O slideshow foi denunciado.
Utilizamos seu perfil e dados de atividades no LinkedIn para personalizar e exibir anúncios mais relevantes. Altere suas preferências de anúncios quando desejar.
အမေရိကန် ဆပ်ပရိုင်း (Sub-prime) ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေး ပြဿနာ အပိုင်း (၁)
ဘိုဘိုကျော်ငြိမ်း Friday, 04 April 2008...
အလုပ်ရှာရခက်မယ်။ အမေရိကန်မှာ နေထိုင်တဲ့ သူတွေ ဒုက္ခ တွေ့နိုင်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး
စီးပွားရေးနိုင်ငံနဲ့ ထုတ်ကုန်...
2008 မှာ Housing Boom/Bust ၊ အမေရိကန်ပုံစံမှာ စီးပွားရေးတက်ပြီး ပြုတ်ကျမှု ဖြစ်စမြဲပါ။
Boom နဲ့ Bust ဆိုတာ ဘာလဲ?
ဘာကြောင့် ...
ဒါကြောင့် အမေရိကန်ပြည်ဟာ အရင်းရှင်းစနစ်စစ်စစ် ဖြစ်တယ်။ ပညာတတ်ရင် ကြိုးစားချင်စိတ် ရှိသူတွေအတွက်
ကောင်းပေမယ့် ပညာမဲ့ရင် ကြိ...
ဘာကြောင့်လဲ?
နိုင်ငံတိုင်းမှာ ၄င်းတို့သုံးတဲ့ ငွေကြေး ရှိကြသည်။ အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ။ ဂျပန်က ယန်း။ တရုတ်က
ယွမ...
http://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal) မှာလည်း ကြည့်နိုင်ပါသည်။
ထိုင်းနိုင်ငံရဲ့ ဂျီအန်ပီ ဟာ ဒေါ်လ...
American Dream ဆိုတာက လူတိုင်း အိမ်ပိုင်နိုင်ရမယ် ဆိုတဲ့ ခံယူချက်ပါ။
အိမ်ဝယ်ချင်ရင် ငွေချေးရပါမယ်။ ငွေချေးဖို့ (ချေး) တဲ့လ...
ကောင်းပြီ ၊ ကုမ္မဏီ ABC ဟာ ငွေ (၁ဝ) သန်း ရင်းပြီး အိမ်တလုံးကို ပျမ်းမျှ (၂) သိန်း ချေးရင် အိမ်အလုံး (၅ဝ)အတွက်
ချေပြီး Servi...
ဈေးကွက်တို့ရဲ့ ဈေးကွက်စနစ် ကွားခြားတာကို သတိရှိစေချင်လို့ပါ။ ခုလဲ အာဏာရှင် စနစ်ဆိုးကြောင့် အစိုးရက
ဘာမဆို (ချုပ်ကိုင်) လ...
ကြပြန်ရော။ အိမ်ဈေးကွက်တက်တော့ လူတွေကလည်း လောဘထွက်လာပြီး ဒုတိယအိမ်ကို ရင်းနှီးမှုအတွက်
ဝယ်ပြီးငှားစား။ ရင်းနှီးမြုပ်နှံမှုကလ...
prime လူတွေက Mort age ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ
သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့...
ကမ္ဘာကြီးနဲ့အတူ အမေရိကန် အစိုးရ အပါအဝင် သိကြတော့တယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်လောက်မှာ အမေရိကန်စီးပွားရေးအတွက် တာဝန်ရှိတဲ့...
လက်ရှိပြဿနာဟာ ၁၉၃ဝ ခုနှစ်များမှာ ဖြစ်ခဲ့တဲ့ The Great Depression လို့ ခေါ်တဲ့ အဆိုးဆုံး
စီးပွားရေးကပ်ကြီးအပြီး အဆိုးရွားဆုံ...
ငွေမလည်တော့ လုပ်ငန်းတွေနှေး၊ ဒီတော့ အပိုလူတွေလျှော့၊ အပိုပစ္စည်းတွေ မဝယ်နိုင်ကြတော့၊ အားလုံး
ရောင်းအားကျနဲ့ စီးပွားရေးနှေးေ...
တခါ ဗုဒ္ဓဂါရာကို အသွား ဟိန္ဒူဘုရားကျောင်းတခုကို ဝင်ကြည့်ကြပါတယ်။ ဒီဘုရားကျောင်းအတွင်းမှာ
အဝိုင်းပုံသဏ္ဍာန် ရေချိုးရာနေရာကိုလည်...
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Stock.bond.economy.and.business.bo bo.kyawnyein
Próximos SlideShares
Carregando em…5
×

Stock.bond.economy.and.business.bo bo.kyawnyein

387 visualizações

Publicada em

Stock Bond Economy and Business for Myanmar and World

Publicada em: Economia e finanças
  • Seja o primeiro a comentar

Stock.bond.economy.and.business.bo bo.kyawnyein

  1. 1. အမေရိကန် ဆပ်ပရိုင်း (Sub-prime) ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေး ပြဿနာ အပိုင်း (၁) ဘိုဘိုကျော်ငြိမ်း Friday, 04 April 2008 14:00 - မြန်မာစံတော်ချိန် "အိမ်ဈေးတွေလဲ အတက်ရပ်သွားရော ခုန လူလည်နည်းနဲ့ ချေးထားတဲ့သူတွေရဲ့ ချေးငွေ Loan တွေ ပြဿနာပေါ်တာကို မရှင်းနိုင်ကြတော့ဘူး၊ ဝယ်ကတည်းက မိမိရဲ့ ငွေတပြားမှ ရှေ့ မှာ မပေးခဲ့ရတော့ အထူးသဖြင့် Sub-prime လူတွေက Mort age ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့ဘဲ အရှုံးပေါ် တော့တာပေါ့။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု Investment Bank ကြီးတွေဟာ ဘီလျံနဲ့ ချီပြီး ရှုံးတော့ တခြားဘဏ်တွေလဲ ကြောက်ပြီး ငွေချေးတာကို ကြပ်ပစ်ကြတော့ အမေရိကားမှာ Credit Crunch လို့ ခေါ်တဲ့ ငွေချေးရခက်တဲ့ ပြဿနာ ပေါ်လာတယ်။ ငွေချေးရခက်ရင် လုပ်ငန်းတွေ နည်းသွားပြီး Economic Slow Down လို့ခေါ်တဲ့ စီးပွားရေး နှေးကွေးမှု ဖြစ်တယ်။ ကမ္ဘာ့ဘဏ်တွေနဲ့ တကမ္ဘာလုံးရှိတဲ့ ငွေတတ်နိုင်သူတွေလဲ အထိနာကြတာပဲ။ အမေရိကန်မှာ လူ(၃)သန်းလောက် အိမ်တွေကို စွန့်သွားရတယ်လို့ ခန့်မှန်းကြတယ်" ။ ဒီဆောင်းပါးဟာ မြန်မာလူငယ်တွေ ဗဟုသုတတိုးစေဖို့ ရည်ရွယ်တာပါ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးမို့ တချို့က ပျင်းစရာလို့ ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမဲ့ တိုင်းပြည်ကို ခေတ်မှီတိုးတက်အောင် တည်ဆောက်ချင်တဲ့ စေတနာရှိရင် စီးပွားရေးပညာကို လေ့လာနားလည်ရပါမယ်။ တိုင်းပြည် ဒီမိုကရေစီရရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လက်ရှိ လူငယ်တွေအပေါ် မူတည်မှာပါ။ ဒါကြောင့် စေတနာရင်းမှန်နဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ယနေ့ခေတ်မှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အမေရိကန်စီးပွားရေး နှာစေး၊ ချောင်းဆိုး၊ အအေးမိရင် ကမ္ဘာမှာရှိတဲ့ ကျန်တဲ့နိုင်ငံတချို့လဲ လေဟပ်ခံ ရပါတော့တယ်။ ဒါကြောင့် မနေ့တနေ့က အမေရိကန်စီးပွားရေးဟာ Recession လို့ခေါ်တဲ့ စီးပွားရေး ကျဆင်းမှု ဖြစ်နေပြီဆိုတဲ့ စိုးရိမ်မှုနဲ့ ဝေါလ်စထရိ Wall Street မှာ စတော့ stock ဈေးတွေ ထိုးကျတာကြောင့် အာရှဈေးကွက်နဲ့ ဥရောပဈေးကွက် မှာလည်း ဈေးတွေ ထိုးကျခဲ့ရပြီး စီးပွားရေး မငြိမ်မသက် ဖြစ်ခဲ့ရပါတယ်။ ထို့အပြင် အမေရိကန်ဒေါ်လာ တန်ဖိုးထိုးကျပြီး ရွှေဈေးနဲ့ရေနံဈေးတွေ ထိုးတက်ပြီး ကမ္ဘာဘဏ်တွေနဲ့ ကမ္ဘာစီးပွားရေးဈေးကွက် မငြိမ်မသက် ဖြစ်တာကြောင့် အမေရိကန် ဗဟိုဘဏ် Federal Reserves က ဘဏ်အချင်းချင်း ချေးတဲ့အတိုးနှုန်းကို (0.75 basic-point)၊ ဝ.၇၅ အမှတ်အထိ ပုံမှန် အစည်းအဝေးလုပ်တဲ့ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့မှာ တကြိမ် ထပ်ချပေးခဲ့ရပါတယ်။ထို့နည်းတူ ဇန်နဝါရီလ (၂၂) ရက် ၂ဝဝ၈ မှာ (0.75basicpoint) အရေးပေါ် ချပေးခဲ့ရပါတယ်။ ယနေ့ အမေရိကန်စီးပွားရေး လောကမှာ ရင်ဆိုင်နေရတဲ့ Sub-prime ပြဿနာဟာ ဘာလဲ? ဘာကြောင့် Sub Prime ပြဿနာ ပေါ်ရတာလဲ? ဘာကြောင့် အမေရိကန် ပြဿနာဟာ ကမ္ဘာစီးပွားရေးကို ထိခိုက် ရိုက်ခတ်ရတာလဲ? ဘာကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ထိုးကျရတာလဲ။ ဒီ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမှာလဲ? ဒီပြဿနာဟာ မိမိနဲ့ ဘယ်လိုဆိုင်သလဲ? ဆိုတာတွေကို သိလို့ မေးခွန်းထုတ် လိုသူတွေ ရှိမှာပါ။ အမေရိကန်ရဲ့ Sub-prime ပြဿနာကို မဖြေရှင်းနိုင်ရင် အမေရိကန်ပြည်မှာ စီးပွားရေး ကျဆင်းမှု Recession နဲ့ ရင်ဆိုင်ရပါမယ်။Recession ဆိုတာက စီပွားရေး ကျဆင်းမှု ဖြစ်တဲ့အတွက် အလုပ်ရှိသူတွေ အလုပ်ပြုတ်မယ်
  2. 2. အလုပ်ရှာရခက်မယ်။ အမေရိကန်မှာ နေထိုင်တဲ့ သူတွေ ဒုက္ခ တွေ့နိုင်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနဲ့ ထုတ်ကုန်၊ သွင်းကုန် အများဆုံးနိုင်ငံ ဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံရေးအများရဲ့ စီးပွားရေးဟာ အမေရိကန် နိုင်ငံကို တင်ပို့ရတဲ့ ပို့ကုန် အပေါ် မူတည်နေကြတာကြောင့် အမေရိကန်နိုင်ငံဟာ ၄င်းရဲ့စီးပွားရေး အခက်အခဲကြောင့် သွင်းကုန်ကို လျော့ချခဲ့ရင် နိုင်ငံအများရဲ့ ပို့ကုန်တွေ ထိခိုက်နိုင်တာကြောင့် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Sub-prime ပြဿနာဆိုတာ ဘာလဲ? ဘယ်က အရင်းခံတာလဲ? ဆိုတာကို ဆန်းစစ် ကြည့်ရအောင်။ ဒါပေမဲ့ အဦးဆုံးအမေရိကန်နိုင်ငံရဲ့ စီးပွားရေး အခြခံနဲ့ ပကတိအနေအထား လုပ်ထုံးလုပ်ဟန်နဲ့ စီးပွားရေးစနစ်ကို သိဖို့ လိုအပ်ပါတယ်။ စီမံကိန်း စီးပွားရေး ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးကြောင့် ဆိုဗီယက် ကွန်မြူနစ်နဲ့ ကမ္ဘာ့ကွန်မြူနစ် စနစ်ကြီး မြေမြုပ် သဂြိုလ်ခံရပြီး နောက်ပိုင်းကမ္ဘာကြီးမှာ ဈေးကွက်စီးပွားရေးစနစ်ပဲ ရှင်သန် ကျန်ရစ်ပါတော့တယ်။ သို့သော် ဈေးကွက်စီးပွားရေးစနစ်ကို ဖေါ်ဆောင်ရာမှာ ပုံသဏ္ဍန် Model အမျိုးမျိုး ရှိကြပါတယ်၊ အကြမ်းအားဖြင့် အမေရိကန်ပုံစံ ၊ ဥရောပပုံစံ နဲ့ တရုတ်ပုံစံ လို့ နောက်ဆုံး ခွဲခြားနိုင်ပါတယ်။ ဒ်ီပုံစံ အမျိုးမျိုးမှာ အမေရိကန်ပုံစံက ဈေးကွက်ကို (လွှတ်) အပေးဆုံးပဲ။ အစိုးရကဝင်ပြီး မထိန်းချုပ်ဘူး။ စည်းမျဉ်း၊ စည်းကမ်း အနည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဥရောပပုံစံနဲ့ တရုတ်ပုံစံက အစွန်းမရောက်ရအောင် ထိန်းချုပ်မှု ပိုရှိတယ်။ နောက်မှ ဒီပုံစံတွေကို ယှဉ်ပြီး ဆွေးနွေးတင်ပြပါမယ်။ အရင်းရှင်စနစ်ကို အခြေခံတာက လောဘ၊ တွန်းပို့တဲ့ တွန်းအားနဲ့ ပြိုင်ဆိုင်မှုပဲ။ ဘယ်ပစ္စည်းဟာ လူကြိုက်များပြီး ရောင်းရမယ် ဘယ်ပစ္စည်းကိုတော့ လူမကြိုက်၍ မရောင်းရပါ ဆိုတာက ဈေးကွက်က ဆုံးဖြတ်တယ်။ ဒီဈေးကွက်ကို အဆုံးအဖြတ်ပေးတာက စားသုံးသူ ဖြစ်တယ်။ ဈေးကွက်မှာ ဈေး (သို့) တန်ဖိုးကို ဆုံးဖြတ်တာက Supply & Demand လို့ ခေါ်တဲ့ ထုတ်လုပ်နိုင်မှုနဲ့ လိုအပ်မှုတို့ကပဲ ဖြစ်တယ်၊ ဥပမာ - ယနေ့ ကမ္ဘာကြီးမှာ လူဦးရေသန်း ၆ဝဝဝ နဲ့ သန်း ၇ဝဝဝ အကြား ရှိပါတယ်။ တကမ္ဘာလုံးအတွက် တနေ့ ရေနံစည် ၈ဝသန်း လိုခဲ့ရင် တနေ့ ၈ဝသန်းကျော်ကျော် ထုတ်နိုင်လို့ ဈေးကွက်မှာ ရေနံတွေ ပေါများနေရင် ရေနံဈေးကျမယ်။ အကယ်၍ လိုတာက (၈ဝ)သန်း၊ ထုတ်နိုင်တာက (ရဝ)သန်းပဲရှိရင် ရေနံဈေးဟာ ထောက်လျောက် တက်နေမှာပါ။ ဒါကြောင့် အရင်းရှင်စနစ်နဲ့ ဘုရားတဆူလို့ ပြောလို့ရတဲ့ အဒန်စမစ်က မမြင်ရတဲ့ လက်ဆိုပြီး သုံးနှုန်း သွားပါတယ်။ အရင်းရှင်စနစ်ကို လေ့လာချင်ရင် Adam Smith ရေးတဲ့ Wealth of Nations စာအုပ်ကို ဖတ်သင့်ပါတယ်။ ဒီလို ဈေးကွက်ပေါ်မှာ မူတည်ပြီး (လောဘ) ကို အခြေခံတဲ့ စီးပွားရေးစနစ်မှာ တကိုယ်ကောင်းဆန်တဲ့ လူညာတွေ အများအပြား ရှိတတ်ပါတယ်။ ဒါကြောင့် အရင်းရှင် စီးပွားရေးစနစ်ကို ဖေါ်ဆောင်ရင် ခိုင်မာတဲ့ ဥပဒေနဲ့ အစိုးရရဲ့ စောင့်ကြပ်မှု စည်းမျဉ်း ရှိရပါတယ်။ သို့သော်လည်း စည်းမျဉ်း သိပ်တင်းကြပ်ရင် စီးပွားရေးအောင်မြင်မှု ခက်ခဲမှုရှိပြီး သိပ်လျော့လွန်းရင်လည်း အတက်အကျ ပြင်းထန်တတ်ပါတယ်၊ အမေရိကန်တွေရဲ့ အတွေးအခေါ်က အစိုးရက အနည်းဆုံး ကြပ်မတ်ရမယ်။ ဈေးကွက်က တာဝန်ယူပါစေလို့ ယုံကြည်တာကြောင့် ယနေ့ကမ္ဘာကြီးမှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ အလွတ်လပ်ဆုံး ဖြစ်သလို အမေရိကန်စီးပွားရေးမှာ Boom & Bust Cycle လို့ ခေါ်တဲ့ စီးပွားရေး တဟုန်ထိုးတက်မှုနဲ့ ပေါက်ကွဲပြုတ်ကျမှုဟာ ဒွန်တွဲ နေတတ်ပါတယ်။ ၁၉၈ဝခုနှစ်များက သမ္မတ ရေဂင် လက်ထက်မှာ Real Estate & Thrift Boom/Bust ၁၉၉ဝခုနှစ်များက Tech (Internet) Boom/Bust ၊ ယ္ခု
  3. 3. 2008 မှာ Housing Boom/Bust ၊ အမေရိကန်ပုံစံမှာ စီးပွားရေးတက်ပြီး ပြုတ်ကျမှု ဖြစ်စမြဲပါ။ Boom နဲ့ Bust ဆိုတာ ဘာလဲ? ဘာကြောင့် Boom နဲ့ Bust ကို မထိန်းကွပ်တာလဲ? Boom နဲ့ Bust ကိုပြောမယ်ဆိုရင် အမေရိကန်ရဲ့ လက်ရှိ စီးပွားရေးအနေအထားကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ၂ဝ ရာစု နှစ်လောက်ကတည်းက ခေတ်နဲ့အမှီ တိုးတက် ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံအဆင့်ကို ရောက်ခဲ့ပြီမို့ ရာစုနှစ်တခုမျှ ငွေစုဆောင်းပြီးသား ချမ်းသာပြီး နိုင်ငံအဖြစ် တည်ရှိပါတယ်။ အရင်းရှင်စနစ်မှာ ငွေကို သုံးပြီး ငွေရှာရတဲ့ Wealth Creation ဆိုတာ အရေးကြီးပါတယ်။ တနည်းအားဖြင့် ငွေရှိပြီးသူ လူတန်းစား ပိုမိုငွေရရှိ ပိုမို ကြွယ်ဝချမ်းသားဖို့ ငွေရှာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငွေရနိုင်မဲ့ အကွက် (သို့) ဈေးကွက်ကို ဖေါ်ထုတ်ကြပါတယ်။ အဲဒီအကွက် (သို့) ဈေးကွက်တွေ့ရင် ငွေရင်းရှိတဲ့ ငွေရှင်တွေက ငြွှေမှပ်နှံလုပ်ရင်း ငွေရှာကြပါတယ်။ ဥပမာ ၁၉၈ဝ ခုနှစ်များ သမ္မတ ရောနယ်ရီဂင် လက်ထက်က ဈေးကွက် (၂) နေရာမှာ တဟုန်ထိုးတက်မှု ဖြစ်ပါတယ်။ တခုက ငွေစုငွေချေး ကုမ္ပဏီတွေ၊နောက်တခုက အိမ်ရာ၊မြေ၊ အဆောက်အဦး ဈေးကွက်တွေ ဖြစ်တယ်။ အိမ်ယာ၊ မြေ၊ အဆောက်အဦး ဈေးကွက်မှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေအဆောက်အဦး၊ ဆိုလိုတာက မောလ်လိုဈေးဆိုင်တွေ ဖွင့် ၊ အဆောက်အဦး (သို့) ရုံးခန်း တွေဆောက်ပြီး အခန်းငှား စားတာပေါ့။ ဒီလို အိမ်ရာရော ငှားစားတဲ့ အဆောက်အဦတွေ ဈေးတက်တော့ ငွေရှိသူတွေက ရင်းနှီးပြီး အလုအယက် ဝယ်ယူကြတော့ ဈေးထပ်တက်နဲ့ တဟုန်ထိုးတက်တဲ့ Boom ဖြစ်ပါရော။ Boom ဖြစ်တော့ ကုမ္မဏီတွေရော အိမ်ပိုင်ရှင်တွေပါ ချမ်းသာလာတာပေါ့။ ဥပမာ လူတယောက်က ဒေါ်လာ (၂) သိန်းနဲ့ ဝယ်ထားတာ ၆လအကြာ တနှစ်အကြာမှာ ၂ သိန်း ၂ သောင်း ဖြစ်နေပြီဆိုရင် ဒီအိမ်ပိုင်ရှင်က ငွေရေးကြေးရေးအရ ပိုပြီး ယုံကြည်မှုရှိတော့ ငွေသုံးဖို့ ဝန်မလေး လှတော့ဘူးပေါ့။ ဒီလိုဘဲ ကုမ္မဏီတွေက အမြတ်ငွေပိုရနေရင် အဆောက်အဦ (၁ဝ) ခုက (၁၂) ခုထိ တိုးချဲ့မှာပေါ့။ ဒါကြောင့် Boom Time လို့ခေါ်တဲ့ ချမ်းသားမှု တိုးပွားချိန်မှာ ပြည်သူပြည်သားတွေ ငွေရွှင်ပြီး ပိုသုံးဖြုန်းကြတာပေါ့။ ဒီနေရာမှာ ဖြတ်ပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ထူးခြားမှုအကြောင်း တင်ပြလိုပါတယ်။ အမေရိကန်နိုင်ငံဟာ ချမ်းသားပြီးဖြစ်တဲ့ နိုင်ငံဖြစ်တာကြောင့် သူ့နိုင်ငံရဲ့ စီးပွားရေးရဲ့(၂/၃)ဟာ စားသုံးသူပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေနဲ့ အစိုးရရဲ့စရိုက်က စုဆောင်းမှုထက် သုံးစွဲမှု ကို အားပေးတယ်။ အစိုးရရဲ့ Tax code အခွန်ငွေ စည်းမျဉ်းတွေ ကိုယ်နှိုက်က များများသုံးရင် များများသက်သာခွင့် ရပါတယ်။ အမေရိကန်ပြည်မှာ ထိပ်ဆုံး ၁% သော လူချမ်းသားများက နိုင်ငံရဲ့ ကြွယ်ဝမှု ၃ဝ% ကျော်ကျော်ကို ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ အများက လူလတ်တန်းစားတွေ ဖြစ်တာကြောင့် တခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် ပိုချောင်လည်တယ်လို့ ပြောလို့ရပါတယ်။ စိတ်မကောင်းစရာက အောက်ဆုံး ၂ဝ ရာခိုင်နှုန်း ဖြစ်ရင်တော့ မချောင်လှပါ။ အစိုးရထောက်ပံ့မှု ရှိပေမယ့် ဥရောပတို့၊ သြစတြေးလျ တို့လို ရက်ရောမှု မရှိပါ။
  4. 4. ဒါကြောင့် အမေရိကန်ပြည်ဟာ အရင်းရှင်းစနစ်စစ်စစ် ဖြစ်တယ်။ ပညာတတ်ရင် ကြိုးစားချင်စိတ် ရှိသူတွေအတွက် ကောင်းပေမယ့် ပညာမဲ့ရင် ကြိုးစားချင်စိတ် နည်းရင်တော့ မချောင်လှပါ။ Boom - Time မှာ လုပ်ငန်းတွေပေါ ကုမ္မဏီနဲ့လူတွေ ဝင်ငွေရွှင်ရင် များများသုံး ဒါကြောင့် အစိုးရက ဝင်မနှောင့်ယှက် မတားဆီးပါ။ ထို့အပြင် အမေရိကန်နိုင်ငံဟာ ဒီမိုကရစီ အခြေခိုင်တဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိတယ်လို့ ယူဆကြတာကြောင့် တကမ္ဘာ့လုံးက ငွေရှင်ကြေးရှင် တွေ ကလည်း Boom Time မှာအမေရိကန်မှာ မြှုပ်နှံအရင်းပြု လုပ်ကြတာကြောင့် Boom Time ငွေရွှင်ကြပါတယ်။ ဈေးတွေ အဆမတန် တက်ပါရင် တချိန်မှာ ဈေးကွက်က ထိုးချလေ့ ရှိပါတယ်။ ဒါကို Bust လေပူဖေါင်း ပေါက်ကွဲသလို ပေါက်ကွဲကျဆင်းမှု ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလို Bust မဖြစ်ခင်တနှစ်၊ နှစ်နှစ်လောက် ကတည်းက စေတနာရှင် ပညာတတ်တွေ အတွေကြုံရှိသူတွေက သတိပေးလေ့ ရှိပါတယ်။ ဥပမာ - ၁၉၉ဝ ခုနှစ်တွေက အင်တာနက်စတော့ မတရားဈေးတက်တော့ သတိပေးသူတွေ အများအပြား ရှိပါတယ်။ အများက လောဘဇောတက်နေတာကြောင့် သတိမမူ မိကြပါ၊ ပိုက်ဆံချမ်းသာသူများကတော့ ကြေးစားတွေကို ငွေပေးခိုင်းတာကြောင့် Bust ဖြစ်တာနဲ့ စတော့တွေ ရောင်းပြီး ငွေပုံမှာ ထိုင်နေလေ့ ရှိပါတယ်။ Bust မှာ ဒုက္ခရောက်လေ့ ရှိတာက အတွေ့အကြုံမရှိတဲ့ လောဘသား အများစု ဖြစ်တယ်။ Bust ဖြစ်ရင်ဘာဖြစ်သလဲ? Bust ဖြစ်ရင် တနာရီမိုင် (၁ဝဝ) နှုန်းနဲ့ မောင်းနေတဲ့ကားကို ရုတ်တရက် ဘရိတ်အုပ်လိုက်သလို Boom ဖြစ်နေတဲ့ စတော့ဈေးတွေ ထိုးကျပါတယ်။ ဥပမာ - ၁၉၉ဝ ခုနှစ်များအကုန် ၂ဝဝဝခုနှစ် တွေတုန်းက အင်တာနက်စတော့ ဈေးတွေထိုးကျတော့ ကုမ္မဏီတွေ လူတွေ ရှုံးကြတော့ တပြည်လုံးမှာ ယုံကြည်မှု နည်းပြီးတော့ လူတွေက အသုံးရပ်သွားသလို ကုမ္မဏီတွေကလဲ အသုံးရပ်သွားတယ်။ ဒါ့အပြင် လူပိုတွေ လျော့ချရတော့ လူတွေအလုပ်လက်မဲ့ ဖြစ်ကုန်တာပေါ့။ ဘဏ်တွေကလည်း ငွေလွယ်လွယ် မချေးတော့ပါ။ ဒါကို Credit Crunch လို့ ခေါ်ပါတယ်။ Boom Time မှာ တချိန်တိုးတက်ကြွလှုပ်ရှားနေတဲ့ အမေရိကန်စီးပွားရေးဟာ Bust ဖြစ်တာနဲ့ အရှိန်လျော့ Slow Down ဖြစ်သွားတယ်။ ကြမ်းရင်တော့ Recession လို့ ခေါ်ပြီး သိပ်ဆိုးဝါးရင် Depression လို့ ခေါ်ပါတယ်။ ကောင်းပြီ တိုင်းပြည်ရဲ့ စီးပွားရေး ဒုက္ခရောက်ရင် ဘယ်သူက ကယ်နိုင်သလဲ? ဘယ်သူက တာဝန်အရှိဆုံးလဲ? ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ် ဆိုတာကို ရှင်းပြဖို့ လိုလာပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ်ကို ၁၉၁၃ ခုနှစ်မှာ ကွန်ဂရက်က ဥပဒေပြုကာ တည်ထောင်ခဲ့ပါတယ်။ ဒိအပြင် အမေရိကန်နိုင်ငံမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်ခွင့် ရှိရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ရာက ယနေ့ အမေရိကန်နိုင်ငံရဲ့  ဗဟိုဘဏ်ဟာ လွတ်လပ်စွာ ရပ်တည်လျက် ရှိပါတယ်။ ဗဟိုဘဏ်ကို အမေရိကန်သမ္မတက သော်လည်းကောင်း၊ ကွန်ကရက်အမတ်တွေက လည်းကောင်း အမိန့်ပေးခွင့် မရှိပါ။ ဒါကြောင့် စီးပွားရေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်ဟာ လွန်စွာ အရေးကြီးတာကြောင့် ဗဟိုဘဏ် ဥက္ကဌဟာ အမေရိကန်နိုင်ငံမှာ အင်မတန် အာဏာကြီးသည်။
  5. 5. ဘာကြောင့်လဲ? နိုင်ငံတိုင်းမှာ ၄င်းတို့သုံးတဲ့ ငွေကြေး ရှိကြသည်။ အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ။ ဂျပန်က ယန်း။ တရုတ်က ယွမ်နဲ့ ဥရောပ ယူရို တို့ ဖြစ်ကြပါတယ်။ ဒီငွေကြေးကို ဗဟိုဘဏ်တွေက တာဝန်ယူ ကြရပါတယ်။ အမေရိကန်နိုင်ငံက ကြီးလွန်းတော့ ဒေသအလိုက် ခွဲထားပါတယ်။ ဆိုင်ရာဒေသမှာ ရှိတဲ့ဘဏ်တွေက အချက်အလက် မှန်သမျှကို ဒေသဗဟိုဘဏ်ဖြစ်တဲ့ Regional Federal Reserve ကို အစီရင် ခံရပါတယ်။ ဒေသဗဟိုဘဏ် ဥက္ကဋ္ဌ တွေပါတဲ့ ဖက်ဒရယ်ဈေးကွက် ကော်မတီ (Federal Open Market Committee) က အစည်းအဝေးထိုင်ပြီး မဲခွဲကာ အမေရိကန်ရဲ့ ငွေကြေးပေါ်လစီ Monetary Policy ကို ချမှတ်ရပါတယ်။ နိုင်ငံတိုင်းမှာ Monetary Policy နဲ့ ဘတ်ဂျတ်အသုံး ပေါ်လစီ Fiscal Policy ဆိုတာရှိပါတယ်။ Monetary policy ကို အမေရိကန်နိုင်ငံမှာ ဗဟိုဘဏ်က လွပ်လွတ်လပ်လပ် ချမှတ်ခွင့် ရှိပြီး Fiscal policy ကို သမ္မတနဲ့ ကွန်ကရက်က ချမှတ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးနဲ့ ၄င်းရဲ့ ငွေကြေး တန်ဖိုးဟာ ၄င်းနိုင်ငံရဲ့ ငွေကြေးပေါ်လစီနဲ့ ဘတ်ဂျတ်အသုံး ပေါ်လစီတို့ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံအများရဲ့ ဗဟိုဘဏ်တွေရဲ့ အဓိကတာဝန်က ငွေကြေးဖေါင်းပွမှုကို ထိန်းကွပ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ စီးပွားရေးတိုးတက်မှုကို ဦးစားပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဗဟိုဘဏ် ဟာ စီးပွားရေးတိုးတက်မှု အတွက်လဲ ကြပ်မတ်ရပါတယ်။ ဒီမှာ ဖြတ်ပြီး ငွေကြေးဖောင်းပွမှု နဲ့ ပတ်သက်လို့ ဆွေးနွေးပါရစေ။ အမေရိကန်လို နိုင်ငံတွေမှာ စားသုံးသူ ဈေှးနှုန်းတွေ တက်လာရင် ရင်တမမနဲ့ စိုးရိမ်ကြတယ်။ ငွေကြေးဖောင်းပွမှု ဟာ သုည ဒဿမသုည နှစ် (ဝ.ဝ၂) ရာခိုင်နှုန်း တက်လာရင်ပဲ စိုးရိမ်မကင်း ဖြစ်ကုန်ကြပြီ။ တာဝန်ကင်းမဲ့တဲ့ မြန်မာနိုင်ငံမှာတော့ တိုင်းသူ ပြည်သားတွေအတွက်မငဲ့ဘဲ ဓါတ်ဆီဈေး၊ စီအင်ဂျီ ဈေးတွေကို ၂ဆ ၅ဆ တင်နဲ့ တာဝန်မဲ့စွာ ရမ်းကားတတ်ကြတယ်။ ပိုက်ဆံကိုလဲ ပရမ်းပတာ (ဝါဇီ) ကနေ ရိုက်ထုတ်တာကြောင့် မြန်မာနိုင်ငံမှာ ငွေဖောင်းပွဟာ ပရမ်းပတာ ကြီးထွားလျက် ရှိတာပါ။ တာဝန်သိတတ်တဲ့ အစိုးရနဲ့ တာဝန်မဲ့တဲ့ အစိုးရကွားခြားတာ သိစေချင်တာပါ။ စီးပွားရေး တိုးတက်မှုအကြောင်း ဆက်ပြောကြရအောင်။ ကမ္ဘာ့မှာ အမေရိကန်က Gross National Product ပထမ၊ ဂျပန်က ဒုတိယ၊ ဂျာမဏီက တတိယ အကြီးဆုံးတွေပါ၊ ၂ဝဝဝခုနှစ်က အမေရိကန်ရဲ့ ဂျီအန်ပီ ဟာ အမေရိကန်ဒေါ်လာ (၇) ထရီလီယံ ရှိပါတယ်။ ဂျပန်က ၄ ထရီလီယံ ကျော်ကျော် - ဂျာမဏီက ၃ ထရီလီယံ ကျော်ကျော် ရှိကြပါတယ်။ (1Trillion = 1000 Billions; 1Billion = 1000 millions (American Unit)) ၂ဝဝ၇ခုနှစ်မှာ အမေရိကန် ဂျီအန်ပီက ဒေါ်လာ ၁၃.၇၉ ထရီလီယံ၊ ဂျပန်က ဒေါ်လာ ၄.၃၄၆ ထရီလီယံ၊ ဂျာမဏီက ၃.၂၅၉ ထရီလီယံ ရှိကြပါတယ်။ (၇) နှစ် ကာလအကြာမှာ အမေရိကန်ရဲ့ တိုးတက်မှုဟာ ဒုတိယ ဂျပန်ရဲ့ ဂျီအန်ပီထက် ကြီးမားပါတယ်။ ၂ဝဝ၇ခုနှစ်မှာ တရုတ် ရဲ့ ဂျီအန်ပီ ဟာ ဒေါ်လာ ၃.၂၄၉ ထရီလီယံ ခန့်ရှိပါတယ်။
  6. 6. http://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal) မှာလည်း ကြည့်နိုင်ပါသည်။ ထိုင်းနိုင်ငံရဲ့ ဂျီအန်ပီ ဟာ ဒေါ်လာ ၂၂၅.၈ ဘီလီယံရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီအန်ပီ ဟာ (၇-၈) ဘီလီယံခန့် ရှိပြီး ဓါတ်ငွေ့ မပါရင် (၆-၇) ဘီလီယံပဲ ရှိပါတယ်။ (၅၂) သန်းကျော်ကျော် မြန်မာပြည်သားတွေဟာ ဆီ၊ ဆန်၊ ဆား၊ ပဲ၊ ငရုတ်နဲ့ မွေးမြူရေးက ထွက်တဲ့ (၆-၇) ဘီလီယံကို ဝေစားရတာပါ။ ဒါကို စစ်တပ်က ထိပ်ကနေ ခွအုပ်နေတော့ ပြည်သူတွေ ဆင်းရဲရတာပေါ့။ လူဦးရေ ၅ သိန်းကျော်ကျော်သာရှိတဲ့ ဝါရှင်တန် ဒီစီ အစိုးရရဲ့ သုံးငွေဘတ်ဂျက်ကပင် ၆ ဘီလီယံ ကျော်ပါတယ်။ အာဏာရှင်စနစ်ဆိုးနဲ့ စီးပွားရေး မကိုင်တတ်တာကြောင့် ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ဆင်းရဲရတာပါ၊ မှတ်ချက်။ CIA fact book အရ၊ $13-14 Billions (official exchange rate) လို့ ဆိုပါတယ်။ Official Exchange Rate ဆိုတာ အဓိပ္ပယ်မရှိပါ။ အများက လက်ခံတဲ့နံပါတ် (၆-ရ) ဘီလျံကို အသုံးပြုရခြင်း ဖြစ်ပါသည်။ နိုင်ငံတနိုင်ငံရဲ့ ဈေးကွက်ထဲမှာ ငွေသား Currency လုံလုံလောက်လောက် ရှိနေမယ်။ ငွေချေးရတာ သက်သက်သာသာ ရှိနေရင် တိုးတက်မှု လွယ်တယ်။ စီးပွားရေး တိုးတက်မှု အရှိန်ရနေတာပေါ့။ ဒီတိုးတက်မှု အရှိန်နဲ့ ငွေလည်ပတ်မှု မျှတရင် ဈေှးနှုန်းတွေ တည်ငြိမ်ပြီး ငွေဖောင်းပွမှုကို ထိန်းနိုင်တာပေါ့။ ဒါကြောင့် Federal Reserve က liquidity လို့ခေါ်တဲ့ ငွေလည်ပတ်မှုနဲ့ ဘဏ်အတိုးနှုန်းကိုကိုင်ပြီး စီးပွားရေးကို ထိန်းပေးရပါတယ်။ ဘဏ်တခုကနေ နောက်တခုကိုချေးတဲ့ အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးရပါတယ်။ အတိုးနှုန်းများရင် ငွေချေးရတဲ့စရိတ် ကြီးတယ်။ ငွေလည်ပတ်မှုနှုန်း (နှေး)သွားတယ်။ အတိုးနှုန်းနည်းရင် ငွေခြေးရတဲ့စရိတ် နည်းတာကြောင့် ငွေလည်ပတ်မှုနှုန်း(မြန်) တာပေါ့။ Bust ဖြစ်ရင် Credit Crunch လို့ ခေါ်တဲ့ ငွေချေးအားလျော့သွားရင် ဗဟိုဘဏ် က အတိုးနှုန်းလျော့ပြီး စီးပွားရေးကို တွန်းအား ပေးရပါတယ်။ အခု ဘုရှ် အစိုးရနဲ့ ကွန်ကရက် ကလဲ Stimulus Package လို့ခေါ်တဲ့ ၁၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ ငွေကို ပြည်သူတွေကို (Tax Rebate) အခွန်ငွေ ပြန်ပေးတဲ့ပုံစံနဲ့ လူတဦးကို ၈ဝဝ ဒေါ်လာ၊ မိသားတစုကို ၁၆ဝဝ ဒေါ်လာ ပြန်ပေးဖို့ ကြိုးစားနေပါတယ်။ Credit Crunch ကြောင့် ငွေကြပ်ပြီး အသုံးရပ်သွားတာကို ငွေပိုသုံးခိုင်းတာပါ။ ကုမ္မဏီတွေ သုံးစွဲသူတွေ ငွေသုံးရဲလာမှ စီးပွားရေး ဦးထောင်လာအောင်ပါ။ တဖက်ကလဲ ဗဟိုဘဏ်က အတိုးနှုန်းကို ချပြီး စီးပွားရေးထောင်အောင် ကြိုးစားလျက် ရှိပါတယ်။ ၂ဝဝ၁ ခုနှစ်က စခဲ့တဲ့ အိမ်ယာဈေးကွက် တဟုန်ထိုး တိုးတက်မှုဟာ လွန်ခဲ့တဲ့ တနှစ်ခွဲက စပြီး Sub prime လို့ခေါ်တဲ့ ဈေးကွက်ကစပြီး ပြဿနာပေါ်ရာက ပေါက်ကွဲကျဆင်းမှု ဖြစ်လိုက်တာ ချေးငွေတွေ နင်းကန်ထုတ်ထားမိတဲ့ ဘဏ်တွေ အများကြီး အရှုံးပေါ်ရတာ Credit Crunch ဖြစ်တာကြောင့် စီးပွားရေးနှေးကွေးမှု Slow Down ဖြစ်ရပြီး စီးပွားရေးကျဆုံးမှု Recession အန္တရာယ် ရှိနေပါတယ်။ အမေရိကန်မှာ Recession ဖြစ်ရင် လူတွေ အလုပ်ပြုတ်ဒုက္ခနဲ့ ရင်ဆိုင်ရပြီး ကမ္ဘာ့စီးပွားရေး Global Economy ပါ ထိခိုက်နိုင်ပါတယ်။ ဒီတော့ လောလောဆယ် Bust ကို ဖန်တီးတဲ့ Sub-prime ပြဿနာဆိုတာ ဘာလဲ? အမေရိကန်တွေ ဂုဏ်ယူတာ (၂) ခု ရှိပါတယ်။ American Can Do Altitude ဆိုတဲ့ လုပ်နိုင်တယ် ဆိုတဲ့ အမေရိကန် စိတ်ဓါတ်နဲ့ American Dream လို့ခေါ်တဲ့ အမေရိကန်အိမ်မက်ပါ ။
  7. 7. American Dream ဆိုတာက လူတိုင်း အိမ်ပိုင်နိုင်ရမယ် ဆိုတဲ့ ခံယူချက်ပါ။ အိမ်ဝယ်ချင်ရင် ငွေချေးရပါမယ်။ ငွေချေးဖို့ (ချေး) တဲ့လူလဲ ရှိရမယ်။ ချေးမဲ့လူကလဲ Credit History လို့ခေါ်တဲ့ ချေးပြီး မှန်မှန်ပြန်ဆပ်တဲ့ ရာဇဝင်ကောင်း ရှိရပါမယ်။ မိမိငွေကို စည်းကမ်းရှိရှိ ပြန်ဆပ်သူကို (ချေး) ချင်မယ် အကျွေးထူပြီး မှန်မှန်မစပ်သူကို မချေးသလိုမျိုးပေါ့။ ချေးရင်လဲ ရှုံးဖို့ များတယ်။ အန္တရာယ် (Risk) ရှိတယ်ပေါ့။ Credit History ကောင်းတဲ့ ငွေမှန်မှန်ပြန်စပ်တဲ့ သူကို Prime lender ငွေချေးဖို့ အကောင်းဆုံးသူလို့ သတ်မှတ်ပါတယ်။ အကျွေးထူ မှန်မှန်ပြန်မပေးတဲ့ Credit history မကောင်းတဲ့သူ - အန္တရာယ် Risk ရှိသူတွေကို Sub Prime တဆင့်နိမ့်သူလို့ သတ်မှတ်ပါတယ်။ အိမ်တအိမ်ကို ဝယ်ဖို့ ချေးတဲ့ငွေကို Mort age လို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ တိုင်းသူပြည်သားတွေ အိမ်ဝယ်ဖို့ ငွေချေလို့ ရနိုင်အောင် အစိုးရက စနစ်ထောင်ပေး ထားပါတယ်။ ဒါကြောင့် American Dream လို့ ဂုဏ်ယူကြတာပါ။ လူတဦးဟာ ငွေချေးဖို့ (၁) အလုပ်အကိုင်နဲ့ ဝင်ငွေ ပုံမှန်ရှိရမယ်။ (၂) Credit History ကောင်းရမယ်။ (၃) အကြွေးနဲ့ ဝင်ငွေ မျှတရမယ်။ ဒါတွေကို ကျော်နိုင်မှ ငွေချေးနိုင်သူလို့ သတ်မှတ်ခံရပါမယ်။ ဘဏ်ဆိုတာက ဒီလိုစမ်းစစ်တဲ့ နေရာမှာ တင်းကြပ်တတ်ပါတယ်။ ဒါကြောင့် ဘဏ်အပြင် အမေရိကားမှာ အိမ်ဝယ်ဖို့ ငွေချေးတဲ့ကုမ္ပဏီ Mort age Company တွေသက်သက် ရှိပါတယ်။ အိမ်ဝယ်ဖို့ ငွေချေးရင် ဘဏ်သော်လည်းကောင်း၊ Mort age ကုမ္ပဏီတွေက လည်းကောင်း ချေးသူလွယ်လွယ်နဲ့ ထွက်မပြေးအောင် ချေးငွေရဲ့ (၁ဝ ရာခိုင်နှုန်း) ကို အရင် စိုက်ခိုင်းလေ့ ရှိတယ်။ ဒါကို Down Payment လို့ ခေါ်ပါတယ်။ ဒီ့အပြင် ငွေချေးဖို့ ပြင်ဆင် Service Fee တောင်းခံလေ့ ရှိပါတယ်။ ဒေါ်လာ ၅ထောင်၊ တသောင်း လောက် ကုန်လေ့ ရှိပါတယ်။ ဒို့အပြင် လစဉ်ပေးစပ်ရတဲ့ ပေးစပ်ငွေရဲ့ ၉ဝ ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းခန့်ကို အတိုးအတွက် နှုတ်ယူထားပါတယ်။ (ဆုံးရှုံးမှုအန္တရာယ်နည်းအောင်ပါ) ဒါကို Front-loaded ကြိုပြီး ချီထားတာပါ။ ဥပမာ ဒေါ်လာ ၄သိန်းခန့် ချေးပြီး တလ ၂ ထောင် (၂ဝဝဝ) ကျော် ( အနှစ် ၃ဝ) ပေးစပ်ရရင် (၁၉ဝဝ) ခန့်က အတိုးအတွက် ပေးရပြီး (၁ဝဝ) ခန့်သာ Equity ခေါ်တဲ့ အိမ်တန်ဖိုးထဲ ပေးစပ်ကြပါတယ်။ ဒါက လုပ်ထုံးလုပ်နည်းပါ။ ဒီတော့ အိမ်ဝယ်မဲ့ ပြည်သူပြည်သားတွေကို စိစစ် တိုက်ရိုက်ငွေခြေးတဲ့ ဈေးကွက်ကို Primary Mort age Market ပထမ (သို့) အဓိက အိမ်ငွေချေးဈေးကွက် လို့ခေါ်ပါတယ်။
  8. 8. ကောင်းပြီ ၊ ကုမ္မဏီ ABC ဟာ ငွေ (၁ဝ) သန်း ရင်းပြီး အိမ်တလုံးကို ပျမ်းမျှ (၂) သိန်း ချေးရင် အိမ်အလုံး (၅ဝ)အတွက် ချေပြီး Service Fee စားပြီးရင် ငွေကုန်လို့ ထပ်မချေးနိုင်တဲ့ အတိုးထိုင်စားရုံ ရှိတော့မှာပေါ့။ ဒါဆိုရင် ချေးနိုင်တဲ့ ငွေချေးမဲ့ ကုမ္မဏီတွေဘဏ်တွေရဲ့ American Dream လို့ခေါ်တဲ့ လူအများ အိမ်ဝယ်၊ ပိုင်နိုင်ရမယ်ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ ဒ့ါကြောင့် အမေရိကန်ကွန်ကရက်က ငွေရင်း ထုပ်ပေးပြီး ဒုတိယ (သို့) နောက်တန်းဈေးကွက် Secondary Mort age Market ကို ဖေါ်ထုတ်ပေးပါတယ်။ အမေရိကန် ကွန်ကရက်က ငွေရင်းစိုက်ထုတ်ပေးပြီး ဒီအဖွဲ့အစည်းတွေက ကိုယ်ပိုင် ရပ်တည်ရပါတယ်။ ဆိုလိုတာက အစိုးရပိုင်မဟုတ် အစိုးရက (မ)တည်ပေးရုံသာ ဖြစ်၍ ဒီအဖွဲ့အစည်းတွေကို GSE Government Sponsored Enterprise အစိုးရ ဆောင်မပေးသော လုပ်ငန်းများလို့ ခေါ်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ Fannie Mae ဆိုတာ အကြီးဆုံးပါ။ သူက ဥပမာပေးခဲ့တဲ့ ABC ကုမ္မဏီလို လုပ်ငန်းတွေဆီက ချေးပြီးသားငွေသား Loan ကို တဆင့်ပြန်ဝယ်ပြီး ABC လို ကုမ္မဏီတွေကို နောက်ထပ် ချေးနိုင်ဖို့ ငွေထုတ်ပေးပါတယ်။ ဥပမာ ABC က ငွေ (၁ဝ) သန်း ထပ် (မ) တည်နိုင်တော့ အိမ်(၅ဝ)အတွက် ငွေထပ်ချေးမယ် ကုန်သွားရင် Fannie Mae ကို ချေးထားတဲ့ စာချုပ်တွေကို ရောင်းပြီးငွေ (၁ဝ)သန်း ထပ်ရတော့ နောက်ထပ် အိမ် (၅ဝ) အတွက် ထပ်ချေးနိုင်တာပေါ့။ ABC လို့ Mort age Company တွေက အိမ်ဝယ်သူ ပြည်သူတွေကို တိုက်ရိုက်ငွေချေးပြီး Up-front Service Fee ရှေ့မှာ အိမ်ဝယ်ဖို့ ပေးရတဲ့ဝန်ခပေါ်မှာ စားတာပေါ့ Fannie Mea က ဒီ Company တွေကို ငွေထပ်ဖြည့်ပေါ့။ ABC Company က တအိမ်ချင်း ချေးတယ်၊ Fannie Mae က အလုံးအရင်းလိုက် ဝယ်လိုက်တာပေါ့။ ပြီးတော့မှ Fannie Mae က Mort age Back Securities လို့ခေါ်တဲ့ အိမ်ချေးငွေအာမခံတဲ့ Bond ကို Investor လို့ ခေါ်တဲ့ ငွေရှိလို့ ငွေရင်းသူတွေကို Bond ရောင်းပြီး ငွေပြန်ရှာပါတယ်။ ဒါကို Secondary Market ဒုတိယ (သို့) နောက်တန်းဈေးကွက်လို့ ခေါ်ပါတယ်။ ဒီစနစ်မှာ အဓိကကျတာက ဒီချေးငွေတွေနောက်မှာ အာမခံတဲ့ (အိမ်) ရှိတယ်ဆိုတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စစ်မှုထမ်းဟောင်းများအတွက် VA Loan ပထမဆုံးအကြိမ် ဝယ်သူများအတွက် FHA loan စသည့်ဖြင့် ငွေချေးလွယ်ရအောင် စနစ်တွေ ရှိပါသေးတယ်။ အသေးစိပ်ဆိုရင် ရှုပ်ထွေး Complex ဖြစ်တာကြောင့် ယေဘုယျ သဘောထားတင်ပြခြင်း ဖြစ်ပါတယ်။ Fannie Mae အပြင် Fannie Mac/ Ginny Mae/ Ginny Mac ဆိုတဲ့ GSE တွေလည်း ရှိပါသေးတယ်။ အမေရိကားမှ Secondary Market ပေါ်လာပြီး Fannie Mae နဲ့ အပြိုင် ပုဂ္ဂလိက ဘဏ် Private Banks တွေကလည်း ဒီဈေးကွက်ထဲ ဝင်လာပါတယ်။ ABC လို Mort age ကုမ္မဏီတွေက မိမိတို့ ချေးထားတဲ့ ငွေချေးစာချုပ်ကို Fannie Mae ကဲ့သို့ GSE သို့မဟုတ် ဘဏ်တွေကို ရောင်းပြီး ငွေပြန်ဖြည့် နိုင်လာပါတယ်။ ကျနော် ဗမာနိုင်ငံမှာ ကြီးပြင်းစဉ်က (မဆလ) ခေတ်ဖြစ်တာကြောင့် ဘဏ်စနစ် Banking System ဟာလုံးဝ ပျက်စီးပိတ်ပြစ် ခံခဲ့ရတယ်။ ဒါကြောင့် ထိုစဉ်က ဗမာနိုင်ငံမှာ ကားဝယ်ရင်၊ အိမ်ဝယ်ရင် ငွေအဖြည့် ပေးဝယ်ရတော့ လက်တဆုပ်စာ လူတန်းစားဘဲ အိမ်ပိုင် ကားပိုင် ရှိနိုင်တာပေါ့။ ဘဏ်စနစ်ရှိရင် အလုပ်ရှိမယ်၊ လစဉ်မှန်မှန် အကျွေးပေးနိုင်ရင် Credit History ကောင်းရင် လူငယ်လေးတွေပါ၊ ကားဝယ် အိမ်ဝယ် နိုင်တာပေါ့။ ဒီတော့လူအများစုရဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာတာပေါ့။ ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးနဲ့ လွတ်လပ်တဲ့
  9. 9. ဈေးကွက်တို့ရဲ့ ဈေးကွက်စနစ် ကွားခြားတာကို သတိရှိစေချင်လို့ပါ။ ခုလဲ အာဏာရှင် စနစ်ဆိုးကြောင့် အစိုးရက ဘာမဆို (ချုပ်ကိုင်) လိုတာကြောင့် စီးပွားရေး မအောင်မြင်ဘဲ လူတွေ ဆင်းရဲကြရတာပါ။ ၂ဝဝ၁ခုနှစ် နောက်ပိုင်း အိမ်ယာဈေးကွက် တဟုန်ထိုးတက်မှု Housing Boom သမ္မတ ကလင်တန် လက်ထက်မှာ အမေရိကန်မှာ ကြုံရခဲတဲ့ Boom ဖြစ်တယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက ဂြိုဟ်နက္ခတ်တွေ အကုန်လာပူးသလို ဖြစ်ရပ် (၃) ခုက လာတိုက်ဆိုင်ခဲ့တယ်။ ၁၉၉ဝ ခုနှစ် အလယ်ပိုင်းလောက်မှာ အင်တာနက် ပေါ်လာပြီး အတတ်ပညာနဲ့ ပတ်သက်တဲ့ Technology Boom ဖြစ်တယ်။ တခါတကမ္ဘာလုံးမှာ နှစ် ၂ဝဝဝ ခုနှစ်ပြည့်မှာ ကွန်ပြူတာတွေကို စနစ်ဟောင်းရဲ့ ရေးထားတာကြောင့် ဒုက္ခဖြစ်မယ်ဆိုပြီး Y2K ပြဿနာပေါ်တယ်။ မှတ်ချက်။ ကွန်ပြူတာအဟောင်းတွေကို သုံးပြီး ပရိုဂရမ် ရေးကြစဉ်က (၁၉၉၉) အထိပဲ ရေးခဲ့ကြပါတယ်။ ဒါကြောင့် (၂ဝဝဝ ခု) ရောက်ရင် အားလုံး ဒုက္ခရောက်ရချေလျက် ဆိုပြီး ဖြစ်တဲ့ပြဿနာပါ။ ဒါကြောင့် တကမ္ဘာလုံး အလုအယက် Y2K ပြဿနာအတွက် ပြင်ဆင်ကြရတယ်။ Y2K ရဲ့ အန္တရာယ်ကြောင့် အမေရိကန် ဗဟိုဘဏ်က ပိုက်ဆံလုံလုံ လောက်လောက်ရှိအောင် ဘဏ်တွေမှာ ငွေဖြည့် ထားရတဲ့အတွက် ဈေးကွက်ထဲမှာ Liquidity လို့ခေါ်တဲ့ ငွေလည်ပတ်မှုက အားကောင်းနေတယ်။ တခါ အမေရိကန်ကွန်ကရက်က အဝေးဆက်သွယ်ရေး (Tele-Communication-Sector) မှာ Deregulation လို့ခေါ်တဲ့ အစိုးရထိန်းကွပ်မှုကို လျော့ချတဲ့ ဥပဒေအပြောင်းအလဲ လုပ်တယ်။ အစက အမေရိကားမှာ အဝေးပြော တယ်လီဖုန်းခေါ်ဆိုမှုကို ATT/ Sprint နဲ့ MCI ကပဲ လက်ဝါးကြီးအုပ်စီး လုပ်ထားရာက ကုမ္မဏီအသစ်တွေကို ယှဉ်ပြိုင်ခွင့် ပေးတာကြောင့် တယ်လီကွန်မြူနီကေးရှင်း ဈေးကွက် တဟုန်ထိုးတက်မှု Tele-Communication Boom ဖြစ်တယ်။ ဒီအရင်က အင်တာနက်က ရေပန်းစားပြီး အင်တာနက်ကုမ္ပဏီတွေ ခေတ်စား၊ ဒါကြောင့် စတော့ရှယ်ယာတွေ ဈေးကောင်းပြီး အမေရိကန်က စတော့ဈေးကွက်တွေဟာ တအားအရှိန်ရလာတာကြောင့် စတော့နဲ့လူအများ ချမ်းသာကြွယ်ဝ လာကြတယ်။ တကမ္ဘာလုံးက ငွေရှိသူတွေဟာ အမေရိကန် စတော့တွေကြောင့် ငွေရွှင်လာကြတယ်။ အမေရိကန်နိုင်ငံဟာ Financial and Capital Market လို့ ခေါ်တဲ့ ငွေရေးကြေးရေးနဲ့ အရင်းရှင်ဈေးကွက်မှာ ထိပ်ဆုံးက ပြေးနေတာကြောင့် စတော့တခုထဲ မဟုတ်ပါ။ Option Market Derivatives / Hedging / Arbitrage/ Speculation ဆိုတဲ့ အင်တမန်ရှုပ်ထွေး နက်နဲပေမယ့် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ စီးပွားရေးလက်နက် တွေရှိပါသေးတယ်။ Stocks & Bonds ပဲ မဟုတ်ပါ၊ ဒါကြောင့် Clinton Boom မှာ လူများစွာ ချမ်းသာခဲ့ကြရတယ်။အမေရိကန် အစိုးရဟာလည်းအကြွေးတွေကျေပြီး ငွေပိုငွေလျှံ ရှိခဲ့ပါတယ်။ ၂ဝဝဝခုနှစ် ကုန်ပိုင်းလောက်မှာ ပေါက်ကွဲကျဆင်းမှု Bust ဖြစ်တော့ အမေရိကန် အရင်းရှင်စနစ်ရဲ့ ဦးသျှောင်ဆရာ့ဆရာကြီးတွေ ဖြစ်တဲ့ ဝေါလ်စထရိက ရင်းနှီးမြုပ်နှံမှုဘဏ်တွေ၊ ငွေရှင်တွေက စတော့ကို ရောင်းယုံမက Short လုပ်တတ်တာကြောင့် စတော့တွေ အကျမှာ ထပ်မြတ်လိုက် ကြပါတယ်။ ဒါကြောင့် Economic Downturn လို့ စီးပွားရေးကျရင် Ordinary Investor ခေါ်တဲ့ ရိုးရိုးလူငမိုက်သားတွေသာ ခွက်ခွက်လန် ရှုံးကြတာပါ။ ဒီငွေပုံပေါ် ထိုင်နေတဲ့သူတွေက စတော့တွေအကျမှာ လိုက်ကြည့်တော့ အိမ်ဈေးကွက်ကို တွေ့ပြီ ဒီမှာ ငွေပုံအော
  10. 10. ကြပြန်ရော။ အိမ်ဈေးကွက်တက်တော့ လူတွေကလည်း လောဘထွက်လာပြီး ဒုတိယအိမ်ကို ရင်းနှီးမှုအတွက် ဝယ်ပြီးငှားစား။ ရင်းနှီးမြုပ်နှံမှုကလပ် Investment Club တွေဖွဲ့ပြီး အိမ်တွေဝယ် (ပြန်ရောင်)း နဲ့ အမြတ်ရှာကြတော့ ဝယ်အားက တအားကောင်းလာပြီး အိမ်တွေဈေးတက်နဲ့ အိမ်ခြံမြေဈေးကွက် တဟုန်ထိုးတက်တာ ဖြစ်ပြန်ရော။ တောမီးလောင်ရင် တောကြောင် လက်ခမောင်းခတ် ဆိုတလို ဒီလို Boom ဖြစ်တိုင်း မသမာတဲ့ အရင်းရှင်တောကြောင်တွေ ဝင်လာတတ်ပါတယ်။ သာမန်အချိန်မှာ အိမ်ဝယ်ရင် ငွေချေးသူ ရှိရမယ်။ ဝယ်တဲ့သူ ရှိရမယ်။ ဝယ်သူက အလုပ်ရှိပြီး မှန်မှန် အကြွေးပြန်ဆပ်တဲ့ Credit History ကောင်းသူ ဖြစ်ရမယ်၊ ချေးငွေ ၁ဝ ရာခိုင်နုန်း Down Payment ငွေချေ ရမယ်ပေါ့။ ငွေချေးတဲ့ ဈေးနှုန်းမှာလဲ (၁၅) နှစ် ပြန်ဆပ်မလား။ အနှစ် (၂ဝ) ဆပ်မလား။ Fixed Rate လို့ ခေါ်တဲ့ ဈေးကွက်က သတ်မှတ်ထားတဲ့ ( နှုန်း) အတိုင်းတွက်ပြီး တလ ဘယ်လောက်ကျမယ်၊ အနှစ် (၂ဝ)သို့ အနှစ် (၁၅)နှစ် ပြန်စပ်ပေါ့။ ဈေးကွက်မှာ Fixed Rate အပြင် ARM (Adjustable Rate Mort age) လို့ခေါ်တဲ့ လွယ်လွယ်ပြောရရင် (နှုန်း) ပြောင်းတဲ့ စနစ်ဆိုတာ ရှိပါသေးတယ်။ ဒါကို အခွင့်ကောင်းယူပြီး လူလည်ကြီး သားသမီးတချို့က များများဝယ်နိုင်ဖို့ Down Payment လည်း ပေးစရာမလို၊ ရှေ့ပိုင်းမှာလဲ ကိုယ်တတ်နိုင်သလောက် တနိုင်ပဲ ပေးနိုင်တယ် ဆိုပြီး ဝယ်မဲ့သူတွေများအောင် လှည့်ဖျားပြီး ဝယ်သူတွေကို ချေးတာကြောင့် Credit History မကောင်းတဲ့ အဆင့်မမှီသူတွေကိုပါ ဦးတည်ပြီး ချေးဖို့ စီစဉ်လာကြပါတယ်။ ဒါကို အာဏာပိုင်တွေက ဟန့်တားရမှာကို မဟန့်တားခဲ့ကြဖူး။ ဒီလူလယ်တွေက တခါ ဒီချေးထားတဲ့ ချေးငွေတွေကို စုပေါင်းပြီး Secondary Market မှာ ရှိတဲ့ ဘဏ်တွေကို ပြန်ရောင်းပြီး ဘဏ်တွေက တခါ တကမ္ဘာလုံးမှာရှိတဲ့ အရင်းရှင် တွေကို Mort age Back Security အနေနဲ့ ပြန်ရောင်းပေါ့။ ဝယ်တဲ့သူတွေက အိမ်အာမခံ ရှိတယ်ဆိုတော့ ဝယ်ရဲကြတာပေါ့။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၆ နှစ်လောက် အိမ်ယာဈေးကွက် တဟုန်ထိုးတက်တာကနေ ပွသူတွေ ပွကြတာပေါ့။ Boom ပြီးရင် Bust လာပြန်ပြီဟေ့။ Boom ပြီးရင် Bust လာမယ်ဆိုတာ သိလျက်နဲ့ လူဆိုတာ လောဘကြောင့် အရှိန်မသတ်နိုင်ကြပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်မှာ Housing Bust ဖြစ်တော့ ဝုန်းဆို အိမ်ဈေးတွေ အတက်ရပ်သွားတော့ လူတွေလဲ ကြောက်ပြီး ရောင်းကြတော့တာပေါ့။ ရင်းနှီးမှုအနေနဲ့ ဒုတိယ၊ တတိယ အိမ်ဝယ်ထားသူတွေက မြန်မြန်ရောင်း Investment အသင်းတွေကလဲ ပြန်ရောင်းဆိုတော့ ဝယ်အားထက် ရောင်းအား ပိုလာတော့ အိမ်ဈေးတွေ တန့်ရာက ထိုးကျတော့တာပေါ့။ အိမ်ဈေးတွေလဲ အတက်ရပ်သွားရော ခုန လူလည်နည်းနဲ့ ချေးထားတဲ့ သူတွေရဲ့ချေးငွေ Loan တွေ ပြဿနာပေါ်တာကို မရှင်းနိုင်ကြတော့ဘူး၊ ဝယ်ကတည်းက မိမိရဲ့ ငွေတပြားမှ ရှေ့မှာမပေးခဲ့ရတော့ အထူးသဖြင့် Sub-
  11. 11. prime လူတွေက Mort age ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့ဘဲ အရှုံးပေါ်တော့တာပေါ့။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု Investment Bank ကြီးတွေဟာ ဘီလျံနဲ့ ချီပြီး ရှုံးတော့ တခြားဘဏ်တွေလဲ ကြောက်ပြီး ငွေချေးတာကို ကျပ်ပစ်ကြတော့ အမေရိကားမှာ Credit Crunch လို့ခေါ်တဲ့ ငွေချေးရခက်တဲ့ ပြဿနာပေါ်လာတယ်။ ငွေချေးရခက်ရင် လုပ်ငန်းတွေနည်းသွားပြီး Economic Slow Down လို့ခေါ်တဲ့ စီးပွားရေး နှေးကွေးမှု ဖြစ်တယ်။ ကမ္ဘာ့ဘဏ်တွေနဲ့ တကမ္ဘာလုံးရှိတဲ့ ငွေတတ်နိုင်သူတွေလဲ အထိနာကြတာပဲ။ အမေရိကန်မှာ လူ (၃) သန်းလောက် အိမ်တွေကို စွန့်သွားရတယ်လို့ ခန့်မှန်းကြတယ်။ အမေရိကန်ဘဏ်တွေ သာမက ဥရောပဘဏ်တွေပါ ထိတာကြောင့် အမေရိကန်ဒေါ်လာအတွက် တာဝန်ရှိတဲ့ အမေရိကန် ဗဟိုဘဏ် သာမက ယူရိုကို တာဝန်ယူရတဲ့ ECB (Europe Central Bank ) ကပါ liquidity လို့ခေါ်တဲ့ လည်ပတ်မှု အားကောင်းအောင် ဖြည့်ဆည်းပေးခဲ့ရတယ်။ အမေရိကန် ဗဟိုဘဏ် က အစိုးရိမ်ပိုပြီး အရေးပေါ်ငွေချေးနှုန်း (ဘဏ်၊ ဘဏ်ချင်းချေနှုန်း) ကို ဇန္နဝါရီလမှာ သုညဒသမ ခုနစ်ငါး (0.75 basic point) ချပေးခဲ့တယ်။ အမေရိကန်အစိုးရနဲ့ ကွန်ကရက်ကလည်း လူတဦးကို ဒေါ်လာ (၈ဝဝ)၊ တမိသားစုကို ဒေါ်လာ (၁၆ဝဝ) နှုန်းနဲ့ အခွန်ပြန်အမ်းငွေ Tax Relocate အဖြစ် ပြန်အမ်းဖို့ ကြိုးစားနေကြတယ်။ ဒီလိုနဲ့ လူတွေငွေရှိလာရင် လူတွေ ငွေသုံးလုပ်ငန်းတွေကောင်း တိုးချဲ့မှ Economic Growth ဖြစ်ပြီး Another Boom ဖြစ်။ နောက် Bust ဖြစ် နဲ့ သံသရာလည်နေတာက အမေရိကန်ရဲ့ အရင်းရှင် စီးပွားရေးစနစ်ပါပဲ။ Bust မပြီးသေးဘူး အမေရိကန် ချစ်တီးတွေဖြစ်တဲ့ Hedge Funds တွေက ရေနံတွေကို လိုက်ဝယ် နေကြပြန်ပြီး ဒီလုပ်ငန်းက ဒေါ်လာမီလျံ ဘီလျံရှိမှ ဖြစ်တာကြောင့် လူတိုင်း မဝင်နိုင်ပါ။ သို့သော် ကမ္ဘာမှာ ရေနံဈေးတက်ရင် လူတိုင်းထိခိုက်ပြီး နအဖအတွက် အကြိုက်ပေါ့။ လောင်စာ ဈေးကောင်းလေ နအဖ ဝင်ငွေကောင်းလေပေါ့။ Sub-prime ပြဿနာမှ ကမ္ဘာ့ဘဏ်များသို့ ရောဂါကူးစက်ကာ အမေရိကန်တွင် စီးပွာရေး ကျဆင်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပုံအကြောင်းနှင့် ဒေါ်လာဘာကြောင့်တန်ဖိုးကျရသလဲနဲ့ အကျိုးဆက်များအကြောင်းကို ဆက်လက် ဖေါ်ပြပါမည်။ အမေရိကန် စီးပွားရေးစနစ် ရေတိမ်နစ်ရခြင်း ဆပ်ပရိုင်း အပိုင်း (၂) ဆောင်းပါး ဘိုကျော်ငြိမ်း ကျနော် အမေရိကန် ဆပ်ပရိုင်း Sub Prime ဒုက္ခ-အပိုင်း (၁) ကို ရေးခဲ့စဉ်က အမေရိကန်စီးပွားရေးစနစ် ခေါင်က မိုးပြိုလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ လူအများ တွေးကြတဲ့အတိုင်း - စီးပွားရေးဒုက္ခ Economic Crisis တခုလို့ပဲ ထင်ခဲ့မိတယ်။ အခုမှ အရူးမီးဝိုင်းသလို - အမေရိကန် စီးပွားရေးစနစ် ခေါင်က မိုးပြိုကိန်းရောက်နေမှန်း
  12. 12. ကမ္ဘာကြီးနဲ့အတူ အမေရိကန် အစိုးရ အပါအဝင် သိကြတော့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်လောက်မှာ အမေရိကန်စီးပွားရေးအတွက် တာဝန်ရှိတဲ့ အမေရိကန် ဗဟိုဘဏ် ဖက်ဒရယ် ရီဇပ်(ဗ်) Federal Reserve မှ ဥက္ကဋ္ဌ မစ္စတာ ဘာ(လ်)နမ်ကီ Mr. Benanke နဲ့အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာပေါ(လ်)စင် MR. Paulsen တို့ နှစ်ယောက် ဘဏ်နဲ့ စီးပွားရေး မဏ္ဍိုင်တခုချင်းကို ရွေးကယ်ရုံးနှင့် လောက်တော့ဘူး၊ အခြေအနေဆိုးနေပြီ၊ Comprehensive Plan လို့ခေါ်တဲ့ ပြဿနာရဲ့ ကဏ္ဍတခုလုံးကို ကိုင်တွယ်ဖြေရှင်းမှဆိုပြီး မေရိကန်ကွန်ကရက်ကို တင်ပြခွင့် တောင်းလာပါတယ်။ ဒီလို ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၇ဝဝ (သန်းပေါင်း ၇ သိန်း) ကုန်ကျစရာရှိတာကြောင့် အမေရိကန် ကွန်ကရက် အမတ်တွေကို သုံးစွဲခွင့် ဥပဒေ ပြုပေးဖို့ တောင်းဆိုလာပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့က မဲခွဲရာမှာ အမေရိကန် အောက်လွှတ်တော်မှာ ကန့်ကွက်မဲ ၂၂၈ မဲ၊ ထောက်ခံမဲ ၂ဝ၅ မဲနဲ့ ရှုံးနိမ့်သွားပါတယ်။ လက်ရှိပြဿနာဟာ အင်မတန်မှ ရှုတ်ထွေးတာကြောင့် သာမန်လမ်းပေါ်က အမေရိကန်လည်း နားမလည်နိုင်ကြပါဘူး။ ဒါကြောင့် Wall Street ဝေါလ်စထရိ က ငွေရှင် သူဋ္ဌေးတွေကို ဘာကြောင့် ပြည်သူပိုင်တဲ့ အစိုးရဘဏ္ဍာငွေနဲ့ ကူညီရမှာလဲဆိုပြီး စိတ်တိုလျက် ရှိကြပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်လို့ခေါ်တဲ့ အောက်လွှတ်တော် အမတ်တွေဟာ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ပြည်သူနဲ့ မကင်းဝေးသွားအောင် ၂ နှစ် တကြိမ် ပြည်သူ့ရှေ့မှာ ပြန်လည်အရွေးခံကြရပါတယ်။ ဖြစ်ချင်တော့ နိုဝင်ဘာလ ၄ ရက်မှာ ရွေးကောက်ပွဲ ရှိပါတယ်။ ဝေါလ်စထရိက ငွေရှင်၊ ကြေးရှင် တွေကို ကူရကောင်းလားလို့ အမျက်ထွက်နေတဲ့ ပြည်သူတွေက ဒဏ်ခတ်မှာ ကြောက်လို့တကြောင်း၊ ဈေးကွက်စီးပွားရေးမှာ အစိုးရက ဝင်မစွက်ရဘူး ဆိုတဲ့ တယူသန် ရှိကြတဲ့ လက်ျာ တဖက်စွန်းရောက် အောက်လွှတ်တော် အမတ်တွေကြောင့်တကြောင်း လက်ရှိဥပဒေ အဆိုပြချက်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။ လက်ငင်း အကျိုးဆက်က အမေရိက Dow Jones စတော့ ဈေးကွက်ဟာ ၇၇၇ ပွိုင့် ထိုးကျဆုံးရှုံးးခဲ့ပါတယ်။ ၉/၁၁ ဖြစ်ပြီးနောက် စက်တင်ဘာလ ၁၇ ရက်၊ ၂ဝဝ၁ ခုနှစ်မှာ တနေ့တာ ကျဆုံးရှုံးခြင်း ၇၂၁ ဒဿမ ၆၅ ပွိုင့်ထက် ပိုပါတယ်။ ဆိုလိုတာက အရင်းရှင် (သို့) ငွေကြေးမှုပ်နှံသူတွေက အမေရိကန်ကုမ္ပဏီတွေနဲ့ အမေရိကန်ဈေးကွက်ကို အယုံအကြည်မရှိဘူး၊ မသေချာ မရေရာတဲ့ စီးပွားရေး အခြေအနေကြောင့် သူတို့ပိုင်ဆိုင်တဲ့ စတော့တွေကို ထုတ်ရောင်းမှုကြောင့် စတော့ဈေးတွေ ကျရတာပါ။ ဒီ စတော့ (ှအသခု) ဈေးတွေ ကျဆုံးမှုဟာ လက်ရှိ Credit Crunch ပြဿနာကို ပိုမိုဆိုးဝါးစေပါတယ်။ ဘဲဥအစ ရှာမရသလို ပြဿနာတွေက ရွာလည်နေပါတယ်။ လက်ရှိ အမေရိကန်ရဲ့ စီးပွားရေးပြဿနာဟာ လောလောဆယ် အခြေအနေမှာ ဝေါလ်စထရိ လို့ ခေါ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးမှာ ထိပ်ဆုံးက နေရာယူထားတဲ့ အမေရိကန် ဗရာမင် (Brahmin) တွေလို့ တင်စားရမယ့် ထိပ်ဆုံး ငွေရှင်ကြေးရှင်တွေကိုပဲ ဆိုးဆိုးဝါးဝါး ထိခိုက်လျက် ရှိပါတယ်။ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် Main Street လို့ခေါ်တဲ့ လမ်းပေါ်က လူတွေကိုပါ မကြာခင် ထိခိုက်လာနိုင်တဲ့အပြင် အမေရိကန်စီးပွားရေး တခုလုံးပါချွတ်ခြုံ ကျသွားနိုင်တယ်။
  13. 13. လက်ရှိပြဿနာဟာ ၁၉၃ဝ ခုနှစ်များမှာ ဖြစ်ခဲ့တဲ့ The Great Depression လို့ ခေါ်တဲ့ အဆိုးဆုံး စီးပွားရေးကပ်ကြီးအပြီး အဆိုးရွားဆုံး စီးပွားရေးဒုက္ခလို့ ဆိုနိုင်ပါတယ်။ အမေရိကန်အစိုးရက ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် မကြာခင် တကမ္ဘာလုံး ပြန့်နှံ့ပြီး ကမ္ဘာ့ စီးပွားရေးကပ်ဆိုက်ရောက်နိုင်တဲ့အတွက် အန္တရာယ်ဟာ ကြီးမားလှပါတယ်။ ဒီလောက်ကြီးမားတဲ့ ပြဿနာကို လက်တွေ့ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံမှာတောင် အများစု လက်ရှိ လုပ်ကိုင်စားသောက်နေကြတဲ့ သာမန်လမ်းပေါ်က လူတွေကိုယ်၌က ပြဿနာရဲ့ အရင်းနဲ့ ရှုပ်ထွေးဆက်စပ်နေကြပုံကို ကျကျနန မသိတာကြောင့် ဘယ်လောက် အန္တရာယ်ကြီးမားတယ် ဆိုတာကို မသိရှာသေးကြပါဘူး။ ပြဿနာကလည်း အဆင့်ဆင့် ရှုပ်ထွေးလည်ပတ်နေကြတာကြောင့် စီးပွားရေးကို စိတ်ဝင်စားသူလိုက်စားသူ မဟုတ်ရင် အသေးစိတ် ရှင်းရှင်းလင်းလင်း သိရန် မလွယ်ကူလှပါ။ သုံးစွဲတဲ့ အသုံးအနှုံးများမှာလည်း ကြားနေကျ အသုံးအနှုံးများ မဟုတ်ပါ။ ဒါပေမဲ့ ပြဿနာကို မသိလို့ မရတော့ပါ။ အသေအချာ လေ့လာရင်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပြဿနာအားလုံးဟာ ဒေါ်လာပြဿနာ၊ ရေနံပြဿနာ၊ ဆန်ပြဿနာတို့ အားလုံးနဲ့ ဆက်စပ် ငြိတွယ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ဆီဈေးတွေ တက်၊ ကားတွေ ရှိပြီး ကားတွေရပ်ထားတဲ့ အခြေအနေနဲ့ ကြုံကြရတယ်။ ဆန်ဈေးတက်တော့ လူတွေ ထမင်းမဝတော့ဘူးပေါ့။ ဒါ့အပြင် နောင်တခေတ် မြန်မာပြည်ကြီးကို ထူထောင်ရမယ့် မြန်မာလူငယ်လေးတွေကို သတိပြုစေချင်တာက နိုင်ငံတနိုင်ငံမှာစီးပွားရေး ခေါင်းထောင်မှ တိုင်းပြည်ရော၊ ပြည်သူပါ ချမ်းသာလာကြမှာပါ။ ဒါကြောင့် စီးပွားရေးဟာ အရေးပါလှပါတယ်။ နိုင်ငံရေးဆိုတာဟာလည်း စီးပွားရေးနဲ့ မကင်းနိုင်ပါ။ ဒါကြောင့် လက်ရှိပြဿနာနဲ့ အကျိုးဆက်တွေကို တင်ပြပါရစေ။ လက်ရှိပြဿနာက Credit Crunch လို့ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် ပြည်သူတွေ၊ ကုမ္ပဏီတွေ နေ့စဉ်လည်ပတ်ဖို့ (ငွေချေး) ဖို့ အခက်အခဲရှိတာပါ။ ဘဏ်တွေ၊ ငွေရှင်ကြေးရှင်တွေ ပြဿနာပေါ်လာတော့ ငွေရှိသူတွေက ကြောက်လန့်ပြီး ငွေမချေးတော့ဘူး၊ ငွေလည်ပတ်မှု လျော့သွားတော့ ငွေမလည်တော့ဘူးပေါ့။ အရင်းရှင်စနစ် လွတ်လပ်တဲ့ဈေးကွက် Free Market ဆိုတာက (ချေးငွေ) Credit နဲ့ ငွေလည်ပတ်မှု Liquidity အပေါ် မူတည်နေတာကြောင့် ငွေမလည်ပတ်နိုင်ရင်၊ ငွေချေးမရရင် စီးပွားရေး ယန္တရားကြီးတခုလုံး မရပ်သွားတောင် တုံ့နှေးကုန်တာပေါ့။ မော်တော်ကား ဆီမလိုက်ရင် တွန့်ဆုတ် တွန့်ဆုတ်နဲ့ ရွှေ့နေသလို နွားလှည်းကြီး နွံနစ်နေသလိုပဲပေါ့၊ Credit Crunch ရဲ့တရားခံအရင်းက အိမ်ယာမြေဈေးကွက်။ အိမ်ဈေးတွေ မတရားတက်ပြီး ပေါက်ကွဲပြုတ်ကျတာကြောင့်ပါ။ ဒီ ပေါက်ကွဲမှုဟာ ဆပ်ပရိုင်း Sub Prime ဈေးကွက်က စခဲ့တာပါ။ ဆပ်ပရိုင်း အပိုင်း(၁) မှာ Boom & Bust, Housing Bubble, Sub Prime ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ Bust ဖြစ်တိုင်းမှာ လူတွေက ကြောက်လန့်ပြီး ငွေချေးတာ လက်တွန့်သွားပြီး ငွေမချေးကြတော့ဘူး။ အထူးသဖြင့် ဘဏ်တွေက ရဲရဲမချေးကြတော့ဘူး။ ဒါကို Credit Crunch လို့ခေါ်ပါတယ်။ ကုမ္မဏီကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိလုပ်ငန်းလည်ပတ်မှုအတွက် ငွေလိုရင် ဘဏ်တွေဆီ ပြေးချေးကြပါတယ်။ Credit Crunch ဖြစ်ခဲ့ရင် ဘဏ်တွေက ငွေ လွယ်လွယ် မချေးကြတော့ လုပ်ငန်းတွေ နှေးကွေးကုန်တာပေါ့။
  14. 14. ငွေမလည်တော့ လုပ်ငန်းတွေနှေး၊ ဒီတော့ အပိုလူတွေလျှော့၊ အပိုပစ္စည်းတွေ မဝယ်နိုင်ကြတော့၊ အားလုံး ရောင်းအားကျနဲ့ စီးပွားရေးနှေးကွေးမှု ဆိုတာဖြစ်ပါရော။ ဒီမှတဆင့် ၃ လပတ် ဆက်တိုက် တပြည်လုံး ထုတ်ကုန် အနုတ်လက္ခဏာပြခဲ့ရင် - စီးပွားရေးကျဆင်းမှုလို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ၆ လတိတိ တပြည်လုံး ထုတ်ကုန် ဆက်တိုက်ကျဆင်းခဲ့ရင် စီးပွားရေးကျဆုံးမှု Recession ဖြစ်ပြီပေါ့။ ဒါထက်ဆိုးခဲ့ရင် စီးပွားရေးကပ Depression ဆိုက်ပြီလို့ သတ်မှတ်ရပါမယ်။ အခု လက်ရှိအခြေအနေမှာ အမေရိကန်စီးပွားရေး အခြေအနေဟာ Recession ရောက်လုရောက်ခင် ရှိပါတယ်။ လက်ရှိ ပြဿနာကို မဖြေရှင်းနိုင်ရင် Recession ကနေ Depression အထိ ဆုတ်ယုတ်သွားနိုင်ပါတယ်။ အမေရိကန်ကတဆင့် တကမ္ဘာလုံး ပန်နှံ့ပြီးတကမ္ဘာလုံး စီးပွားရေးကပ် ဖြစ်နိုင်စရာ အန္တရာယ် ရှိပါတယ်။ ဒီတခါကျမှ ဘာကြောင့် ဒီလောက်အထိ ဒုက္ခတွေ့ရတာလဲ? ဒီမေးခွန်းကို မဖြေခင် အမေရိကန် အရင်းရှင်စနစ်ရဲ့ အဆောက်အဦ တည်ဆောက်မှုကို နားလည်ရပါမယ်။ အမေရိကန် အရင်းရှင်စနစ်မှာ ယေဘုယျအားဖြင့် အရင်းရှင်စနစ်မှာ အရင်းရှိတဲ့ (ဘဏ်) တွေဟာ ဟိန္ဒူဘာသာက ဗရာမင် ( Brahmin) တွေလိုပါပဲ။ ဒီ ဗရာမင်ဆိုတဲ့ စကားလုံးဟာ ဘယ်အထိ အဓိပ္ပာယ် သက်ရောက်တယ် ဆိုတာကို ကျနော်ရဲ့ လက်တွေ့ ကြုံတွေ့မှုတွေနဲ့ ယှဉ်ပြီးတင်ပြပါရစေ။ ဟိန္ဒူဘာသာမှာ ဇာတ်အဆင့် ၅ မျိုး ရှိတယ်။ အမြင့်ဆုံးဇာတ်က ဗရာမင်ဖြစ်ပါတယ်။ ဗရာမင်တွေဟာ (ဇာတ်) သိပ်မြင့်တဲ့အတွက် တခြားသူတဦးကသူတို့စားတဲ့ ပန်းကန်ကို ထိမိရင်တောင် ထမင်း ဆက်မစားတော့ဘူးလို့ ဆို နိုင်ပါတယ်။ ကျနော့်ဖခင် ဦးကျော်ငြိမ်းဟာ ထိုစဉ်က Asian Socialist အာရှဆိုရှယ်လစ် အဖွဲ့အစည်းကို ကူညီတည်ထောင်ခဲ့ပါတယ်။ ဆူကာနိုတို့ အင်ဒိုနီးရှားမှာ ဒတ်ခ်ျတွေကို ပုန်ကန်စဉ်က လက်နက်ကိုင်ကူညီခဲ့ရုံမျှမက သခင်သာခင်ကိုပါ လွှတ်ပြီး ကူညီခဲ့ပါတယ်။ နီပေါမှာ ဘုရင်စံနစ်ကို ပုန်ကန်ကြတော့လည်း လက်နက်တွေ အကူအညီပေးခဲ့ပါတယ်။ မြန်မာပြည် အစိုးရအနေနဲ့ ကူညီခဲ့တာပါ။ ဒါကြောင့် အိမ်စောင့်အစိုးရခေတ်မှာ နီပေါမှာ အာရှဆိုရှယ်လစ် အစည်းအဝေးလုပ်တော့ အပြန်မှာ ဘုရားဖူးဖို့ ကျနော်တို့ (ကလေး) တွေကိုပါ ခေါ်သွားခဲ့ပါတယ်။ ဘုရားပွင့်ရာ လုမ္ပဏီဥယျာဉ်ဟာ နီပေါနိုင်ငံထဲမှာ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဧည့်သည်အနေနဲ့ လုမ္ပဏီဥယျာဉ်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ( Govemor) က နေ့လည်စာ ဧည့်ခံပါတယ်။ ကျနော်က(ကလေးပီပီ) ဘာမသိညာမသိ၊ အုပ်ချုပ်ရေးမှူးရဲ့ ထမင်းပန်းကန်ကို ထိမိရာ ထမင်းမစားတော့ပါ။ အုပ်ချုပ်ရေးမှူးက ကျနော့်ရဲ့ အဖေကို တောင်းပန်လိုက်တာ။ ဗရာမင်ရဲ့ ပန်းကန်ကို နိုင်ငံခြားဧည့်သည်တောင် မထိရပါ။
  15. 15. တခါ ဗုဒ္ဓဂါရာကို အသွား ဟိန္ဒူဘုရားကျောင်းတခုကို ဝင်ကြည့်ကြပါတယ်။ ဒီဘုရားကျောင်းအတွင်းမှာ အဝိုင်းပုံသဏ္ဍာန် ရေချိုးရာနေရာကိုလည်း တည်ဆောက်ထားပါတယ်။ ရေချိုးဖို့ အဆောက်အဦမှာ (ဇာတ်) အလိုက် အဆင့်ဆင့် တည်ဆောက်ထားပါတယ်။ အမြင့်ဆုံးအဆင့်က ဗရာမင်များ ချိုးပြီး ရေကို ရေမြောင်းကတဆင့် ရေခံပြီးနောက် (ဇာတ်) တွေက ချိုးရပါတယ်။ ဒီလို အဆင့်ဆင့် ရေခံပြီး စီးဆင်းစေရာ အောက်ဆုံးအဆင့် Untouchable အဆင့်ကို ရောက်တဲ့အခါ ရေဟာ ညစ်ပတ်တဲ့ ဆပ်ပြာရေ ဖြစ်နေပါပြီ။ အောက်ဆုံးအဆင့်မှ လူတွေဟာ ဗရာမင်တွေ ဘယ်လို စံစားနေတယ်ဆိုတာ မမြင်ရ (တက်ခွင့်မရှိ) ဆပ်ပြာရေတွေကိုပဲ ကျေကျေနပ်နပ် ချိုးသုံးနေတာကို မြင်ရတဲ့မြင်ကွင်းကို ဒီကနေ့အထိ မမေ့နိုင်ပါ။ အောက်ဆုံးအဆင့်ကနေ ကြည့်ရင် ဗရာမင်တွေဟာ တိမ်ညွန့်ခူးစားနေတဲ့ နတ်ဘုံ၊ နတ်နန်းက သူတွေနဲ့ တူပါတယ်။ ဝေးလွန်းတဲ့ အမြင့်ဘုံမှ (ဇာတ်) မြင့်တွေ ဖြစ်တယ်။ အမေရိကန် အရင်းရှင်စနစ်တွင် (ဇာတ်) လို လူတန်းစား အတိအကျ မခွဲထားပေမယ့် ငွေကြေးပိုင်ဆိုင်မှု ပမာဏပေါ်မူတည်ပြီး အဆင့်အတန်း ကွဲတယ်လို့ ဆိုနိုင်ပါတယ်။ အောက်ဆုံးအဆင့် လခစား (သို့) နေ့စားလုပ်သားတွေဟာ နေ့ဒဓူဝ အလုပ်ဝင်၊ အလုပ်ထွက် လခ (သို့) နေ့စားရကြတယ်။ အမြင့်ဆုံးအဆင့် လူချမ်းသာ (ဗရာမင်) တွေက ငွေပုံပေါ်ထိုင်ပြီး ငွေရှာကြတာကိုမမြင်ရမသိနိုင်ပါ။ ဒါကြောင့် Main Street လူတွေက Wall Street က လူတွေကို ငေးမျှော်ကြည့်ကြရတယ်။ ခွဲခြားမှု (ဇာတ်) ဆိုတာဘယ်စံနစ်မှာမဆို ကောင်ကျိုးမပေးပါဖူး။ အရင်းရှင်စနစ်မှာ အရေးပါတဲ့ လုပ်ဆောင်ချက် (သို့) ခံယူချက်တခု ရှိပါသေးတယ်။ ကျနော် အင်းစိန်မှာ နေခဲ့စဉ် အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး တင်ပြပါရစေ။ အင်းစိန်ထောင်မှာ ကျင့်သုံးတဲ့ လုပ်ငန်းစဉ် (သို့) စံနစ်တခု ရှိပါတယ်။ လူသတ်မှု၊ ဓားပြမှု စတာတွေနဲ့ ထောင်ကျလာသူတွေကို (နှစ်ကြီးသမား) တွေလို့ ခေါ်တယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျလာသူတွေဟာ ထောင်တွင်း စားသုံးဖို့အတွက် မြေယာစိုက်တဲ့ အလုပ်တွေကို စေခိုင်းခံရတယ်။ နှစ်ကြီးသမားတွေကို (လုံချည်အပြာ) ထုတ်ပေးကာ ခွဲခြားထားတာကြောင့် (လုံချည်ပြာ) လို့ ခေါ်ဆိုညွှန်းလေ့ရှိပါတယ်။ ရာဇဝတ်အကျဉ်းသားတိုင်း ထောင်စည်းကမ်းအရ ၂ ပတ် တခါ မိသားစုနဲ့ တွေ့ခွင့်ရကြပါတယ်။ ဒါကို (ထောင်ဝင်စာ) တွေ့တယ်လို့ ခေါ်ပါတယ်။ အကျဉ်းသားအများစုရဲ့ ဇနီး၊ သားမယား၊ ဆွေမျိုး၊ မောင်နှမ၊ မိသားစု အများစုက မရှိမဲ့ ရှိမဲ့ ငွေကလေးနဲ့ ငါးပိကြော်၊ ဆေးလိပ်၊ ဆေးပေါ့လိပ်လေးတွေနဲ့ ၂ ပတ် တခါ တွေ့ကြရပါတယ်။ ထောင်ထဲမှာ တရားဝင် ငွေ ကိုင်ခွင့်မရှိပါ၊ ဒါကြောင့် ဆေးလိပ် (ဝါ) ဆေးပေါ့လိပ်ဟာ ငွေ ဖြစ်လာတယ်။ ရာဇဝတ် အကျဉ်းသားတွေဟာ မိမိတို့ရလာတဲ့ ထောင်ဝင်စာတွေထဲက ကောင်းနိုးရာရာ အစားအစာတွေ၊ ဆေးလိပ်တွေနဲ့ လုံချည်ပြာတွေကို ပူဇော်ပါမှ နေပူထဲတွင် လုံချည်ပြာတွေရဲ့ မတရားမောင်းနှင် စေခိုင်းတဲ့ဒဏ်ကနေ သက်သာရာရပါတယ်။ ထောင်ဝင်စာ မတွေ့နိုင်သူ၊ ခိုကိုးရာမဲ့နေသူ အကျဉ်းသားတွေအဖို့တော့ တရိစ္ဆာန် တကောင်အလား အမောင်းခံရဖို့ပဲ ရှိပါတော့တယ်။ အကျဉ်းသားတယောက်ကို မြိုးမြိုးမြက်မြက်လေး ခေါင်းပုံဖြတ်ပြီးတဲ့ လုံချည်ပြာ တယောက်ဟာ အဲဒီအကျဉ်းသားကို လက်ညိုးထိုးပြီး တခြား လုံချည်ပြာတယောက်ကို ဆေးပေါ့လိပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ စသည်ဖြင့် လက်လွှဲရောင်းစားလေ့ရှိပါတယ်။ အကျဉ်းသား မှန်မှန် လက်ခံရရှိတဲ့ ပမာဏ ထောင်ဝင်စာပေါ် မူတည်ပြီး ဈေးသတ်မှတ်ကြတယ်။

×