ် ပြုစေချင်ပါတယ်။ ၀န်ကြီးချုပ်လာရင် အရိုအသေပြု မတ်တပ်ရပ်စေချင်တယ်။ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ ခေါင်းဆောင်တွေက ၀န်ကြီးချုပ်လို့ မမြင်ကြ။ ကျောင်းသားဘ၀ ကတည်းက ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော် အဖြစ် မြင်ပါတယ်။ ပြည်တွင်း သတင်းစာ သမားတွေလည်း ၀ိုင်းဝန်း ဘေးတီးပေးကြပါတယ်။ ဦးနုကို ဘ၀ရှင် မင်းတရားကြီးလို့ ပြောင်လှောင် ခေါ်ကြပါတယ်။ နိုင်ငံခြား သတင်းစာတွေကလည်း ကလော်ကြပြန်တယ်။ ၀န်ကြီးချုပ် ဦးနုဟာ ပြယုဂ်ဖြစ်တယ်၊ တကယ့်အာဏာမှာ ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေ လို့ ၀ိုင်းဝန်း ရေးကြတယ်။ ပိုဆိုးသွားတာက အဲဒီအချိန်မှာ အင်္ဂလိပ် ၀န်ကြီးချုပ် အန်သိုနီအီဒင် (Anthony Eden) က ရန်ကုန်မှာ ခေတ္တနားပြီး ဦးနုနဲ့ တွေ့ဖို့ သံကြိုး ပို့လိုက်တယ်။ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေကိုပါ ခေါ်ခဲ့ပါလို့ ပါလာတယ်။ ‘ငါဟာ ၀န်ကြီးချုပ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်ပြီး ကျော်ငြိမ်းနဲ့ ဗဆွေကို ဘာကြောင့် ခေါ်ရမှာလဲ’ လို့ ၀န်ကြီးချုပ်က မေးခွန်း ထုတ်ခဲ့တယ်။ တနည်းအားဖြင့် ခံစားခဲ့ရပါတယ်။ (U Nu of Burma - စာမျက်နှာ ၈၄) ဗိုလ်ချုပ်အောင်ဆန်း၊ ဦးကျော်ငြိမ်းတို့ အာဏာရခါစက လူငယ်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ် ဆုံးတော့ ၃၂ နှစ်သာ ရှိသေးတယ်။ အာဏာနဲ့ ရာထူးအကြောင်း ကောင်းကောင်း မသိသေးလို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ အလွန်လျင်တယ်၊ ဦးနုကို ဒို့ဗမာ အစည်းအရုံးဆီ ခေါ်သွားရာမှာလည်းကောင်း၊ ဖဆပလ ဒုဥက္ကဋ္ဌ ရာထူးကို အတင်းအကျပ် နေရာပေးခဲ့သူမှာ ဗိုလ်ချုပ်ပင် မဟုတ်ပါလား။ ဗိုလ်ချုပ်ကို အတုယူပြီး ဦနုရဲ့ စိတ်ဓာတ်နဲ့ ခံစားမှုကို ဆိုရှယ်လစ် ခေါင်းဆောင်တွေ သတိပြုသင့်တယ်။ ဒါပေမဲ့ မျှမျှတတ ပြောရရင် အနှစ် ၄၀ ကျော်မှ စားပွဲပေါ်မှာ ထိုင်သုံးသပ်ရတာ လွယ်ကူလှပါတယ်။ Hindsight is 20/20 လို့ခေါ်တဲ့ ဖြစ်ပြီးမှ သုံးသပ်ရတာ လွယ်လှပါတယ်။ အာဏာဝဲထဲမှာ လည်ပတ်နေစဉ် သုံးသပ်ရတာ မလွယ်လှ။ အာဏာရဲ့အန္တရာယ် နိုင်ငံရေးမှာ အနိုင်ရတဲ့ ပါတီဟာ ရာထူးနဲ့ နေရာရကြတဲ့ အတွက် ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်တွေဟာ ပါလာစမြဲပါ။ ခေတ်အဆက်ဆက် အာဏာ ရှိတဲ့လူတွေကို ကပ်ပါးရပ်ပါး လုပ်ဖို့ အခွင့်အရေး သမားနဲ့ Oppotunists တွေဟာ ရှိစမြဲပါပဲ။ နိုင်ငံရေးသမား ဆိုတာကလည်း စည်းရုံးရေး၊ လူအင်အားနဲ့ လုပ်ငန်းနဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ရတာမို့ လူတွေနဲ့ ကင်းကွာလို့ မရပါ။ ဒီ့အပြင် အလုပ်လုပ်တဲ့အခါမှာ လူယုံတွေကို စေခိုင်းရတာမို့ တပည့်တပမ်းနဲ့လည်း ကင်းရှင်းလို့ မရပါ။ နိုင်ငံရေးသမား အများစု ရင်ဆိုင်ရတာက ဘယ်သူဟာ အစစ်အမှန် ယုံကြည်ချက်နဲ့ လုပ်တဲ့သူ၊ ဘယ်သူဟာ အခွင့်အရေးသမား ဆိုတာကို ခွဲခြားတတ်ဖို့ပါပဲ။ အစစ်အမှန်နဲ့ အတုအယောင်ကို (အကျ) မှ ခွဲခြားရတာ လွယ်ပေမယ့် (အတက်) မှာ ခွဲခြားရ အင်မတန် ခက်ပါတယ်။ ကျနော်ငယ်သေးပေမယ့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို မှတ်မိနေတာ တခုရှိတယ်။ ‘အာစရိရေ - စောလစ် (Solid) ပဲ ဆိုတဲ့ လူတွေရဲ့ မဲဆန္ဒ နယ်မြေဆို ခွက်ခွက်လန်အောင် ရှုံးတာပဲ’ တဲ့။ ကလေးဆိုတော့ လူကြီးတွေ အလုပ်ရှုပ် နေတာကိုကြည့်ပြီး ဟိုနားထောင်လိုက်၊ ဒီနားထောင်လိုက်နဲ့ ပျော်နေတာပေါ့။
  • 10. တိုင်းပြည် အုပ်ချုပ်တဲ့ အာဏာမပြောနဲ့ ၅ ယောက်တဖွဲ့နဲ့ ဖွဲ့ထားပြီး ထောက်ခံစာ ရေးပေးနိုင်ရုံ အာဏာ အပွန်းအပဲ့ကလေး ရတာနဲ့ ဘ၀င်မြင့်နေတဲ့ အဖွဲ့ဝင် လူကြီးတွေ - ဥက� ဌတွေ - ၀န်ကြီးချုပ် ခေါ်မှ နှစ်သက်တဲ့ - မျက်မှန်နက်ကြီး ၀တ်ပြီး ဆောင့်ကြွားဆောင့်ကြွား ဖြစ်နေတဲ့ နိပွန် မကျတကျ ၀န်ကြီးချုပ်ရဲ့ ကိုယ်ရံတော် အယောင်ဆောင် ဆရာတပည့်တွေတောင် ၂ ပြားတပဲ အဆောင်အယောင် အာဏာနဲ့ အာဏာရူး နေကြသေးတယ် မဟုတ်လား။ တကယ် အာဏာရှိခဲ့ရင်တော့ (တေဇ) တို့လို လူတွေက ၀ိုင်းရံထားပြီး ရာစုနှစ်ရဲ့ မင်္ဂလာပွဲ (Marriage of the Century) မျိုးလို စိန်စီပြီး ကျင်းပနိုင်တာပေါ့။ အာဏာဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ကျောင်းသားဘ၀က ဆင်းရဲ ငတ်ပြတ်ခဲ့ကြပြီး ယူဂျီ ဂျပန် တော်လှန်ရေးသမား ဘ၀မှာ အသက်ကို ဖက်ပေါ်တင်ပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေး သမားတွေဟာ ၀န်ကြီးချုပ် - ဒုဝန်ကြီးချုပ် ဘ၀မှာ အသိုင်းအ၀ိုင်း၊ အခြွေအရံ၊ တပည့်တပမ်း၊ သက်တော်စောင့် Body Guard ကိုယ်စီနဲ့ ဖြစ်လာကြတော့ ဖော်လန်ဖားမယ့် အခွင့်အရေး သမားတွေ - မြှောက်ပင့် ရန်တိုက်မယ့် တပည့်သားမြေးတွေ - ကလိန်ကကျစ် နိုင်ငံရေးသမား၊ အယောင်ဆောင်၊ အခွင့်အရေး သမားတွေလည်း ချဉ်းကပ် လာကြတာပေါ့။ အသက်အရွယ် ငယ်ငယ်နဲ့ တိုင်းပြည် ခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင် ရာထူးကြီးတွေနဲ့ အာဏာ ရှိလာကြတော့ မာနတွေ အီဂို (Ego) တွေ မတက်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အာဏာနဲ့ အန္တရာယ်ဆိုးကိုသာ ဒီခေါင်းဆောင် ၂ ဦးဟာ ကြိုသိခဲ့ကြရင် ကြိုပြီး နားလည်မှု ယူထားနိုင်ကြပါရဲ့။ ဦးကျော်ငြိမ်းဟာ တိုင်းပြည် တည်ဆောက်ရေးကိုပဲ အားသန်နေခဲ့တာ၊ ၀န်ကြီးချုပ် ရာထူးရဖို့ နံပါတ် ၁ ခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းချက် မရှိခဲ့ဘူး။ ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း စာအုပ်အတွက် အမှာစာမှာ ဦးနုက ၀န်ကြီးချုပ်လုပ်ဖို့ အဆိုပြုတာတောင် ငြင်းခဲ့တယ် ဆိုတာကို ဖတ်ရှုနိုင်ပါတယ်။ ဒီ့အပြင် ဦးကျော်ငြိမ်းမှာ အားနည်းချက် ၂ ခု ရှိတယ်။ ဟန်နဲ့ပန်နဲ့ မဟောက်စားတတ်တာရယ်နဲ့ နေရာ မယူချင်တာရယ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းက နှစ်ယောက်ချင်း ကပ်ဆူခဲ့တာ ၂ ခု ရှိပါတယ်။ ရဲဘော်သုံးကျိပ် လွှတ်စဉ်က သခင်ချစ် ခြေမြန် လက်မြန်နဲ့ နီးစပ်တဲ့လူတွေကို ဇွတ်လွှတ်တာကို မတားတာရယ်၊ ဆိုရှယ်လစ် ပါတီဖွဲ့တော့ အရေးပါတဲ့ နေရာတွေ မယူတာရယ်ကိုပါ။ ဦးကျော်ငြိမ်းက နောက်ကွယ်က ကြိုးကိုင်တာကိုပဲ ကျေနပ် နေခဲ့တယ်။ ဗိုလ်ချုပ်က ရှေ့ထွက် ဦးဆောင်စေချင်ပုံ ရတယ်။ ဦးကျော်ငြိမ်းက နောက်ကွယ်က ကြုံးရုန်း လုပ်ချင်တဲ့သူ။ ဦးနုက အသေးစိတ်ကို မခုံမင်။ ရှေ့က လူထု ပါလာအောင် လူထုရဲ့အကြောကိုသိတဲ့ လူကြည်ညိုချင်စရာ ဥပဓိရုပ်နဲ့ နိုင်ငံရေးသမား လွန်စွာ အတွဲညီလိုက်ကြပါဘိ။ အာဏာမလွှမ်းမိုးခင် ၂ ဦး ကတိပြု နိုင်ခဲ့ကြရင် ဒီအတွဲ မပျက်ဘူးပေါ့။ အာဏာရဲ့တိုက်စားမှုအပြင် ပြည်တွင်းပြည်ပ သတင်းစာ သမားတွေကလည်း ၀င်သမ ကြတဲ့ဒဏ်ကို အလူးအလဲ ခံကြရပြန်တယ်။ ဒါကြောင့် ဦးနုက တရုတ်ပြည်သွားတော့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းကို ခေါ်မသွားဘူး။ သွားချင်ရင် ကိုယ့်ဘာသာကိုယ် သွားကြလို့ ဆိုပြန်ပါတယ်။ သတင်းသမား ဆိုတာကတော့ ပွဲဆူအောင် သံပုံးတီးဖို့က အဆင်သင့်ပဲ။
  • 11. ပွဲကြမ်းလေ သတင်းရေးကောင်းလေ မဟုတ်လား။ ၀န်ကြီးချုပ် ခံစားနေရတာကို ရိပ်မိရင် သတိရှိခဲ့ကြရင် ဆိုရှယ်လစ် ခေါင်းဆောင်တွေက သတိနဲ့ ချီးမွမ်း ပေးလိုက်ရုံပေါ့။ ဒီနေရာမှာ ဗိုလ်ချုပ်နေ၀င်းက သိပ်တော်တယ်။ ဗိုလ်ချုပ် အောင်ကြီးက ဆောင့်ကြွားကြွားနဲ့ နိုင်ငံရေး သမားတွေကို အလေးမပြုချင်ဘဲ၊ ဘ၀င်ကိုင်နေချိန်မှာ ဗိုလ်ချုပ် နေ၀င်းက သတိဆွဲပြီး ဖင်လန်အောင် အလေးပြု ပစ်လိုက်တယ်။ ကဲ လူ့အထာနဲ့ အာဏာအကြောင်း ဘယ်သူကို ပိုသိသလဲဗျို့။ ဦးနုက ဦးနေ၀င်း ဦးစီးပြီး အာဏာသိမ်းမယ်လို့ မထင်မိတာလည်း အပြစ် မပြောနိုင်ပါ။ ဦးကျော်ငြိမ်းဟာ နံပါတ် ၁ ရာထူးကို မက်မော ကြံစည်နေတာ မဟုတ်သလို ဦးနုဟာလည်း ၀န်ကြီးချုပ် ဖြစ်ရမှဆိုပြီး ယစ်မူးနေတာ မဟုတ်ပါ၊ မကြာခဏ ထွက်ဖို့ချည်း ပြောနေတာပါ။ ဒါပေမဲ့ ဘယ်သူမဆို ကိုယ့် အာဏာမဏ္ဍိုင်ကို ထိရင်တော့ ကာကွယ်ကြတာပေါ့။ ဒါကြောင့် ၀န်ကြီးချုပ် ရာထူးကို မရည်မှန်းတဲ့ တိုင်းပြည် ထူထောင်ရေးမှာပဲ စိတ်ဝင်စားတဲ့ ဦးကျော်ငြိမ်းနဲ့ လူထုနဲ့ ဖဆပလကြီးကို ဆွဲဆောင်နိုင်တဲ့၊ လူတွေကျအောင် အပြောအဟော ကောင်းတဲ့၊ ခေါင်းဆောင်မှု ပေးနိုင်တဲ့ ဦးနု ဟာ စည်းမကျော်တမ်း သွေးသောက်ခဲ့ကြရင် ပိုနေမြဲ ကျားနေမြဲ ကိုယ့်အလုပ် ကိုယ် လုပ်နိုင်ကြမှာပေါ့။ ဒီလို နားမလည်ခဲ့ကြတော့ ဆိုရှယ်လစ် ပါတီရဲ့ အက်ကြောင်းကို နင်းပြီး မာနတွေ၊ တပည့်တပမ်းတွေ ထပ်လိုက်တော့ ဖဆပလ ကွဲရတဲ့အထိ မီးကြီး လောင်တော့တာပေါ့။ တာတေစနေသား အခန်း ၃၁ ၊ စာမျက်နှာ ၂၈၉ ကနေ ၃၀၅ အထိ ဦးနုကိုယ်တိုင် ဖဆပလ ကွဲကြခြင်း ကဏ္ဍနဲ့ ဖြစ်ပျက်စဉ်တွေကို ဖော်ပြခဲ့ပြီး မိမိကိုယ်ကို မိမိ ဝေဖန်သမှု ပြုပြီး ရှင်းပြခဲ့ပါတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ဝေဖန်ဆွေးနွေး သွားပါတယ်။ ဦးကျော်ငြိမ်းဟာ အလုပ်ကို ကြိုးစားတယ်၊ အစွမ်းထက်တယ်၊ စာဖတ်အား ကောင်းတယ် ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဦးကျော်ငြိမ်းကို နိုင်ငံရေး ဗီလိန် လူဆိုးဖြစ်အောင် အစဉ်ကြံစည် ကြိုးစားနေခဲ့တဲ့ ကွန်မြူနစ်တွေနဲ့ သူတို့ရဲ့ အစွယ်ပွား နိုင်ငံရေး နာနာဘာဝတွေတောင် မငြင်းနိုင်တဲ့ အချက်ပါ။ တိုင်းပြည် ထူထောင်ရေး အတွက် ကြိုးစားရတာက တဖက်၊ စာဖတ် လေ့လာရတာက တဖက်၊ ပါတီ နိုင်ငံရေး ဆောင်ရွက် ရတာတွေကြောင့် ဦးကျော်ငြိမ်း စာမရေးနိုင်ခဲ့တာ သားတယောက် အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဦးနုလိုပဲ ဦးကျော်ငြိမ်းဟာ လူသားတယောက်မို့ အပြစ်မလွတ်ခဲ့ပါဘူး။ ဖဆပလ ကွဲပြီး တဖက်နဲ့တဖက် အသေအကြေ ဆော်ပလော် တီးကြတာတောင် - ရွေးကောက်ပွဲ အပြီးမှာ ၀န်ကြီးချုပ် ဦးနုနဲ့ ဦးကျော်ငြိမ်းဟာ အခင်အမင်မပျက် သံယောဇဉ် မကင်းနိုင်ကြပါဘူး။ ဖဆပလ ကွဲရခြင်းရဲ့ ဖြစ်ရပ်လေးတွေမှာ အာဏာလေပြင်း တိုက်ခိုက်မှု အကြောင်းလေးတွေကို တင်ပြရင်း အာဏာနဲ့ အန္တရာယ်ကို နောင်လာ ခေါင်းဆောင်တွေအတွက် တင်ပြ ဆွေးနွေးပါရစေ။ ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ်မှာ ပါတီရယ်၊ ၀န်ကြီးအဖွဲ့ရယ်၊ ပါလီမန်ရယ်ဟာ ရောထွေးနေခဲ့ပါတယ်။ ပါတီ ခေါင်းဆောင်တွေကပဲ အမတ်တွေဖြစ်၊ အမတ်တွေရွေး၊ အမတ်ဖြစ်မှ ၀န်ကြီးဖြစ်တော့ - ပါတီ ခေါင်းဆောင် - အမတ် - ၀န်ကြီးတွေဟာ ရောနှောနေပါတယ်။ လူတွေ မသိတာက ပါတီဟာ အရေးကြီးတဲ့ အတွက် ပါတီ အီးစီ EC ဟာ အရေးပါလှပါတယ်။ ပါတီ EC တိုင်း ၀န်ကြီး မဖြစ်ပါ။ ဒါပေမဲ့ ဥပဒေတခု တင်ချင်ရင် ပါတီ EC မှာ အရင် ဆွေးနွေး ကြပါတယ်။ (U Nu of Burma - Page 32) ဒါကြောင့်
  • 12. ဦးနုဟာ ပါတီနဲ့ ၀န်ကြီး အဖွဲ့ကို ခွဲဖို့ ကြိုးစားတာ မှန်ပါတယ်။ ဒါပေမဲ့ ဖော်ဆောင်ရာမှာ ယုံကြည်မှု လွန်ပြီး ခြေတလှမ်း စောသွားပါတယ်။ သခင်ကျော်ထွန်းကို ၀န်ကြီးအဖွဲ့က ထွက်၊ ဖဆပလ အထွေထွေ အတွင်းရေးမှူးချုပ် နေရာယူ၊ ဦးကျော်ငြိမ်းက အထွေထွေ အတွင်းရေးမှူးချုပ် နေရာက ထွက်၊ ဒုဥက္ကဋ္ဌ လုပ် ဆိုပြီး အပိုင်တွက်ပြီး အမိန့်နဲ့ စေခိုင်းလိုက်တော့ နိုင်ငံရေးအရ အထက်ကို ကန်တင်တယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ ဦးကျော်ငြိမ်းရော သခင်ကျော်ထွန်းရော မကျေနပ်ကြပေမယ့် ၀န်ကြီးချုပ် ဦးနုကို ပြန်မပြောကြပါဘူး။ လက်ခံကြတယ်။ နောက်မှ ဦးကျော်ငြိမ်း မကျေနပ်တဲ့ အကြောင်း ကြားရတော့ အေးအေးလူလူ မဆွေးနွေးဘဲ မကျေနပ်တာကို စာရေးပြီး ပို့လိုက်တယ်။ ဒီစာရမှ ဆွေးနွေးမယ်လို့ ဦးနုကိုယ်တိုင် တာတေ စနေသား (စာမျက်နှာ ၂၉၃) မှာ ရေးပြခဲ့ပါတယ်။ ဒါဟာ အာဏာရဲ့ ကြောက်စရာ ကောင်းလှတဲ့ ရလဒ်တွေပါ။ အာဏာကြောင့် ဒေါသတွေ၊ မာနတွေ ၀င်လာကြတာပေါ့။ စာရေး ရှင်းကြတော့ ကိုယ့်ဘက်ကိုယ် ကာကွယ်ကြပြီပေါ့။ ဒီမှာဖြတ်ပြီး လူတွေ သိပ်မသိကြတဲ့ အချက်နဲ့ နောင်လည်း အရေးပါမယ့် အချက်တချက်ကို ဆွေးနွေး ချင်ပါတယ်။ အဲဒါကတော့ ပညာတတ် မာနနဲ့ ပညာတတ် (သို့) တက္ကသိုလ် ကျောင်းသား (သို့) တက္က သိုလ်ဘွဲ့ရ လူတစုနဲ့ ပညာမဲ့ (သို့) ဘွဲ့မရ (သို့) တက္ကသိုလ် ကျောင်းသား မဟုတ်တဲ့ လူစုတို့ရဲ့ ပဋိပက္ခပါပဲ။ ဗမာ့ လွတ်လပ်ရေး သမိုင်းမှာ တက္ကသိုလ် ကျောင်းသား သမဂ္ဂဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) ကိုလှမောင် (ဗိုလ်ဇေယျ)၊ ကိုဗဟိန်း၊ ကိုဗဆွေတို့ အားလုံးဟာ တက္ကသိုလ် သမဂ္ဂကို တည်ဆောက်ခဲ့ကြတဲ့ တက္ကသိုလ် သမဂ္ဂကို မွေးဖွား ပေးလိုက်တဲ့ လူငယ် ခေါင်းဆောင်တွေပါ။ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်၊ သခင် ကျော်ထွန်းတို့ဟာ ဒို့ဗမာ အစည်းအရုံးက မွေးဖွား၊ ကြီးထွားလာတဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေပါ။ ကွန်မြူနစ် ပါတီ၊ ဆိုရှယ်လစ် ပါတီ၊ စစ်တပ် အတွင်းမှာ တက္ကသိုလ် လူထွက် ပညာတတ် အုပ်စုနဲ့ တက္ကသိုလ် ကျောင်းထွက် မဟုတ်တဲ့ အုပ်စုဟာ အားပြိုင်ခဲ့ကြပါတယ်။ အစည်းအဝေးတွေမှာ ပညာတတ် အုပ်စုက ရွှတ်ရှက်ဒွတ်ဒက်နဲ့ အင်္ဂလိပ်စကားကို ညှပ်ညှပ်သုံးလေ့ ရှိကြပါတယ်။ တဖက်ကကြည့်ရင် (ဆောင့်ကြွားကြွား) နဲ့ ဘ၀င်တွေလို့ မြင်စရာ ရှိကြတယ်။ တဖက်ကလည်း ဒီကောင်တွေ ဘာနားလည်လို့လည်း ဆိုတဲ့ ပညာတတ်မာနနဲ့ လူတဖက်သားကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်တတ်ကြတယ်။ ဒါကြောင့် ဆိုရှယ်လစ် ပါတီမှာ စက်မှုလက်မှု ထူထောင်ဖို့ (Pro Industralization) အားသန်တဲ့ ပညာတတ် (Educated) အုပ်စုနဲ့ လယ်ယာ စိုက်ပျိုးရေး ပထမ - ဆိုတဲ့ ပညာမဲ့ (Uneducated) အုပ်စု ဆိုပြီး အက်ကွဲလာပါတယ်။ ပညာတတ် အုပ်စုကို ဦးကျော်ငြိမ်း၊ ဦးဗဆွေက ဦးဆောင်ပြီး တခြားအုပ်စုကိုတော့ သခင်တင်က ဦးဆောင်ပါတယ်။ ဒီလို အက်ကြောင်းတွေ ပေါ်နေချိန်မှာ ဦးကျော်ငြိမ်းရဲ့ တပည့် သမ၀ါယမ ၀န်ကြီး ဦးထွန်းဝင်းနဲ့ သခင်တင်ရဲ့ တပည့် ၀န်ကြီး သခင်ကျော်ထွန်းတို့ဟာ အာဏာနယ်ပယ် လုရင်း ထိပ်တိုက် တွေ့ကြပါတယ်။ ဒီလို နောက်ခံ သမိုင်းတွေ ရှိနေတဲ့ အက်ကြောင်းလေးပေါ်မှာ ဖိအားပေးခံရတော့ သံသယစိတ် ၀င်စရာ ဖြစ်လာတော့တာပေါ့။ ဦးကျော်ငြိမ်းဟာ အဖော်ကောင်းရင် ငရဲတခေါက်လောက် သွားလိုက်မယ် ဆိုတဲ့ လူစားမျိုး။ ကိုယ့်လူပေါ်မှာ သစ္စာရှိတယ်။ ကိုယ့်လူထိရင် မခံဘူးဆိုတဲ့ စိတ်ရှိတယ်။ နိုင်ငံရေးမှာ ဖြစ်စေ၊ စစ်ရေးမှာ ဖြစ်စေ၊ စိတ်မစောဘဲ ခေါင်းအေးအေးထားကာ ရှေ့တိုးနောက်ဆုတ် လုပ်တတ်ရပါမယ်။ လုပ်နိုင်ရပါမယ်။ နောက်တချက်ဆုတ်၊ ကျားတကောင်ကျွေး၊ နှစ်ကောင် သုံးကောင်စား၊ ကင်းယူတတ်ရပါမယ်။ ကျားထိုး ကစားသလိုပေါ့။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်တခုက ကိုယ့်ကျားကို မကျွေးချင်ဘူး။ မှန်တယ်ထင်ရင် လူမုန်းခံရမှာလည်း မကြောက်ဘူး။ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲတယ်။ သခင် သန်းထွန်းနဲ့ ကွန်မြူနစ်တွေ နာလောက်အောင် ပြောတတ်တယ်။ သခင်သန်းထွန်းက ဒီနေရာမှာ အတုယူလောက်တယ်။
  • 13. စိတ်နိုင်တယ်၊ အကွက်ကို မပြဘူး။ အချင်းချင်းကြားမှာ သခင်သန်းထွန်းရဲ့ နာမည်က “ကြောင်လက်သဲ”၊ သခင် သန်းထွန်းထက် စိတ်နိုင်ပြီး ကြောက်စရာ ကောင်းတာက - ကမ္ဘောဒီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင် လူသတ်ကောင် ပိုလ်ပေါ့ (Pol Pot) ပါပဲ။ အမြဲ ပြုံးနေတယ်။ ဘာလုပ်မယ် ဆိုတာ မသိရဘူး။ ခမာရု(ပ်) Khmer Rogue တွေ ၁၉၇၅ ဧပြီမှာ အာဏာ ရပြီးတာတောင် သူတို့ရဲ့ ခေါင်းဆောင် ဘယ်သူဆိုတာ မသိရဘူး။ Brother Number One by David P. Chonler ရဲ့ စာအုပ်ကို ဖတ်ကြည့်ပါ။ ဆိုရှယ်လစ်ပါတီမှာ ပညာတတ်တွေက အသာရပြီး ပညာတတ် မာနနဲ့ မှားခဲ့ကြသလို ကွန်မြူနစ်ပါတီကတော့ ပြောင်းပြန်၊ ပညာတတ်တွေ အနှိမ်ခံဘ၀ ရောက်ခဲ့ကြပါတယ်။ ကွန်မြူနစ်ပါတီ ထောင်စဉ်က ရဲဘော် ဘတင် (ဂိုရှယ်) ဟာ ထက်မြက်တဲ့ နေရာမှာ သခင်သန်းထွန်းထက် သာတယ်လို့ သခင်နုက သတ်မှတ်ထားခဲ့ ဖူးပါတယ်။ (တာတေစနေသား - စာမျက်နှာ ၁၂၃) ။ ကွန်မြူနစ် ပါတီကို လက်နက်ကိုင် တော်လှန်ဖို့ တွန်းပို့လိုက်တဲ့ ရာဇ၀င်တင်မယ့် - မြန်မာနိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကျွန်ုပ်တို့ လုပ်ငန်းစဉ် On the Present Political Situation in Burma and Our task ကို ရေးခဲ့တာ ရဲဘော်ဘတင်ပါ။ (တာတေ စနေသား - စာမျက်နှာ ၁၂၅ - Martin Smith : Burma Insurgency and the Politics of Ethnicity Pg 71) ကို ကြည့်ပါ။ ရဲဘော်ဘတင်ဟာ တောက်လျောက် သခင်သန်းထွန်းကို ရင်ဘောင်တန်း ထိုးစစ်ဆင် ဆန့်ကျင်ခဲ့တဲ့နောက် ဖြုတ်-ထုတ်-သတ်မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ Bertil Lintner ရဲ့ Burma in Revolt နဲ့ The Rise and the Fall of CPB မှာ ပညာတတ်တွေ ဘယ်လို အနှိမ်ခံရတယ် ဆိုတာကို ဖော်ပြထားပါတယ်။ မျှော်လင့်တကြီးနဲ့ ကွန်မြူနစ် ပါတီကို အားကိုးပြီး တောခိုခဲ့ကြတဲ့ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ က ကွန်မြူနစ် ကျောင်းသားတွေ (ထိပ်) ပေါ်မှာ ‘၀’ အကွက် ခံရတာ စိတ်မကောင်းစရာပါ။ ပညာတတ်မာန၊ ပညာတတ်ဉာဉ်၊ ပညာတတ်၊ ပညာမဲ့တွေရဲ့ပဋိပက္ခဟာ အခုခေတ်အထိ တွေ့ကြုံ ရတတ်ပါတယ်။ ကျနော်ဟာ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်ပေမယ့် ဥက္ကဋ္ဌကြီးမော် ပြောသွားတဲ့ ပညာတတ်၊ ပညာမဲ့ ပဋိပက္ခမှာ ပညာတတ်တွေက တာဝန်ယူရမယ် ဆိုတာကိုတော့ သဘောကျပါတယ်။ ဒေါက်တာ ဇာနည်တို့ တံလျှပ်ကို ရေထင် မိတာတွေဟာ ပညာတတ် မာနတွေပါပဲ။ တကယ့် လက်တွေ့မှာလည်း အကြောင်းတိုက်ဆိုင်ရင် ပညာတတ်မာနတွေ တက်တတ်ပါတယ်။ စာရေးသူ ကျနော်လည်း အပြစ်မကင်းပါဘူး။ သတိရှိတာတောင် တခါတရံ ပညာတတ်မာန ၀င်ပြီး လူတဖက်သားကို အထင်သေးတဲ့ မျက်စိနဲ့ ကြည့်မိတာတွေ ရှိပါတယ်။ သတိထားနိုင်မှ တော်ရုံကျပါမယ်။ ကျနော့်အတွေ့အကြုံကို ကိုးကား ရှင်းပြပါရစေ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ကိုလိုနီစနစ် ဆိုးကြီး ပျက်သုန်းချိန်မှာ ကွန်မြူနစ် စနစ်ဟာ ‘အဆီနဲ့ဝင်းဝင်း ဤငါးကြင်း’ ဆိုသလို လူတိုင်းနှစ်ကြိုက်ခဲ့တာ အမှန်ပါ။ ကွန်မြူနစ် စနစ်ကို တကယ် ကျင့်သုံးကြည့်မှ အထက်လန် အောက်လျှော ၀မ်းနာကုန်ပြီး ဒီကနေ့ Globalization နဲ့ ဒီမိုကရေစီ ခေတ်မှာ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဆိုတဲ့ - ကွန်မြူနစ် အတွေးအခေါ်ဆိုတာ - စစ်အာဏာရှင် စနစ်အပါအ၀င် တခြား စစ်အာဏာရှင် စနစ်တွေနဲ့အတူ ကျဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကိုထွန်းအောင်ကျော် စီစဉ်တဲ့ ဆွေးနွေးပွဲကို ဗန်းပြပြီး အမေရိကားမှာ ခုံဆင်းခဲ့တဲ့၊ အင်တာနက်မှာ ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်နဲ့ ဟိုလူ့ဆော် ဒီလူ့ဆော် လုပ်တတ်တဲ့ ရောင်စုံ နိုင်ငံရေးလို့ ပြောရမယ့် လူရွယ်တဦးက ဦးကျော်ငြိမ်းကို အားအားနေ တိုက်ခိုက်တာ မြင်ရတော့ ကျနော် ပြန်သုံးသပ် ကြည့်မိပါတယ်။ ဒီလူရွယ်ဟာ အင်္ဂလိပ်လို (Wannabe) - ဗမာလိုတော့ (ဖြစ်ချင်သူလို့ အဓိပ္ပာယ် ထွက်ပါတယ်။ (၁) Intellect လို့ ခေါ်တဲ့ ပညာတတ် ဖြစ်ကြောင်း