SlideShare uma empresa Scribd logo
1 de 17
Baixar para ler offline
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက်
မင်းသေ့
ဤစာတမ်းသည် ဆီးရီးယားနိုင်ငံရေးအား လေ့လာဆန်းစစ်ထားသည့် စာတမ်းတစ်စောင်ဖြစ်သည်။ စာတမ်းသည်
ဆီးရီးယားနိုင်ငံရေးနောက်ခံသမိုင်းကို အတော်အတန် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ ဆီးရီးယားနိုင်ငံ၏
အခြေအနေကို ယေဘုယျသဘော တင်ပြထားသည်ကိုတွေ့ရသည်။ မြန်မာ့စာပေအနေဖြင့် ဆီးရီးယားနိုင်ငံ
အကြောင်းကို တစ်သီးတစ်သန့်ရေးသားထားခြင်းသည် လွန်စွာ နည်းပါးသည်ဖြစ်ရာ ဤစာတမ်းသည် ဆီးရီးယား
နိုင်ငံအကြောင်း အတော်အတန် စုစည်းတင်ပြထားသည့် ယေဘုယျကောက်ကြောင်းများကို တွေ့ရမည်ဟု
မျှော်လင့်၍ လူမှုသိပ္ပံဂျာနယ်၏ မေလ ထုတ် စာတမ်းအဖြစ် တင်ပြလိုက်ပါသည်။
အယ်ဒီတာ
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက်
မင်းသေ့
ဤစာတမ်းသည် ဆီးရီးယားနိုင်ငံရေးအား လေ့လာဆန်းစစ်ထားသည့် စာတမ်းတစ်စောင်ဖြစ်သည်။ စာတမ်းသည်
ဆီးရီးယားနိုင်ငံရေးနောက်ခံသမိုင်းကို အတော်အတန် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ ဆီးရီးယားနိုင်ငံ၏
အခြေအနေကို ယေဘုယျသဘော တင်ပြထားသည်ကိုတွေ့ရသည်။ မြန်မာ့စာပေအနေဖြင့် ဆီးရီးယားနိုင်ငံ
အကြောင်းကို တစ်သီးတစ်သန့်ရေးသားထားခြင်းသည် လွန်စွာ နည်းပါးသည်ဖြစ်ရာ ဤစာတမ်းသည် ဆီးရီးယား
နိုင်ငံအကြောင်း အတော်အတန် စုစည်းတင်ပြထားသည့် ယေဘုယျကောက်ကြောင်းများကို တွေ့ရမည်ဟု
မျှော်လင့်၍ လူမှုသိပ္ပံဂျာနယ်၏ မေလ ထုတ် စာတမ်းအဖြစ် တင်ပြလိုက်ပါသည်။
အယ်ဒီတာ
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက်
မင်းသေ့
ဤစာတမ်းသည် ဆီးရီးယားနိုင်ငံရေးအား လေ့လာဆန်းစစ်ထားသည့် စာတမ်းတစ်စောင်ဖြစ်သည်။ စာတမ်းသည်
ဆီးရီးယားနိုင်ငံရေးနောက်ခံသမိုင်းကို အတော်အတန် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ ဆီးရီးယားနိုင်ငံ၏
အခြေအနေကို ယေဘုယျသဘော တင်ပြထားသည်ကိုတွေ့ရသည်။ မြန်မာ့စာပေအနေဖြင့် ဆီးရီးယားနိုင်ငံ
အကြောင်းကို တစ်သီးတစ်သန့်ရေးသားထားခြင်းသည် လွန်စွာ နည်းပါးသည်ဖြစ်ရာ ဤစာတမ်းသည် ဆီးရီးယား
နိုင်ငံအကြောင်း အတော်အတန် စုစည်းတင်ပြထားသည့် ယေဘုယျကောက်ကြောင်းများကို တွေ့ရမည်ဟု
မျှော်လင့်၍ လူမှုသိပ္ပံဂျာနယ်၏ မေလ ထုတ် စာတမ်းအဖြစ် တင်ပြလိုက်ပါသည်။
အယ်ဒီတာ
မင်းသေ့
2
ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက်
နိဒါန်း
ဤစာတမ်းသည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်နှင့် ဖြစ်ပျက်ခဲ့မှုများ၏ တစ်စိတ်တစ်ပိုင်းကို ရေးသားပြုစု
တင်ပြထားခြင်းဖြစ်ပါသည်။ ထို့အပြင် ဆီးရီးယား၏ သင်ခန်းစာကို လေ့လာ၍ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး၌ သင်ခန်းစာယူစရာ အဖြစ်အပျက်များ ရရှိနိုင်မည်ဖြစ်သည်။
ရည်ရွယ်ချက်
အာဏာရှင်တို့၏ သဘာဝ နှင့် အာဏာရှင်တို့ လက်ထဲ အာဏာမြဲမြံနေရခြင်း၏ အကြောင်းတရားများကို
လေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုတင်ပြထားခြင်းဖြစ်သည်။
နိုင်ငံ/ တည်နေရာ
ဆီးရီးယားနိုင်ငံ၏ တရားဝင်အမည် အပြည့်အစုံမှာ
ဆီးရီးယား အာရပ်သမ္မတနိုင်ငံ ဖြစ်သည်။ ဆီးရီး
ယား နိုင်ငံသည် မြေထဲပင်လယ်၏ အရှေ့ဖက်
တွင် တည်ရှိပြီး အာရှတိုက်၏ အနောက်တောင်
ဖက်တွင် တည်ရှိသည်။ မြောက်ဖက်တွင် တူရီကီ
နိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဖက်တွင် အီရတ်
နိုင်ငံ၊ တောင်ဖက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်
တောင်ဖက်တွင် အစ္စရေးနိုင်ငံနှင့် အနောက်ဖက်
တွင် လီဘာနွန်နိုင်ငံတို့ ရှိကြသည်။
ပထဝီဝင် အနေအထား
မြေမျက်နှာပြင်ကို မြေထဲပင်လယ် ကမ်းရိုးတမ်းဒေသ၊ မြေဩဇာ ကောင်းမွန်သော အာလပ်ပို လွင်ပြင်၊ တောင်
ပိုင်း တောင်ထူထပ်သော ဒေသ၊ အရှေ့တောင် သဲကန္တရမြောက်ပိုင်းရှိ ယူဖရေးတီးမြစ်ဝှမ်း ဒေသနှင့် သဲကန္တရ
တောင်ပိုင်းရှိ တောင်ကုန်းများ ပေါများသော လွင်ပြင်ဟူ၍ ခွဲခြားထားသည်။ ကမ်းခြေဒေသများတွင်
ဆောင်းတွင်းမိုးရွာသော မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်သည်။ ကုန်းတွင်းပိုင်းတွင် သမပိုင်းရာသီဥတုမျိုး
ဖြစ်သည်။
မင်းသေ့
3
သယံဇာတ
ဆီးရီးယားနိုင်ငံသည် ဖော့စဖိတ်၊ ခဲ၊ ကြေးနီ၊ ခနောက်စိမ်း၊ နီကယ် သတ္တု၊ ခရိုမီယံသတ္တုနှင့်
မင်းဂနီးစ်တို့ ထွက် ရှိသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် ရုပ်ကြွင်းလောင်စာများလည်း
ထွက်ရှိသည်။
အကျယ်အဝန်းနှင့် လူဦးရေ
ဆီးရီးယားနိုင်ငံ၏ အကျယ်အဝန်းမှာ ၇၁,၄၇၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ လူဦးရေမှာ -
၂၂,၄၅၇,၇၆၃ (နှစ်ဆယ့်နှစ် သန်းကျော်) ရှိသည်။
လူမျိုးစုများနှင့် ကိုးကွယ်သည့် ဘာသာ
အာရပ်လူမျိုး ၉၀ % နေထိုင်သော အာရပ်နိုင်ငံတစ်ခုဖြစ်သည်။ အာရပ်လူမျိုးအများစုနေထိုင်ကြပြီး
အာမေးနီးယန်း၊ ကာဒစ်၊ တူရကီနှင့် ပြင်သစ်လူမျိုးများလည်း နေထိုင်ကြသည်။ တရားဝင်ရုံးသုံး
ဘာသာစကားမှာ အာရပ်ဘာသာဖြစ်ပြီး အာမေးနီးယန်း၊ တူရကီ၊ ဆာကေးရှင်း1
ဘာသာစကားတို့
ကိုလည်း ပြောဆိုကြသည်။ အင်္ဂလိပ်ဘာသာနှင့် ပြင်သစ်ဘာသာတို့သည် ဒုတိယ အများဆုံးပြောဆို
သည့် ဘာသာစကားများဖြစ်ကြသည်။
အာရပ်လူမျိုးအများစုနေထိုင်သော နိုင်ငံဖြစ်၍ အများဆုံးကိုးကွယ်ရာ ဘာသာမှာလည်း အစ္စလာမ်ဘာသာဖြစ်
သည်။ ခရစ်ယာန်နှင့် ဟီဘရူးဘာသာအပြင် အခြားဘာသာများကို ကိုးကွယ်သူများလည်း ရှိသည်။
မြို့တော်
မြို့တော်မှာ ဒါမတ်စ်ကပ် ဖြစ်သည်။ မြို့ကြီးများမှာ အလက်ပို၊ ဟုမ်းစ်၊ ဟားမား၊ လက်တားကီးယား၊ ဒေရက်ဇာ
မြို့များဖြစ်ကြသည်။
ဆီးရီးယားနိုင်ငံဆိုင်ရာ အချက်အလက်များ
လက်ရှိသမ္မတမှာ ဘရှားအယ်လ်-အာဆတ်ဖြစ်သည်။ ဖခင်မှာ ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ဖူး
သော ဟာဖစ်အယ်လ်-အာဆတ်ဖြစ်သည်။ လက်ရှိဆီးရီးယားနိုင်ငံသည် တစ်ပြည်ထောင်စနစ် (Unitary
System) ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး အစိုးရအုပ်ချုပ်မှု စနစ်မှာ Semi-presidential System ကို ကျင့်သုံးသော
အုပ်ချုပ်ရေး စနစ်ဖြစ်သည်။
1
Circassian
မင်းသေ့
4
စီးပွားရေးစနစ်
ဆီးရီးယားငွေကြေးမှာ - ဆီးရီးယား ပေါင် ငွေကြေးဖြစ်သည်။ ၁၉၆၃ ခုနှစ် မတ်လတွင် ဘာ့သ်ဆိုရှယ်လစ်
ပါတီအစိုးရ အာဏာရရှိပြီးနောက် ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် နိုင်ငံတော်စီးပွားရေးကို တည်ဆောက်ခဲ့သည်။
၁၉၆၅ ခုနှစ် မေလတွင် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြီးစားနှင့် အလတ်စားလုပ်ငန်းများကို ဘာ့သ်ပါတီ အစိုးရ
က ပြည်သူပိုင်သိမ်းခဲ့သည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို အစိုးရက ချုပ်ကိုင်၍ တံခါးပိတ်စီးပွားရေးစနစ်ကို
ပုံလောင်းယူခဲ့သည်။ ၁၉၆၅ ခုနှစ်တစ်ဝိုက်တွင် ထုတ်လုပ်ခဲ့သော တိုင်းပြည်ထုတ်ကုန် စုစုပေါင်း၏ ၈၅ % မှာ
ပြည်သူပိုင် စက်ရုံ (နိုင်ငံပိုင်စက်ရုံ) များမှ ထုတ်လုပ်ခဲ့သည်ချည်းဖြစ်သည်။
၁၉၆၃ ခုနှစ်တွင် မြေယာပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ချေ။ စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းတို့သည် ဆီးရီးယားနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများတွင် ပါဝင်သည်။ သို့သော်
ရေရှားပါးမှု ပြဿနာကြောင့် စိုက်ပျိုးမြေ ဧက ၄၅ သန်းခန့် ရှိသည့် အနက် သန်း ၂၀ ခန့်ကိုသာ စိုက်ပျိုးထုတ်
လုပ်နိုင်ခဲ့သည်။ မွေးမြူရေးတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်း၊ မြည်းနှင့် လားများကို အဓိကမွေးမြူသည်။ သံ၊
သံမဏိ၊လောင်စာဆီ၊ စက်ကရိယာနှင့် စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများကို အဓိကထား တင်သွင်းသည်။
နောက်ခံသမိုင်းအကျဉ်း
ဆီးရီးယားနိုင်ငံသည် ဒမက်စကပ်နှင့် အလက်ဟူသော ဒေသကြီးနှစ်ခုပေါင်းစပ်၍ ဖြစ်တည်လာသော နိုင်ငံတစ်
နိုင်ငံဖြစ်သည်။ အဆိုပါ ဒေသကြီး နှစ်ခုပေါင်းစည်းချိန်မှာ ၁၉၂၅ ခုနှစ်ဖြစ်ပြီး နောက် (၅) နှစ်အကြာ ၁၉၃၀
ခုနှစ် တွင် ဆီးရီးယားသမ္မတနိုင်ငံအဖြစ် တည်ထောင်နိုင်ခဲ့သည်။
၁၉၂၅ မတိုင်မီက ယခု ဆီးရီးယားနိုင်ငံရှိနယ်မြေများသည် အင်ပါယာအသီးသီး၏ လက်အောက်သို့
ကျရောက်ခဲ့သည်။ ရောမ၊ အီဂျစ်၊ ဘေဘီလုံ၊ အော်တိုမန်နှင့် ပါရှားအင်ပါယာ စသည့် အင်ပါယာ အသီးသီး
လက်အောက် ရောက်ရှိခဲ့သည်။ တူရကီနှင့် ပြင်သစ်ဩဇာခံနယ်မြေလည်း ဖြစ်ခဲ့ဖူးသည်။ ၁၉၂၀ ခုနှစ်တွင်
ပြင်သစ်ဩဇာခံနယ်မြေဖြစ်ခဲ့ပြီး ၁၉၃၀ ခုနှစ်ရောက်မှ ဆီးရီးယားသမ္မတနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့သည်။
ထိုသို့ထူထောင်လိုက်နိုင်သော်လည်း ပြင်သစ်ဩဇာခံဖြစ်မြဲ ဖြစ်ဆဲပင်ဖြစ်သည်။
၁၉၄၁ ခုနှစ်တွင် ပြင်သစ်နှင့် ဗြိတိသျှတို့ စုပေါင်းထားသော မဟာမိတ်တို့လက်အောက်ရောက်ခဲ့သည်။ ဒုတိယ
ကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့သည် ဆီးရီးယားသမ္မတနိုင်ငံအတွက် တိုင်းတပါးလက်
အောက် မှ လုံးဝ လွတ်လပ်သော နိုင်ငံအဖြစ်ရောက်ရှိခဲ့သည်။
မှတ်ချက်။ ။ ရက်စွဲသမိုင်းစဉ် 2
ကို နောက်ဆက်တွဲတွင် ရှုရန်
2
နောက်ဆက်တွဲ
မင်းသေ့
5
ဟာဖစ် အယ်လ်-အာဆတ်
ဟာဖစ် အယ်လ်-အာဆတ် မှာ ဆီးရီးယားနိုင်ငံ၏ အုပ်စိုးသူဖြစ်ခဲ့သည်။ စစ်ဘက် အရာရှိမှ အုပ်စိုးသူ
သမ္မတဖြစ်လာခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း ရယူခဲ့သူဖြစ်သည်။ ၁၉၇၀ ခုနှစ် စစ်ဘက်
တွင် သွေးမထွက်သော အာဏာသိမ်းမှုကို ဦးစီးဦးဆောင်သူလည်းဖြစ်ခဲ့သည်။ ဘ့ာထ်ပါတီတွင်း အာဏာသိမ်း
မှုသည် ထင်ရှားသော အာဏာသိမ်းမှုဖြစ်ခဲ့သည်။ ဆီးရီးယားနိုင်ငံသည် အာဏာသိမ်းမှု အမျိုးမျိုးကြုံခဲ့ရာ
ဟာဖစ် အယ်လ်-အာဆတ်၏ အာဏာသိမ်းမှုသည် နောက်ဆုံးအာဏာသိမ်းမှုဟု ခေါ်ရမည်ပင်ဖြစ်သည်။
အကြောင်းမှာ သူကွယ်လွန်ချိန်အထိ ဆီးရီးယားနိုင်ငံ၏ နိုင်ငံတော်အာဏာကို ရယူသွားနိုင်ခဲ့ခြင်းကြောင့်ဖြစ်
သည်။ သူကွယ်လွန်အပြီးတွင်လည်း သူ၏ သားငယ်ဖြစ်သူ ဘရှား အယ်လ်-အာဆတ်ကို အာဏာလွှဲအပ်ပေး
မှုအား သေသပ်ပိရိစွာ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ဟာဖစ် အယ်လ်-အာဆတ်သည် ၁၉၇၀ ခုနှစ်မှ ၂၀၀၀
ခုနှစ်အထိ နှစ်ပေါင်း (၃၀) အထိ နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားသည်။ ဟာဖစ် အာဆတ်သည် ၂၀၀၀
ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ဘရှား-အယ်လ်-အာဆတ်
ဘရှား အယ်လ်-အာဆတ်ကို ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဘရှား အယ်လ်-
အာဆတ်မှာ ဒမတ်စကက်တက္ကသိုလ်မှ ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့သည်။ မျက်စိဆရာဝန်ဘွဲ့ အထူးပြုဖြင့် ဘွဲ့
ရရှိခဲ့သည်။ ဘရှားသည် ဆီးရီးယားနိုင်ငံသမ္မတဖြစ်သူ ဟာဖစ် အယ်လ်-အာဆတ်၏ ဒုတိယသားဖြစ်သည်။
၂၀၀၀ ခုနှစ် ဖခင်သေဆုံးအပြီး နိုင်ငံတော်သမ္မတဖြစ်ခဲ့သူဖြစ်သည်။
အမှန်တကယ်မှာ ဘရှားသည် ဆီးရီးယားသမ္မတအဖြစ် မမျှော်လင့်ဘဲ ဖြစ်လာခဲ့သူဟု ဆိုရမည်ပင်ဖြစ်သည်။
အကြောင်းမှာ ဖခင် ဟာဖစ် ထံမှ သမ္မတရာထူးကို လျာထားခြင်းခံရသူမှာ သူ၏ အစ်ကိုကြီးဖြစ်သူ ဘဆီးလ်
အယ်လ်-အာဆတ်ဖြစ်သည်။ ဘဆီးလ်မှာ ဆီးရီးယားနိုင်ငံ၏ စစ်ဘက်အရာရှိတစ်ယောက်ဖြစ်သည်။ ဘဆီးလ်
သည် ၁၉၉၄ ခုနှစ်တွင် ဒမတ်စကတ်မြို့ လေဆိပ်အပြင်ဘက်ရှိ လမ်းဆုံအဝိုင်းတွင် ကားမှောက်၍ သေဆုံးခဲ့
သည်။ ဘဆီးလ်သေဆုံးခဲ့သည့် အချိန်မှစ၍ သမ္မတ ဟာဖစ်သည် ဒုတိယ သားဖြစ်သူ ဘရှား အယ်လ်-
အာဆတ်ကို သူ၏နေရာဆက်ခံရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ ထိုစဉ်က ဘရှားမှာ လန်ဒန်မြို့၌
ဆရာဝန်အလုပ်ဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသည်။ ထို့နောက် သား ဘရှားကို လန်ဒန်မှ ပြန်လည်ခေါ်ယူခဲ့ပြီး
အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးများကို အဆင့်ဆင့် ပေးခဲ့သည်။ ဘရှားသည် စစ်ဘက်တာဝန်ရာထူးကြီးများ
အပြင် ဆီးရီးယား ကွန်ပြူတာအသင်းဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ထိုတာဝန်မှာလည်း သူ့အစ်ကိုယူ
ခဲ့သော တာဝန်ပင်ဖြစ်သည်။
ဘရှားသည် စစ်ဘက်တွင် ရာထူးအဆင့်ဆင့် ရယူခဲ့ရာ သူ၏ဖခင် ဟာဖစ် သေဆုံးချိန်တွင် စစ်ဘက်ရာထူးကြီး
ဖြစ်သော ဗိုလ်မှူးချုပ်ရာထူးအထိပင် ရရှိထားသည်။ ၁၉၉၈ ခုနှစ်တွင် ဒုသမ္မတ ရယူထားသော အရေးပါသည့်
ရာထူးများကို ပြန်သိမ်းကာ ဘရှားကိုပင် တာဝန်ယူစေခဲ့သည်။
မင်းသေ့
6
သမ္မတဟာဖစ် သေဆုံးအပြီး ၂၀၀၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ဘ့ာထ်ပါတီက ဘရှားကို သမ္မတအဖြစ်
အမည်စာရင်းတင်သွင်းခဲ့သည်။ အခြား ယှဉ်ပြိုင်စာရင်း တင်သွင်းခံရသူ မရှိခဲ့ချေ။ ဆီးရီးယားလွှတ်တော်က
ဆီးရီးယား အခြေခံဥပဒေ အပိုင် ၈၃ ကို အလျင်အမြန် ပြင်ဆင်ပေးခဲ့ရသည်။ အခြေခံဥပဒေအရ အသက် (၄၀)
ပြည့်မှသာ သမ္မတဖြစ်နိုင်ခွင့်ရှိသည်။ ထိုစဉ်က ဘရှားမှာ ၃၄ နှစ်ပင် ရှိသေးသည်။ ၂၀၀၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်
နေ့တွင် ကျင်းပသော (၉) ကြိမ်မြောက် ဘ့ာထ်ပါတီကွန်ဂရက်တွင် ဘရှားကို ပါတီအထွေထွေ အတွင်းရေးမှူး
အဖြစ် တင်မြှောက်ခဲ့သည်။ အဆိုပါ ကွန်ဂရက်မှာ (၁၅) နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော
အစည်းအဝေးဖြစ်သည်။ ဆန္ဒခံယူပွဲတွင် ဘရှားမှာ ထောက်ခံမဲ ၉၇ ဒသမ ၂၉ ရာခိုင်နှုန်း ထောက်ခံမဲရခဲ့ပြီး
ဆီးရီးယားနိုင်ငံ၏သမ္မတဖြစ်လာခဲ့သည်။
တပ်တွင်းအခြေအနေ
ဆီးရီးယားတပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေကြသော ဗိုလ်ချုပ်အများစုမှာ အလာဝိတ်လူမျိုးစုများဖြစ်
ကြသည်။ အလာဝိတ်များသည် ဆီးရီးယားနိုင်ငံ၏ လူနည်းစု မွတ်ဆလင်လူမျိုးစုများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၂
ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းမျှသာ ရှိကြသည်။ ထိုအလာဝိတ်လူမျိုးစုများသည် ၁၉၆၀ ပြည့်လွန်နှစ်များကတည်း
က ဘ့ာထ်ပါတီနှင့်အတူ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့သူများဖြစ်သည်။ အလာဝိတ်တို့သည် ရှီယာအစ္စလာမ်
ဘာသာမှ ဆင်းသက်လာကြသူများဖြစ်သည်။ ယခင်က အဖိနှိပ်ခံ လူနည်းစုများဖြစ်ခဲ့ကြသည်။
အလာဝိတ်တို့နှင့် ပက်သက်၍ ဆွန်နီအစ္စလာမ်ဘာသာရေးပညာရှင် အီဘန်တာမီယာ က ၁၃၊ ၁၄ ရာစုနှစ်များ
တွင် ပြောခဲ့သည့် မှတ်ချက်တစ်ခုရှိခဲ့သည်။ “အလာဝိတ်တို့သည် ဂျူးများ၊ ခရစ်ယာန်များထက်ပင် ဒိဌိဆန်ကြ
သဖြင့် သူတို့အား ဂျီဟဒ်စစ်ပွဲဆင်နွှဲရန်” ပင်ပြောခဲ့ဖူးသည်။
အလာဝိတ်များနှင့် ဆီးရီးယား
ရှီယာအစ္စလာမ်ဘာသာမှ ဆင်းသက်လာသူများကို အလာဝိတ်ဟု ခေါ်သည်။ ဘရှား အယ်လ်-အာဆတ်သည်
အလာဝိတ်တစ်ယောက်ပင်ဖြစ်သည်။ ဘရှား၏ ဖခင်မှာလည်း အလာဝိတ်တစ်ယောက်ဖြစ်သည်။ ၁၉၅၀ ပြည့်
နှစ်များတွင် ဆိုရှယ်လစ်နှင့် အာရပ်ဝါဒီများကြီးစိုးသော ဘ့ာထ်ပါတီက ပါလီမန်တွင် နေရာအများအပြားရလာ
သည်။ ဘ့ာထ်ပါတီသည် နိုင်ငံရေးအာဏာ မြဲမြံစေရန် စစ်ဘက်နှင့် ပူးပေါင်းလာသည်။ စစ်တပ်အတွင်းတွင်
အလာဝိတ်တို့သည် နေရာများစွာရရှိထားသည်။ နိုင်ငံရေးပါတီနှင့် စစ်တပ်ပူးပေါင်းလာသောအခါ တပ်သည်
နိုင်ငံရေးပါတီက လုပ်ဆောင်ရသော နိုင်ငံ့အုပ်ချုပ်ရေးတာဝန်များတွင် ပါဝင်ပက်သက်လာသည်။ အုပ်ချုပ်ရေး
၏ အရေးကြီးသော အခန်းကဏ္ဍများတွင်ပါ ပါဝင်လာကြသည်။ ၁၉၆၆ ခုနှစ်တွင် ဘ့ာထ်ပါတီတွင်း
အာဏာသိမ်းမှု ဖြစ်ပွားသောအခါ ဟာဖစ် အယ်လ်-အာဆတ်သည် ကာကွယ်ရေးဝန်ကြီးနှင့် လေတပ်စစ်ဦးချုပ်
ဖြစ်လာသည်။ ဟာဖစ်မှာ အလာဝိတ်တစ်ဦးပင်ဖြစ်သည်။
မင်းသေ့
7
အလာဝိတ်တို့သည် ၁၉၆၆ နှင့် ၁၉၇၀ အထိ အုပ်ချုပ်ရေးတွင် ပါဝင်ခဲ့သည်။ ဟာဖစ်၏ အုပ်ချုပ်မှုအောက်တွင်
စစ်တပ်၏ စွမ်းရည်ကိုပါ မြှင့်တင်နိုင်ခဲ့သည်။ ထိုသို့ဖြစ်ခဲ့ရာမှ ယခု ဘရှားအာဆတ်လက်ထက်ရောက်သော
အခါ စစ်ဘက်အပြင် အစိုးရအဖွဲ့အတွင်းတွင်ပါ အရေးပါသော နေရာများတွင် အလာဝိတ်တို့ နေရာရရှိလာခဲ့
ကြသည်။
အလာဝိတ်တို့သည် နိုင်ငံရေးဩဇာနှင့် နိုင်ငံတော်အာဏာကို အမြဲမပြတ်ရရှိအောင် အားထုတ်လာခဲ့သည်။
ထိုသို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်ဖြစ်၍ နိုင်ငံတော်အာဏာကို လွယ်လွယ်ကူကူ လက်လွှတ်ခံမည်မဟုတ်
ချေ။
ဟာဖစ်နှင့် ဘရှားတို့သည် အစိုးရအဖွဲ့အတွင်းတွင် အလာဝိတ်တို့ကိုသာမက နောက်ပိုင်းတွင် ဆွန်နီ
မွတ်ဆလင်များကိုပါ နေရာပေးလာကြသည်။ ဤသို့ဖြင့် တပ်တွင်း၌ အလာဝိတ်တို့ ကြီးစိုးလာပြီး အစိုးရအဖွဲ့
အတွင်းတွင် ဆွန်နီများ ကြီးစိုးနေရာရလာကြသည်။ အစိုးရအဖွဲ့တွင် အများဆုံးပါဝင်သည့် ဆွန်နီများသည်
ဆီးရီးယား၏ စီးပွားရေးအသိုက်အဝန်းတစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်သော အနေအထားတွင် ရှိသည်။
ဘရှားတစ်ယောက် နိုင်ငံရေးအာဏာရရှိလာချိန်၌ အသက်ငယ်ရွယ်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်းနှင့် ဘရှား
ကိုယ်တိုင်က အလာဝိတ်တစ်ယောက်ဖြစ်သည့်အပြင် သမ္မတ ဟာဖစ်အာဆတ်၏ သားလည်းဖြစ်သောကြောင့်
တပ်နှင့် အစိုးရအဖွဲ့တွင် ဘရှားမှာ ရေပန်းစားသည့် ခေါင်းဆောင်ဖြစ်လာခဲ့သည်။
စီးပွားရေး ပုံရိပ်
ဟာဖစ်နှင့် ဘရှားတို့သည် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးလွတ်လပ်မှုကို တစ်စုံတစ်ရာအတိုင်းအတာအထိ
မကြာခဏ ပေးခဲ့သည်။ ထိုသို့ပေးခဲ့တိုင်းလည်း တကယ့်ပြည်သူလူထုက အကျိုးကျေးဇူးမခံစားရဘဲ အစိုးရ
အသိုင်းအဝိုင်းနှင့် နီးစပ်သောသူများသာ အကျိုးအမြတ်ရရှိသွားကြသည်။ ဤသို့ဖြင့် ချမ်းသာသူများ ပို၍
ချမ်းသာလာပြီး ဆင်းရဲသူများ ပိုဆင်းရဲသွားသည့် အဖြစ်များ ဖြစ်ခဲ့သည်။
စီးပွားရေးနယ်ပယ်တွင် ပြင်ညီကွင်းအနေအထားမျိုးမရှိခဲ့ချေ။ စီးပွားရေးမညီမျှမှုမှာ အထူးသဖြင့် ဘရှားလက်
ထပ်တွင် ဖြစ်ခဲ့သည်။ အစိုးရဝန်ထမ်း ဗြူရိုကရက်များသည်လည်း ဘရှား၏ အစီအစဉ်များဖြင့် စီးပွားရေးအကျိုး
အမြတ်များ များစွာ ရရှိခဲ့သည်။ အစိုးရဝန်ထမ်းနှင့် ခရိုနီတို့ ပေါင်းစားသော စီးပွားရေးဖြစ်စဉ်ကြီးလိုဖြစ်နေ
သည်။ ခရိုနီစီးပွားရေးသမားများ၏ လူမှုစီးပွားရေးရေချိန်သည် အစိုးရ၏ အနေအထားပေါ်များစွာ မူတည်နေ
သည်ဖြစ်ရာ စီးပွားရေးသမားများသည် အစိုးရနှင့် ပို၍ ပူးကပ်စေသောအကြောင်းတရားများကို ဖြစ်စေခဲ့သည်။
စီးပွားရေးသမားများ စဉ်းစားကြသည်မှာ အကယ်၍ လက်ရှိအစိုးရသာ နိုင်ငံတော်အာဏာကို ဆက်လက်ကိုင်စွဲ
ထားခြင်း မရှိတော့လျှင် မိမိတို့၏ အကျိုးစီးပွားများ ထိပါး/ပျောက်ပျက်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် အစိုးရ
ကို သစ္စာပျက်စေသော ကိစ္စများနှင့် အစိုးရအကြည်ညိုပျက်စေသောကိစ္စရပ်များကို လက်ခံသောအနေအထား
မဖြစ်တော့ချေ။
မင်းသေ့
8
ဟာဖစ်အာဆတ်လက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ နိုင်ငံအတွင်းရှိ
စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်း၍ အစိုးရက တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ပြည်သူပိုင်လုပ်ငန်းများ
ကြောင့် နိုင်ငံသည် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရသည်။ ထို့အပြင် အခြားပြဿနာများလည်း များစွာရှိသည်။ ထို့ကြောင့်
ပင် ဆီးရီးယား၏ စီးပွားရေးသည် ဆင်းရဲချမ်းသာကွာဟမှုမြင့်မားမှုဖြစ်လာသည်။ ယင်းသို့ဖြစ်ရာခြင်းအကြောင်း
မှာ -
 ဘဏ်စနစ်အားမကောင်းခြင်း၊ ဘဏ်စနစ်သည် အကန့်အသတ် တင်းကျပ်လွန်းခြင်း
 ငွေကြေးအရင်းအနှီးရရှိနိုင်မည့် စတော့ဈေးကွက်မရှိခြင်း
 အစိုးရ အင်စတီကျူးရှင်းများဖြစ်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊
စည်းမျဉ်း၊ စည်းကမ်းများ မဖွံ့ဖြိုးခြင်းနှင့် အသက်ဝင်မှု အားနည်းခြင်း
 ဗြူရိုကရေစီယန္တရားသည် အဂတိလိုက်မှု၊ ခြစားမှု မြင့်မားခြင်း၊
 နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မရှိခြင်း
 ပုဂ္ဂလိကကဏ္ဍသည် စုစည်းအားမကောင်းခြင်းကြောင့် ရင်းနှီးမတည်မှု တိုးတက်မလာခြင်း
 မှောင်ခိုဈေးကွက်ကြီးထွားလာခြင်း စသည့်အထွေထွေအချက်များကြောင့် ဆီးရီးယား
နိုင်ငံ၏ စီးပွားရေးသည် ချွတ်ခြုံကျနေခြင်းဖြစ်သည်။
၂၀၀၂ ခုနှစ် ကုလသမဂ္ဂ လေ့လာမှုအရ3
အာရပ်ကမ္ဘာတွင် ဗဟုသုတခေါင်းပါးသည်ကို တွေ့ရသည်။ နိုင်ငံတွင်း
ပညာရည်နိမ့်ပါးမှုကြောင့် ပါဝင်သလို ဦးနှောက်ယိုစီးမှုကြောင့်ဟုလည်း ကောက်ချက်ချခဲ့သည်။
ဒမတ်စကတ်နွေဦး
ဘရှားအာဆတ် သမ္မတဖြစ်လာပြီးနောက် ဆီးရီးယားသည် နိုင်ငံရေးတစ်စုံတစ်ရာလွတ်လပ်ခွင့်ရလာသည်။ ထို
သို့ ရလာသောကာလကိုပင် ဒမတ်စကတ်နွေဦးဟု ခေါ်ခဲ့ကြသည်။ ဘရှားအာဆတ်သည်
- နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း
- ပုဂ္ဂလိကပိုင် သတင်းစာများကို ထုတ်ခွင့်ပေးခြင်း
- နိုင်ငံပိုင်မီဒီယားများကို ပြုပြင်ပြောင်းလဲခြင်း
- နိုင်ငံရေးဖိုရမ်များ,အစည်းအဝေးများ ပြုလုပ်ခွင့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပြီး အစိုးရကို လွတ်လပ်
စွာ ဝေဖန်မှုများကို ခွင့်ပြုပေးခဲ့သည်။
ဘရှားသည် ထိုသို့ နိုင်ငံရေးလွတ်လပ်မှုများပြုလုပ်သောကြောင့် လက်ရှိ အစိုးရအတွင်းမှ သဘောထားတင်းမာ
သူများ၏ စိုးရိမ်မှု ရေချိန်မြင့်တက်လာသည်။ ဒီမိုကရက်တစ်အတိုက်အခံအင်အားစုများသည်ပင် မည်သို့ မည်ပုံ
လုပ်ရမည်ဆိုသည်ကို ခန့်မှန်းမရဖြစ်လာသည်။ သို့သော် ဒမတ်စကတ်နွေဦးမှာ ကြာကြာမခံ နောက်ကြောင်း
3
အာရပ်လူ့အခွင့်အရေးအစီရင်ခံစာ
မင်းသေ့
9
ပြန်လှည့်သွားသည်။ အတိုက်အခံအင်အားစုများ ပြန်လည်အဖမ်းခံရသည်။ မီဒီယာကို ပြန်လည်ထိန်းချုပ်သည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုံးဝမရှိတော့။ ဆီးရီးယားနိုင်ငံသည် တစ်ပါတီစနစ်၊ သက်ဦးဆံပိုင် အာဏာရှင်
စနစ်ဖြစ်နေသည့်အပြင် အဆိုပါ အုပ်ချုပ်ရေး ယန္တရားကို အာဆတ်မျိုးဆက်၊ အာဆတ်မိသားစုကပင် အဓိက
ချုပ်ကိုင်ထားနိုင်ဆဲပင်ဖြစ်နေသည်ကို တွေ့ရသည်။
အာရပ်နွေဦးတော်လှန်ရေး
၂၀၁၀ ခုနှစ်တွင် တူနီးရှား၌ လူငယ်တစ်ယောက် ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြရာမှ အာရပ်နွေဦး ဆိုသည့် အဖြစ်
အပျက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ (၂၆) နှစ်အရွယ် လူငယ်တစ်ယောက်သည် တူနီးရှားနိုင်ငံ
ဆစ်ဒီဘူဇစ်မြို့တွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို လှည်းဖြင့် ရောင်းချ အသက်မွေးသူဖြစ်သည်။
ရဲက ခွင့်ပြုမိန့်မရှိဟူ၍ သူ၏ပစ္စည်းများကို သိမ်းယူသည်။ ထိုသို့ ခွင့်ပြုမိန့်ရရန် လာဘ်ထိုးမှ ရမည်။ ထို့ကြောင့်
လူငယ် သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မိမိကိုယ်ကို မီးရှို့ကာ အသေခံလိုက်သည်။ ထိုလုပ်ရပ်
သည် အာရပ်ကမ္ဘာတစ်ခုလုံးကို ကူးစက်ပြန့်နှံ့သွားသည်။ ထိုလူငယ်၏ အမည်မှာ မိုဟာမက်ဘွာဇီဇီ ဖြစ်သည်။
တူနီးရှားနှင့် အီဂျစ်နိုင်ငံတို့တွင်ဖြစ်ပွားသော လူထုအုံကြွမှုဖြစ်စဉ်များတွင် လူမှုမီဒီယာကွန်ယက်၏ ထိရောက်
အရေးပါမှုသည် များစွာ ရှိခဲ့သည်။ ဆီးရီးယားနိုင်ငံတွင်လည်း အုံကြွမှု၊ အတိုက်အခံပြုလှုပ်ရှားမှုများ၊ နိုင်ငံရေး
စည်းရုံးမှုများ၌ လူမှုမီဒီယာများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ဆီးရီးယားတွင်
ဖြစ်ပွားသော အာရပ်နွေဦးဖြစ်စဉ်များအတွင်း (၁၃) နှစ်သားကလေးတစ်ယောက်၏ အဖြစ်အပျက်ဖြင့်ဥပမာပြ
နိုင်သည်။ ထိုကလေး၏ အမည်မှာ ဟမ်ဇာ အယ်လ်-ခတ်တက်ဖြစ်သည်။ ထိုကလေးသည် သူနေထိုင်ရာ
ဂျီးဇားရွာမှ ပျောက်သွားသည်။ နောက်တစ်လကြာသောအခါ ခြေလက်ဖြတ်ထားသော ထိုကလေး၏ အလောင်း
သည် သူ့အိမ်သို့ရောက်လာသည်။
ထိုခြေပြတ်လက်ပြတ်ဖြစ်နေသောကလေးအလောင်း၏ ဓာတ်ပုံများကို ကမ္ဘာသို့ လူမှုကွန်ယက်များက တစ်ဆင့်
အစိုးရအတွက် ရိုက်ခတ်မှုတစ်စုံတစ်ရာရှိခဲ့သည်။
မှတ်ချက်။ ။ အာရပ်နွေဦးဖြစ်စဉ်ဇယား 4
အာရပ်နွေဦး ရိုက်ချက်
အာရပ်ကမ္ဘာ တော်လှန်ရေး၏ ရိုက်ချက်များဖြင့် ဆင့်ကာ ဆက်ကာဖြစ်ခဲ့သည်။ အာရပ်နွေဦးရိုက်ချက်ဖြင့်
အဓိကဆက်စပ်နေသောနိုင်ငံများရှိသည်။
တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဘာရိမ်း စသည့် နိုင်ငံများသည် အာရပ်နွေဦးတော်လှန်
ရေး၏ ဇာတ်ဆောင်နိုင်ငံများပင်ဖြစ်သည်။
4
နောက်ဆက်တွဲတွင် ကြည့်ရန်
မင်းသေ့
10
အာရပ်နွေဦးကြောင့် တူနီးရှားမှ ဘင်အလီ ပြုတ်ကျသွားသည်။ အီဂျစ်မှ မူဘာရက် ပြုတ်ကျသွားသည်။ ယီမင်မှ
အဗ္ဗသွာလ်လာဆလေး ပြုတ်ကျသွားသည်။ လစ်ဗျားတွင် ကဒါဖီ ပြုတ်ကျသွားသည်။
နိုင်ငံတကာ ဖိအားနှင့် ဒေသတွင်း အခြေအနေ
လူထုအုံကြွမှုနှင့် ဆီးရီးယားအစိုးရ၏ တုံ့ပြန်မှုများအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများလည်း အမျိုးမျိုးပြောင်းလဲ
နေသည်။ အစပိုင်းတွင် သူ့ဘာသာပြီးသွားမည်ဟု နိုင်ငံတကာက မှတ်ယူသည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့။
ပို၍ပင်ဆိုးဝါးသော အနေအထားသို့ ရောက်ရှိလာသည်။
လစ်ဗျားတွင် ကဒါဖီ ပြုတ်ကျသွားသည်။ သို့သော် လစ်ဗျားနှင့် ဆီးရီးယားမတူသည်က ဆီးရီးယားတွင်
တိတိကျကျအဖြေမရှိခြင်းနှင့် ဦးတည်ရာလမ်းကြောင်းတိတိကျကျမရှိခြင်းပင်ဖြစ်သည်။ ဘရှားအစိုးရက ငြိမ်း
ချမ်းစွာ ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွဲနေသော်လည်း နိုင်ငံတကာက တုံ့ပြန်ရန် လက်နှေးနေသည်။
အထူးသဖြင့် နိုင်ငံတကာက ဆီးရီးယားကို ဒုတိယမြောက် အီရတ်ပုံစံမျိုး မဖြစ်စေလိုချေ။
အီရတ်တွင် ဆဒမ်ဟူစိန်မရှိသောအခါ ဗဟိုချုပ်ကိုင်မှုမရှိတော့သည့်အတွက် မတည်ငြိမ်မှုများ ဖြစ်ကုန်သည်။
ဆီးရီးယားတွင် ဤသို့ဖြစ်လျှင် ပို၍ပင်ဆိုးလိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆသည်။ ဆီးရီးယား
သည် အီရတ်လိုပင် လူမျိုးကွဲ၊ ဘာသာကွဲ များစွာရှိနေသည်။ အီရတ်ကဲ့သို့ပင် အာဏာရနေသည့် လူနည်းစု
တိုင်းရင်းသားအုပ်စုက အဆင့်တိုင်းတွင် နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသည်။ ထိုမျှမက လူလတ်တန်းစား
လည်း မဖွံ့ဖြိုးချေ။ လူမှုအရပ်ဘက်အဖွဲ့အစည်းများလည်း အားမကောင်း။ ဘရှားအစိုးရပြုတ်ကျသွားလျှင်
လည်း အသင့်ဆက်ခံနိုင်သော အရပ်သားနိုင်ငံရေးအဖွဲ့အစည်းမရှိ။ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့်
ဆီးရီးယား၏ အာရပ်နွေဦးသည် လွန်၍ ဆောင်းသို့ပင် ပြန်ရောက်နေပြီဖြစ်သည်။
ဘရှားအာဆတ် ရပ်တည်နိုင်ခြင်း၏အကြောင်းတရားများ
အာရပ်နွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနိုင်သော နိုင်ငံများရှိသည်။ ဥပမာ
တူနီးရှားဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်သော်လည်း အီလည်လိုက်နေ၍ တန့်နေသော
နိုင်ငံလည်း ရှိသည်။ စစ်အာဏာသိမ်းမှုဖြင့် နောက်ကြောင်းပြန်လှည့်သွားသော နိုင်ငံလည်းရှိသည်။ ဆီးရီးယား
မှ ဘရှားအာဆတ်သည် ယခုအထိ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း
အကြောင်းအရင်းများရှိသည်။ ယင်းတို့မှာ အောက်ပါအချက်များကြောင့် ဖြစ်တန်ရာသည်။
(က) အစ္စလာမ်အမျိုးသားရေးဝါဒီဆီးရီးယားပြည်သူများမှာ ဘရှားအာဆတ်ကို ထောက်ခံသည့်
အခြေခံအုတ်မြစ်ဖြစ်နေခြင်း
(ခ) ဘရှားအာဆတ်ကိုယ်တိုင်က အာရပ်အမျိုးသားရေးဝါဒီကို ကိုင်စွဲထားခြင်း
(ဂ) စစ်ဘက်ကို အလာဝိတ်များ လွှမ်းမိုးထားနိုင်ခြင်း
မင်းသေ့
11
(ဃ) အစိုးရအဖွဲ့၊ ဗြူရိုကရက်များနှင့် ဆီးရီးယားစီးပွားရေးထိပ်တန်းအလွှာတို့၏ ကိုယ်ကျိုးစီးပွားများ
သည် ဘရှား သမ္မတရာထူးအပေါ် မှီခိုနေခြင်း
(င) တရုတ်နှင့် ရုရှားတို့သည် ဘရှားနှင့် ပလဲပနံသင့်နေခြင်း (အထူးသဖြင့် ရုရှား၏ အကျိုးစီးပွားသည်
ဆီးရီးယားအပေါ် တစ်စုံတစ်ရာသက်ရောက်မှု ရှိနေခြင်း)
(စ) တစ်ပါတီ၊ အာဏာရှင်နိုင်ငံရေးစနစ်ဖြင့် အုပ်ချုပ်သည့် သက်တမ်းသည် အလွန်ရှည်ကြားနေခြင်း
(ဆ) အာဆတ်မိသားစုသည် ၁၉၇၀ ခုနှစ်ကစပြီး ယနေ့အထိ အာဏာကိုင်စွဲထားခြင်း
(ဇ) လွတ်လပ်ရေးရအပြီး အာဏာသိမ်းမှုများ အထပ်ထပ်ဖြစ်ခဲ့သည့် သမိုင်းနောက်ခံရှိခြင်း
(ဈ) ဒီမိုကရက်တစ်အတိုက်အခံ အား မကောင်းခြင်း
(ည) နိုင်ငံရေးဖိနှိပ်မှုပြင်းထန်သော အုပ်ချုပ်ရေးစနစ်ရှိခြင်း
(ဋ) အစိုးရနှင့် အစိုးရဝန်ထမ်းများ၏ အဂတိလိုက်မှုရေချိန်မြင့်မားခြင်း
(ဌ) အမေရိကန်၏ အကြမ်းဖက်ဆန့်ကျင်ရေးသည် အာရပ်လူမျိုးများနှင့် တိုက်ရိုက်ဆက်စပ်နေသည်
ဟု ဆီးရီးယားပြည်သူများ ထင်မြင်နေခြင်း
စသည့် အထွေထွေအချက်များကြောင့် ယနေ့အထိ ဘရှားအာဆတ်သည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံတော်
အာဏာကို ကိုင်စွဲထားနိုင်ဆဲရှိနေခြင်းဟု မှတ်ယူနိုင်သည်။ အဆိုပါအကြောင်းအချက်များထဲမှ အဓိက
အချက်များကို ရွေးထုတ်သော် အချက် (၃) ချက်ကို တွေ့နိုင်သည်။
(၁) အာရပ်အစ္စလာမ်အမျိုးသားရေးဝါဒ
(၂) အကျိုးစီးပွားများ
(၃) ရုရှား၏ ထောက်ခံအားပေးမှု ဟူ၍ လိုရင်းအချက် (၃) ချက်ကို ရှာဖွေတွေ့ရှိနိုင်သည်။
နယ်နိမိတ်နှင့် ဆက်စပ်အကြောင်းများ
အာရပ်-အစ္စရေး
အစ္စရေးနိုင်ငံစတင်တည်ထောင်ချိန်မှစ၍ အာရပ်နိုင်ငံများဖြစ်သော အီဂျစ်၊ အီရတ်၊ လက်ဘနွန်၊ ဆီးရီးယားနှင့်
ဂျော်ဒန်နိုင်ငံတို့သည် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ အာရပ်-အစ္စရေး စစ်ပွဲတွင် ဂျော်ဒန်နိုင်ငံမှအပ
ကျန်အာရပ်နိုင်ငံများသည် စနစ်တကျ လက်နက်တပ်ဆင်ထားခြင်းမရှိသောကြောင့် ရှုံးနိမ့်ခဲ့သည်။ ဆီးရီးယား
နှင့် အစ္စရေးနယ်စပ်တစ်လျှောက်တွင် နယ်စပ်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများ၌
ဆီးရီးယားသည် အာရပ်လူမျိုးများ၏ အခွင့်အရေးဟူသော ကြွေးကြော်သံကို ဆုပ်ကိုင်ပြီး အစ္စရေးသည်
အကြမ်းဖက်မှုကို ကာကွယ်ခြင်းဟု ကြွေးကြော်သည်။
မင်းသေ့
12
ခြောက်ရက် စစ်ပွဲ
၁၉၆၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အစ္စရေးနှင့် ဆီးရီးယားတို့ နယ်စပ်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ
သည်။ ထိုနှစ် ဧပြီ ၇ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားသည်။ ဇွန်လ ၅ ရက်နေ့တွင် အာရပ်နိုင်ငံများ
နှင့် အစ္စရေးတို့ ခြောက်ရက်စစ်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး ဇွန်လ ၁၁ ရက်နေ့တွင် စစ်ပွဲပြီးဆုံးသည်။
အာရပ်-အစ္စရေး စစ်ပွဲတွင် အစ္စရေးတို့ဖက်မှ အမေရိကန်နှင့် ဗြိတိန်တို့ က ထောက်ပံ့ကူညီမှုပြုသည်။
ဆိုဗီယက်နှင့် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် အရှေ့အလယ်ပိုင်းအရေးကို သံတမန်နည်းဖြင့်
ဖြေရှင်းရန် ညှိနှိုင်းသည်။
နိဂုံး
ဤအခြင်းအရာကို ထောက်ရှုခြင်းအားဖြင့် အာရပ်နှင့် အစ္စရေးတို့၏ သမိုင်းနောက်ခံ ရန်ညိုးရန်စသည် ယခင်
ကတည်းက အမြစ်တွယ်နေသည်ကို တွေ့ရသည်။ အစ္စရေးသည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စု
၏ မဟာမိတ်ဖြစ်ပြီး ယခင် ဆိုဗီယက်၊ ယခု ရုရှားသည် အာရပ်ကမ္ဘာ၏ အရင်းနီးဆုံး သဟာယများဖြစ်သည်ကို
တွေ့ရသည်။ အရှေ့အလယ်ပိုင်းသည် စစ်အေးကာလတွင် အိုင်ဒီယော်လိုဂျီလွန်ဆွဲရာ ကွင်းပြင်ဖြစ်ခဲ့သည်။
ထို့အတူ အနောက်ကမ္ဘာအတွက် စွမ်းအင်အရင်းအမြစ်များကို အာရုံကျစရာအနေအထားတွင်လည်းရှိနေသည်။
ရုရှားအတွက် ပထဝီနိုင်ငံရေးမဟာဗျူဟာကွင်းလည်းဖြစ်နေသည်။
အထူးသဖြင့် ဆီးရီးယားသည် ရုရှားအတွက် ပထဝီနိုင်ငံရေးမဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်နေသည်။
စစ်အေးကာလ ပြီးဆုံးသွားသော်လည်း နိုင်ငံတကာအခင်းအကျင်းတွင် ပါဝါလွန်ဆွဲပွဲသည် ရှိနေဆဲပင်ဖြစ်
သည်။ နောက်လည်း ရှိအုံးမည်ပင်ဖြစ်သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းတွင် မဟာဗျူဟာကုန်စည်များရှိနေ
သည်။ ထိုမဟာဗျူဟာကုန်စည်ဆိုသည်မှာ ရေနံပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အမေရိကန်နှင့်
အနောက်အုပ်စု ဗဟိုပြုထားသည့် အကြမ်းဖက်ဝါဒ တန်ပြန်တော်လှန်ရေးလည်း ရှိနေသေးသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပါဝင်သော အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆီးရီးယားအနေဖြင့် ရုရှားနှင့်
အမေရိကန်တို့အကြား ပါဝါချိန်ခွင်လျှာညှိရေးဖြစ်စဉ်တွင် မည်သို့ မည်ပုံ ခင်းကျင်းမည်နည်း။ ထို့အပြင် ဘရှား
အာဆတ်သည် အာရပ်အမျိုးသားရေးဝါဒကို ကိုင်စွဲ၍ နိုင်ငံရေးအာဏာကို မည်သည့်အချိန်ထိ ဆုပ်ကိုင်သွား
မည်နည်း။ ဆီးရီးယား၏ အကျည်းတန်လှသော ဗြူရိုကရက်ဆိုးစနစ်၏ ခြစားမှုဒဏ်ကို ဆီးရီးယားပြည်သူများ
မည်သည့်အချိန်အထိ ခံစားရမည်နည်း။ အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး လှုပ်ရှားမှုများသည် ဆီးရီးယားနိုင်ငံ
ရေး အပေါ်မည်မျှသက်ရောက်မည်နည်း။ မည်သည့်ဘက်တွင် သက်ရောက်သွားနိုင်သနည်း စသည့် မေးခွန်း
များသည် တွေးချင့်လေ့လာစရာကောင်းသည်။
ဆီးရီးယားနိုင်ငံရေး နိုင်ငံရေးအဖြစ်အပျက်များသည် အာဏာသိမ်းမှုများ၊ တိုက်ပွဲများ၊ စစ်ပွဲများနှင့် အာရပ်
လူမျိုးရေး အားပြိုင်မှုများဖြင့် ရှုပ်ထွေးသည်။ အစိုးရ၏ ခြစားမှု၊ နိုင်ငံတကာ၏ ပါဝါကစားကွင်း၊ တစ်ပါတီ
မင်းသေ့
13
အာဏာရှင်စနစ်၏ အမြစ်တွယ်မှု ၊ အာရပ်အမျိုးသားရေးဝါဒ၏ ရပ်တည်ချက် စသည့် အကြောင်းအချက်များ
ဖြင့် လွန်ဆွဲလျက်ရှိသည်။ ထိုအကြောင်းများကြောင့် ဆီးရီးယားသည် အနာဂတ်တွင် မည်သို့မည်ပုံဖြစ်လာမည်
ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရန် လိုသည်ဟု ယူဆမိပါသည်။
ကိုကားစာရင်း
(၁) ကမ္ဘာ့နိုင်ငံများ အမှတ် (၂) / မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်
(၂) Syria, The Fall of the House of Assad by David W. Lesch
(၃) Modern history of Syria - Wikipedia, the free encyclopedia.htm
(၄) History of Syria - Key Figures in Syria’s history.htm
(၅) Syria Maps, History, Geography, Government, Culture, Facts, Guide &
Travel_Holidays_Cities _ Infoplease.com.htm
(၆) Syria - Wikipedia, the free encyclopedia.htm
(၇) Syrian Civil War - Wikipedia, the free encyclopedia.htm
(၈) Arab Spring - Wikipedia, the free encyclopedia.htm
မင်းသေ့
14
နောက်ဆက်တွဲ
ရက်စွဲ သမိုင်းစဉ်
ခုနှစ် ဖြစ်စဉ်
ဘီစီ ၁၄၇၁ အီဂျစ်နိုင်ငံ၏ လက်အောက်ခံဖြစ်ခဲ့၊ ထို့နောက် ဘေဘီလုံအင်ပါယာ၊ အဆီးရီးယား
အင်ပါယာ၊ ပါရှားအင်ပါယာ တို့၏ လက်အောက်ခံဖြစ်ခဲ့။
ဘီစီ ၆၄ ရောမ ဘုရင် ပွန်ပီ လက်ထက်တွင် ရောမနိုင်ငံပိုင် ပြည်နယ်ဖြစ်ခဲ့။
အေဒီ ၆၃၅ အာရပ်လူမျိုးများသိမ်းပိုက်ခြင်း ခံရသည်။
၁၅၁၆ အော့တိုမန်လူမျိုးများ သိမ်းပိုက်ခြင်း ခံရသည်။
၁၇၈၉-၉၉ ပြင်သစ်အုပ်စိုးမှုအောက်ရောက်ရှိခဲ့သည်
၁၈၃၁-၁၈၃၃ အီဂျစ်ဘုရင်၏ သိမ်းပိုက်ခြင်းခံရ
၁၈၃၉ - ၄၀ အီဂျစ်ဘုရင်၏ သိမ်းပိုက်ခြင်းခံရ
၁၉၁၇ တူရီကီတို့လက်အောက်မှ ပုန်ကန်၍ လွတ်မြောက်လာခဲ့
၁၉၂၀ ပြင်သစ်ဩဇာခံ နယ်မြေဖြစ်လာ
၁၉၂၅ ဒမက်စကပ်နှင့် အလက် ဒေသတို့ ပေါင်းစည်း၍ ဆီးရီးယားနိုင်ငံကို ထူထောင်ရန်
ကြိုးစား
၁၉၃၀ ဆီးရီးယား သမ္မတနိုင်ငံထူထောင်ကြောင်း ကြေညာ
၁၉၄၀ - ၄၁ ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်ကျရောက်
၁၉၄၁ မဟာမိတ်တပ်များ၏ သိမ်းပိုက်မှုကို ခံရ
၁၉၄၁ စက်တင်ဘာ ၁ လွတ်လပ်ရေး ကြေညာ (သို့သော် မည်ကာမတ္တ သဘောသာဖြစ်)
၁၉၄၄ ဇန်နဝါရီ ၁ ပြင်သစ်အစိုးရက နိုင်ငံတော်အာဏာကို လွှဲအပ်
၁၉၄၆ ဧပြီ နိုင်ငံခြားစစ်တပ်များ အလုံးစုံ ဆုတ်ခွာ၍ လုံးဝလွတ်လပ်သော နိုင်ငံအဖြစ်ရောက်ရှိ
၁၉၄၆ ဧပြီ ၁၇ ဆီးရီးယားနိုင်ငံ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ် အတည်ပြု ပြဌာန်း
၁၉၄၈ အစ္စရေးနိုင်ငံသစ် ထူထောင်မှုကြောင့် အာရပ်-အစ္စရေး စစ်ပွဲတွင် ပါဝင်
၁၉၄၉ ဇူလိုင် အစ္စရေးနှင့် အပစ်အခတ်ရပ်ဆဲရေးစာချုပ်ကို လက်မှတ်ရေးထိုး (အာရပ်နိုင်ငံများထဲမှ
နောက်ဆုံးနိုင်ငံဖြစ်သည်)
၁၉၄၉ ဆီးရီးယားအမျိုးသားအစိုးရကို အမေရိကန် စီအိုင်အေ အထောက်အပံ့ဖြင့် Hussni
al-Zaimy က အာဏာသိမ်းမှု ပြုလုပ်၊ ထို့နောက် Sami al-Hinnawi က တော်လှန်
ပုန်ကန်၊ လအနည်းငယ်အကြာတွင် ဗိုလ်မှူးကြီး Adib al-Shishakli က Hinnawi ကို
ပုန်ကန်၊
၁၉၅၁ Shishaki အစိုးရက နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားနိုင်ဆဲ
၁၉၅၄ နိုင်ငံတော်အာဏာသိမ်းမှုဖြစ်ပွား၊ ဤတွင် အာရပ်အမျိုးသားရေးဝါဒီနှင့် ဆိုရှယ်လစ်
ဝါဒီများ နိုင်ငံတော်အာဏာကို ရယူထားနိုင်ခဲ့
၁၉၄၆ - ၁၉၅၆ (၁၀) နှစ်အတွင်း ဆီးရီးယားအစိုးရအဖွဲ့အပြောင်းအလဲ (၂၀) ဖြစ်ခဲ့။ ဖွဲ့စည်းပုံ
မင်းသေ့
15
အခြေခံဥပဒေ (၄) ကြိမ်တိတိ ပြင်ဆင်ပြောင်းလဲခံရ
၁၉၅၆ စူးအက်တူးမြောင်း အကျပ်အတည်းဖြစ်ပွား၊ ဆီးရီးယားသည် အီဂျစ်နိုင်ငံဖက်မှ
ရပ်တည်
၁၉၅၆ နိုဝင်ဘာ ဆိုဗီယက်ပြည်ထောင်စုနှင့် ဆီးရီးယား နိုင်ငံရေးပဋိညာဉ်တွင် လက်မှတ်ရေးထိုး၊
အဆိုပါ ပဋိညာဉ်တွင် စစ်ရေးအကူအညီ၊ အထောက်အပံ့များ ဆီးရီးယားကို ကူညီရန်
ပါရှိ၊ တူရကီ၏ ရန်ကိုခုခံရန် ဆီးရီးယားကို စစ်ရေးစွမ်းရည်မြှင့်တင်
၁၉၆၃ ပထမ ဘ့ာထ်ပါတီ အစိုးရတက်
၁၉၆၄ မေ အမျိုးသားတော်လှန်ရေးကောင်စီမှ အာမင် ဟာဖီလ် သမ္မတဖြစ်လာ
၁၉၆၅ စက်တင်ဘာလ
၁၁
ဘရှား အယ်လ်-အာဆတ်ကို မွေးဖွား
၁၉၆၆ ဖေဖော်ဝါရီ ၂၃ ပါတီတွင်း အာဏာသိမ်းမှုဖြစ်ပေါ် သမ္မတ ဟာဖီလ်ကို ဖြုတ်ချ၍ ပါတီတွင်း
စစ်ဗိုလ်ချုပ်များ ကြီးစိုးနေရာရလာ
၁၉၆၆ ဒုတိယမြောက် ဘ့ာထ် အစိုးရတက်လာ၊ အာဏာသိမ်းခေါင်းဆောင်က ရယ်ဒီကယ်
ဆိုရှယ်လစ်အစိုးရတစ်ရပ်ကို အုတ်မြစ်ချ၍ ထူထောင်
၁၉၆၇ ဇန်နဝါရီလ ၁ ဆီးရီးယားနှင့် အစ္စရေး နယ်စပ် တိုက်ပွဲများ ဖြစ်ပွား
၁၉၆၇ ဇွန် ၅ အာရပ်နိုင်ငံများနှင့် အစ္စရေးတို့ စစ်ပွဲများဖြစ်ပွား
၁၉၆၇ ဇွန် ၁၀ အာရပ်-အစ္စရေး (၆) ရက်စစ်ပွဲပြီးဆုံး
၁၉၆၇ ဇွန် ၁၁ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆီးရီးယားနှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုး၍ ဝင်ရောက်ဖျန်ဖြေ
၁၉၇၀ ဘ့ာထ် ပါတီသည် ဟာဖစ်အယ်လ်-အာဆတ် ၏ လက်အောက်ကို ကျရောက်
၁၉၇၀ ဖေဖော်ဝါရီ ၂၈ ကာကွယ်ရေးဝန်ကြီး ဟာဖစ်အယ်လ်-အာဆတ်က သွေးမထွက်သော စစ်အာဏာ
သိမ်းမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
၁၉၇၀ - ၂၀၀၀ ဟာဖစ်အယ်လ်-အာဆတ်က ဆီးရီးယားကို နှစ်ပေါင်း (၃၀) အထိ တရပ်စပ်အုပ်စိုး
သည့် ကာလ
၂၀၀၀ ဟာဖစ် အယ်လ်-အာဆတ် ကွယ်လွန်
၂၀၀၀ ဇွန် ၁၁ ဘ့ာထ်ပါတီက ဘရှားကို သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့
၂၀၀၀ ဇွန် ၂၄ (၉) ကြိမ်မြောက် ဘ့ာထ်ပါတီကွန်ဂရက်ကျင်းပ/ ဘရှားကို ပါတီအထွေထွေ
အတွင်းရေးမှူး အဖြစ် တင်မြှောက်
၂၀၀၀ ဆန္ဒခံယူပွဲတွင် ဘရှားမှာ ထောက်ခံမဲ ၉၇ ဒသမ ၂၉ ရာခိုင်နှုန်း ထောက်ခံမဲရခဲ့ပြီး
ဆီးရီးယားနိုင်ငံ၏သမ္မတဖြစ်လာခဲ့
၂၀၁၀ ဒီဇင်ဘာ ၁၇ တူနီးရှားမှ (၂၆) နှစ်အရွက် မိုဟာမက်ဘွာဇီဇီ မိမိကိုယ်ကို မီးရှို့သတ်သေသည့်
ဖြစ်ရပ်ဖြစ်ပွား
၂၀၁၀ အာရပ်ကမ္ဘာ၌ အာရပ်နွေဦးတော်လှန်ရေးစတင်/ လူထုအုံကြွမှု အရှိန်မြင့်လာ…….
မင်းသေ့
16
မင်းသေ့
16
မင်းသေ့
16
မင်းသေ့
17
မင်းသေ့
17
မင်းသေ့
17

Mais conteúdo relacionado

Mais de aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytaungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thaytaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 

Mais de aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 

Jss (letter 10)

  • 1. 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက် မင်းသေ့ ဤစာတမ်းသည် ဆီးရီးယားနိုင်ငံရေးအား လေ့လာဆန်းစစ်ထားသည့် စာတမ်းတစ်စောင်ဖြစ်သည်။ စာတမ်းသည် ဆီးရီးယားနိုင်ငံရေးနောက်ခံသမိုင်းကို အတော်အတန် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ ဆီးရီးယားနိုင်ငံ၏ အခြေအနေကို ယေဘုယျသဘော တင်ပြထားသည်ကိုတွေ့ရသည်။ မြန်မာ့စာပေအနေဖြင့် ဆီးရီးယားနိုင်ငံ အကြောင်းကို တစ်သီးတစ်သန့်ရေးသားထားခြင်းသည် လွန်စွာ နည်းပါးသည်ဖြစ်ရာ ဤစာတမ်းသည် ဆီးရီးယား နိုင်ငံအကြောင်း အတော်အတန် စုစည်းတင်ပြထားသည့် ယေဘုယျကောက်ကြောင်းများကို တွေ့ရမည်ဟု မျှော်လင့်၍ လူမှုသိပ္ပံဂျာနယ်၏ မေလ ထုတ် စာတမ်းအဖြစ် တင်ပြလိုက်ပါသည်။ အယ်ဒီတာ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက် မင်းသေ့ ဤစာတမ်းသည် ဆီးရီးယားနိုင်ငံရေးအား လေ့လာဆန်းစစ်ထားသည့် စာတမ်းတစ်စောင်ဖြစ်သည်။ စာတမ်းသည် ဆီးရီးယားနိုင်ငံရေးနောက်ခံသမိုင်းကို အတော်အတန် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ ဆီးရီးယားနိုင်ငံ၏ အခြေအနေကို ယေဘုယျသဘော တင်ပြထားသည်ကိုတွေ့ရသည်။ မြန်မာ့စာပေအနေဖြင့် ဆီးရီးယားနိုင်ငံ အကြောင်းကို တစ်သီးတစ်သန့်ရေးသားထားခြင်းသည် လွန်စွာ နည်းပါးသည်ဖြစ်ရာ ဤစာတမ်းသည် ဆီးရီးယား နိုင်ငံအကြောင်း အတော်အတန် စုစည်းတင်ပြထားသည့် ယေဘုယျကောက်ကြောင်းများကို တွေ့ရမည်ဟု မျှော်လင့်၍ လူမှုသိပ္ပံဂျာနယ်၏ မေလ ထုတ် စာတမ်းအဖြစ် တင်ပြလိုက်ပါသည်။ အယ်ဒီတာ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက် မင်းသေ့ ဤစာတမ်းသည် ဆီးရီးယားနိုင်ငံရေးအား လေ့လာဆန်းစစ်ထားသည့် စာတမ်းတစ်စောင်ဖြစ်သည်။ စာတမ်းသည် ဆီးရီးယားနိုင်ငံရေးနောက်ခံသမိုင်းကို အတော်အတန် ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ ဆီးရီးယားနိုင်ငံ၏ အခြေအနေကို ယေဘုယျသဘော တင်ပြထားသည်ကိုတွေ့ရသည်။ မြန်မာ့စာပေအနေဖြင့် ဆီးရီးယားနိုင်ငံ အကြောင်းကို တစ်သီးတစ်သန့်ရေးသားထားခြင်းသည် လွန်စွာ နည်းပါးသည်ဖြစ်ရာ ဤစာတမ်းသည် ဆီးရီးယား နိုင်ငံအကြောင်း အတော်အတန် စုစည်းတင်ပြထားသည့် ယေဘုယျကောက်ကြောင်းများကို တွေ့ရမည်ဟု မျှော်လင့်၍ လူမှုသိပ္ပံဂျာနယ်၏ မေလ ထုတ် စာတမ်းအဖြစ် တင်ပြလိုက်ပါသည်။ အယ်ဒီတာ
  • 2. မင်းသေ့ 2 ဆီးရီးယားနိုင်ငံရေးလေ့လာဆန်းစစ်ချက် နိဒါန်း ဤစာတမ်းသည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်နှင့် ဖြစ်ပျက်ခဲ့မှုများ၏ တစ်စိတ်တစ်ပိုင်းကို ရေးသားပြုစု တင်ပြထားခြင်းဖြစ်ပါသည်။ ထို့အပြင် ဆီးရီးယား၏ သင်ခန်းစာကို လေ့လာ၍ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၌ သင်ခန်းစာယူစရာ အဖြစ်အပျက်များ ရရှိနိုင်မည်ဖြစ်သည်။ ရည်ရွယ်ချက် အာဏာရှင်တို့၏ သဘာဝ နှင့် အာဏာရှင်တို့ လက်ထဲ အာဏာမြဲမြံနေရခြင်း၏ အကြောင်းတရားများကို လေ့လာသိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုတင်ပြထားခြင်းဖြစ်သည်။ နိုင်ငံ/ တည်နေရာ ဆီးရီးယားနိုင်ငံ၏ တရားဝင်အမည် အပြည့်အစုံမှာ ဆီးရီးယား အာရပ်သမ္မတနိုင်ငံ ဖြစ်သည်။ ဆီးရီး ယား နိုင်ငံသည် မြေထဲပင်လယ်၏ အရှေ့ဖက် တွင် တည်ရှိပြီး အာရှတိုက်၏ အနောက်တောင် ဖက်တွင် တည်ရှိသည်။ မြောက်ဖက်တွင် တူရီကီ နိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဖက်တွင် အီရတ် နိုင်ငံ၊ တောင်ဖက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက် တောင်ဖက်တွင် အစ္စရေးနိုင်ငံနှင့် အနောက်ဖက် တွင် လီဘာနွန်နိုင်ငံတို့ ရှိကြသည်။ ပထဝီဝင် အနေအထား မြေမျက်နှာပြင်ကို မြေထဲပင်လယ် ကမ်းရိုးတမ်းဒေသ၊ မြေဩဇာ ကောင်းမွန်သော အာလပ်ပို လွင်ပြင်၊ တောင် ပိုင်း တောင်ထူထပ်သော ဒေသ၊ အရှေ့တောင် သဲကန္တရမြောက်ပိုင်းရှိ ယူဖရေးတီးမြစ်ဝှမ်း ဒေသနှင့် သဲကန္တရ တောင်ပိုင်းရှိ တောင်ကုန်းများ ပေါများသော လွင်ပြင်ဟူ၍ ခွဲခြားထားသည်။ ကမ်းခြေဒေသများတွင် ဆောင်းတွင်းမိုးရွာသော မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်သည်။ ကုန်းတွင်းပိုင်းတွင် သမပိုင်းရာသီဥတုမျိုး ဖြစ်သည်။
  • 3. မင်းသေ့ 3 သယံဇာတ ဆီးရီးယားနိုင်ငံသည် ဖော့စဖိတ်၊ ခဲ၊ ကြေးနီ၊ ခနောက်စိမ်း၊ နီကယ် သတ္တု၊ ခရိုမီယံသတ္တုနှင့် မင်းဂနီးစ်တို့ ထွက် ရှိသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် ရုပ်ကြွင်းလောင်စာများလည်း ထွက်ရှိသည်။ အကျယ်အဝန်းနှင့် လူဦးရေ ဆီးရီးယားနိုင်ငံ၏ အကျယ်အဝန်းမှာ ၇၁,၄၇၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ လူဦးရေမှာ - ၂၂,၄၅၇,၇၆၃ (နှစ်ဆယ့်နှစ် သန်းကျော်) ရှိသည်။ လူမျိုးစုများနှင့် ကိုးကွယ်သည့် ဘာသာ အာရပ်လူမျိုး ၉၀ % နေထိုင်သော အာရပ်နိုင်ငံတစ်ခုဖြစ်သည်။ အာရပ်လူမျိုးအများစုနေထိုင်ကြပြီး အာမေးနီးယန်း၊ ကာဒစ်၊ တူရကီနှင့် ပြင်သစ်လူမျိုးများလည်း နေထိုင်ကြသည်။ တရားဝင်ရုံးသုံး ဘာသာစကားမှာ အာရပ်ဘာသာဖြစ်ပြီး အာမေးနီးယန်း၊ တူရကီ၊ ဆာကေးရှင်း1 ဘာသာစကားတို့ ကိုလည်း ပြောဆိုကြသည်။ အင်္ဂလိပ်ဘာသာနှင့် ပြင်သစ်ဘာသာတို့သည် ဒုတိယ အများဆုံးပြောဆို သည့် ဘာသာစကားများဖြစ်ကြသည်။ အာရပ်လူမျိုးအများစုနေထိုင်သော နိုင်ငံဖြစ်၍ အများဆုံးကိုးကွယ်ရာ ဘာသာမှာလည်း အစ္စလာမ်ဘာသာဖြစ် သည်။ ခရစ်ယာန်နှင့် ဟီဘရူးဘာသာအပြင် အခြားဘာသာများကို ကိုးကွယ်သူများလည်း ရှိသည်။ မြို့တော် မြို့တော်မှာ ဒါမတ်စ်ကပ် ဖြစ်သည်။ မြို့ကြီးများမှာ အလက်ပို၊ ဟုမ်းစ်၊ ဟားမား၊ လက်တားကီးယား၊ ဒေရက်ဇာ မြို့များဖြစ်ကြသည်။ ဆီးရီးယားနိုင်ငံဆိုင်ရာ အချက်အလက်များ လက်ရှိသမ္မတမှာ ဘရှားအယ်လ်-အာဆတ်ဖြစ်သည်။ ဖခင်မှာ ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ဖူး သော ဟာဖစ်အယ်လ်-အာဆတ်ဖြစ်သည်။ လက်ရှိဆီးရီးယားနိုင်ငံသည် တစ်ပြည်ထောင်စနစ် (Unitary System) ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး အစိုးရအုပ်ချုပ်မှု စနစ်မှာ Semi-presidential System ကို ကျင့်သုံးသော အုပ်ချုပ်ရေး စနစ်ဖြစ်သည်။ 1 Circassian
  • 4. မင်းသေ့ 4 စီးပွားရေးစနစ် ဆီးရီးယားငွေကြေးမှာ - ဆီးရီးယား ပေါင် ငွေကြေးဖြစ်သည်။ ၁၉၆၃ ခုနှစ် မတ်လတွင် ဘာ့သ်ဆိုရှယ်လစ် ပါတီအစိုးရ အာဏာရရှိပြီးနောက် ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် နိုင်ငံတော်စီးပွားရေးကို တည်ဆောက်ခဲ့သည်။ ၁၉၆၅ ခုနှစ် မေလတွင် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြီးစားနှင့် အလတ်စားလုပ်ငန်းများကို ဘာ့သ်ပါတီ အစိုးရ က ပြည်သူပိုင်သိမ်းခဲ့သည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို အစိုးရက ချုပ်ကိုင်၍ တံခါးပိတ်စီးပွားရေးစနစ်ကို ပုံလောင်းယူခဲ့သည်။ ၁၉၆၅ ခုနှစ်တစ်ဝိုက်တွင် ထုတ်လုပ်ခဲ့သော တိုင်းပြည်ထုတ်ကုန် စုစုပေါင်း၏ ၈၅ % မှာ ပြည်သူပိုင် စက်ရုံ (နိုင်ငံပိုင်စက်ရုံ) များမှ ထုတ်လုပ်ခဲ့သည်ချည်းဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် မြေယာပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ချေ။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့သည် ဆီးရီးယားနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများတွင် ပါဝင်သည်။ သို့သော် ရေရှားပါးမှု ပြဿနာကြောင့် စိုက်ပျိုးမြေ ဧက ၄၅ သန်းခန့် ရှိသည့် အနက် သန်း ၂၀ ခန့်ကိုသာ စိုက်ပျိုးထုတ် လုပ်နိုင်ခဲ့သည်။ မွေးမြူရေးတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်း၊ မြည်းနှင့် လားများကို အဓိကမွေးမြူသည်။ သံ၊ သံမဏိ၊လောင်စာဆီ၊ စက်ကရိယာနှင့် စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းများကို အဓိကထား တင်သွင်းသည်။ နောက်ခံသမိုင်းအကျဉ်း ဆီးရီးယားနိုင်ငံသည် ဒမက်စကပ်နှင့် အလက်ဟူသော ဒေသကြီးနှစ်ခုပေါင်းစပ်၍ ဖြစ်တည်လာသော နိုင်ငံတစ် နိုင်ငံဖြစ်သည်။ အဆိုပါ ဒေသကြီး နှစ်ခုပေါင်းစည်းချိန်မှာ ၁၉၂၅ ခုနှစ်ဖြစ်ပြီး နောက် (၅) နှစ်အကြာ ၁၉၃၀ ခုနှစ် တွင် ဆီးရီးယားသမ္မတနိုင်ငံအဖြစ် တည်ထောင်နိုင်ခဲ့သည်။ ၁၉၂၅ မတိုင်မီက ယခု ဆီးရီးယားနိုင်ငံရှိနယ်မြေများသည် အင်ပါယာအသီးသီး၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ ရောမ၊ အီဂျစ်၊ ဘေဘီလုံ၊ အော်တိုမန်နှင့် ပါရှားအင်ပါယာ စသည့် အင်ပါယာ အသီးသီး လက်အောက် ရောက်ရှိခဲ့သည်။ တူရကီနှင့် ပြင်သစ်ဩဇာခံနယ်မြေလည်း ဖြစ်ခဲ့ဖူးသည်။ ၁၉၂၀ ခုနှစ်တွင် ပြင်သစ်ဩဇာခံနယ်မြေဖြစ်ခဲ့ပြီး ၁၉၃၀ ခုနှစ်ရောက်မှ ဆီးရီးယားသမ္မတနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့သည်။ ထိုသို့ထူထောင်လိုက်နိုင်သော်လည်း ပြင်သစ်ဩဇာခံဖြစ်မြဲ ဖြစ်ဆဲပင်ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ပြင်သစ်နှင့် ဗြိတိသျှတို့ စုပေါင်းထားသော မဟာမိတ်တို့လက်အောက်ရောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့သည် ဆီးရီးယားသမ္မတနိုင်ငံအတွက် တိုင်းတပါးလက် အောက် မှ လုံးဝ လွတ်လပ်သော နိုင်ငံအဖြစ်ရောက်ရှိခဲ့သည်။ မှတ်ချက်။ ။ ရက်စွဲသမိုင်းစဉ် 2 ကို နောက်ဆက်တွဲတွင် ရှုရန် 2 နောက်ဆက်တွဲ
  • 5. မင်းသေ့ 5 ဟာဖစ် အယ်လ်-အာဆတ် ဟာဖစ် အယ်လ်-အာဆတ် မှာ ဆီးရီးယားနိုင်ငံ၏ အုပ်စိုးသူဖြစ်ခဲ့သည်။ စစ်ဘက် အရာရှိမှ အုပ်စိုးသူ သမ္မတဖြစ်လာခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်း ရယူခဲ့သူဖြစ်သည်။ ၁၉၇၀ ခုနှစ် စစ်ဘက် တွင် သွေးမထွက်သော အာဏာသိမ်းမှုကို ဦးစီးဦးဆောင်သူလည်းဖြစ်ခဲ့သည်။ ဘ့ာထ်ပါတီတွင်း အာဏာသိမ်း မှုသည် ထင်ရှားသော အာဏာသိမ်းမှုဖြစ်ခဲ့သည်။ ဆီးရီးယားနိုင်ငံသည် အာဏာသိမ်းမှု အမျိုးမျိုးကြုံခဲ့ရာ ဟာဖစ် အယ်လ်-အာဆတ်၏ အာဏာသိမ်းမှုသည် နောက်ဆုံးအာဏာသိမ်းမှုဟု ခေါ်ရမည်ပင်ဖြစ်သည်။ အကြောင်းမှာ သူကွယ်လွန်ချိန်အထိ ဆီးရီးယားနိုင်ငံ၏ နိုင်ငံတော်အာဏာကို ရယူသွားနိုင်ခဲ့ခြင်းကြောင့်ဖြစ် သည်။ သူကွယ်လွန်အပြီးတွင်လည်း သူ၏ သားငယ်ဖြစ်သူ ဘရှား အယ်လ်-အာဆတ်ကို အာဏာလွှဲအပ်ပေး မှုအား သေသပ်ပိရိစွာ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ဟာဖစ် အယ်လ်-အာဆတ်သည် ၁၉၇၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ နှစ်ပေါင်း (၃၀) အထိ နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားသည်။ ဟာဖစ် အာဆတ်သည် ၂၀၀၀ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဘရှား-အယ်လ်-အာဆတ် ဘရှား အယ်လ်-အာဆတ်ကို ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဘရှား အယ်လ်- အာဆတ်မှာ ဒမတ်စကက်တက္ကသိုလ်မှ ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့သည်။ မျက်စိဆရာဝန်ဘွဲ့ အထူးပြုဖြင့် ဘွဲ့ ရရှိခဲ့သည်။ ဘရှားသည် ဆီးရီးယားနိုင်ငံသမ္မတဖြစ်သူ ဟာဖစ် အယ်လ်-အာဆတ်၏ ဒုတိယသားဖြစ်သည်။ ၂၀၀၀ ခုနှစ် ဖခင်သေဆုံးအပြီး နိုင်ငံတော်သမ္မတဖြစ်ခဲ့သူဖြစ်သည်။ အမှန်တကယ်မှာ ဘရှားသည် ဆီးရီးယားသမ္မတအဖြစ် မမျှော်လင့်ဘဲ ဖြစ်လာခဲ့သူဟု ဆိုရမည်ပင်ဖြစ်သည်။ အကြောင်းမှာ ဖခင် ဟာဖစ် ထံမှ သမ္မတရာထူးကို လျာထားခြင်းခံရသူမှာ သူ၏ အစ်ကိုကြီးဖြစ်သူ ဘဆီးလ် အယ်လ်-အာဆတ်ဖြစ်သည်။ ဘဆီးလ်မှာ ဆီးရီးယားနိုင်ငံ၏ စစ်ဘက်အရာရှိတစ်ယောက်ဖြစ်သည်။ ဘဆီးလ် သည် ၁၉၉၄ ခုနှစ်တွင် ဒမတ်စကတ်မြို့ လေဆိပ်အပြင်ဘက်ရှိ လမ်းဆုံအဝိုင်းတွင် ကားမှောက်၍ သေဆုံးခဲ့ သည်။ ဘဆီးလ်သေဆုံးခဲ့သည့် အချိန်မှစ၍ သမ္မတ ဟာဖစ်သည် ဒုတိယ သားဖြစ်သူ ဘရှား အယ်လ်- အာဆတ်ကို သူ၏နေရာဆက်ခံရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ ထိုစဉ်က ဘရှားမှာ လန်ဒန်မြို့၌ ဆရာဝန်အလုပ်ဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသည်။ ထို့နောက် သား ဘရှားကို လန်ဒန်မှ ပြန်လည်ခေါ်ယူခဲ့ပြီး အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးများကို အဆင့်ဆင့် ပေးခဲ့သည်။ ဘရှားသည် စစ်ဘက်တာဝန်ရာထူးကြီးများ အပြင် ဆီးရီးယား ကွန်ပြူတာအသင်းဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ထိုတာဝန်မှာလည်း သူ့အစ်ကိုယူ ခဲ့သော တာဝန်ပင်ဖြစ်သည်။ ဘရှားသည် စစ်ဘက်တွင် ရာထူးအဆင့်ဆင့် ရယူခဲ့ရာ သူ၏ဖခင် ဟာဖစ် သေဆုံးချိန်တွင် စစ်ဘက်ရာထူးကြီး ဖြစ်သော ဗိုလ်မှူးချုပ်ရာထူးအထိပင် ရရှိထားသည်။ ၁၉၉၈ ခုနှစ်တွင် ဒုသမ္မတ ရယူထားသော အရေးပါသည့် ရာထူးများကို ပြန်သိမ်းကာ ဘရှားကိုပင် တာဝန်ယူစေခဲ့သည်။
  • 6. မင်းသေ့ 6 သမ္မတဟာဖစ် သေဆုံးအပြီး ၂၀၀၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ဘ့ာထ်ပါတီက ဘရှားကို သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။ အခြား ယှဉ်ပြိုင်စာရင်း တင်သွင်းခံရသူ မရှိခဲ့ချေ။ ဆီးရီးယားလွှတ်တော်က ဆီးရီးယား အခြေခံဥပဒေ အပိုင် ၈၃ ကို အလျင်အမြန် ပြင်ဆင်ပေးခဲ့ရသည်။ အခြေခံဥပဒေအရ အသက် (၄၀) ပြည့်မှသာ သမ္မတဖြစ်နိုင်ခွင့်ရှိသည်။ ထိုစဉ်က ဘရှားမှာ ၃၄ နှစ်ပင် ရှိသေးသည်။ ၂၀၀၀ ခုနှစ်၊ ဇွန်လ ၂၄ ရက် နေ့တွင် ကျင်းပသော (၉) ကြိမ်မြောက် ဘ့ာထ်ပါတီကွန်ဂရက်တွင် ဘရှားကို ပါတီအထွေထွေ အတွင်းရေးမှူး အဖြစ် တင်မြှောက်ခဲ့သည်။ အဆိုပါ ကွန်ဂရက်မှာ (၁၅) နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ဆန္ဒခံယူပွဲတွင် ဘရှားမှာ ထောက်ခံမဲ ၉၇ ဒသမ ၂၉ ရာခိုင်နှုန်း ထောက်ခံမဲရခဲ့ပြီး ဆီးရီးယားနိုင်ငံ၏သမ္မတဖြစ်လာခဲ့သည်။ တပ်တွင်းအခြေအနေ ဆီးရီးယားတပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေကြသော ဗိုလ်ချုပ်အများစုမှာ အလာဝိတ်လူမျိုးစုများဖြစ် ကြသည်။ အလာဝိတ်များသည် ဆီးရီးယားနိုင်ငံ၏ လူနည်းစု မွတ်ဆလင်လူမျိုးစုများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၂ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းမျှသာ ရှိကြသည်။ ထိုအလာဝိတ်လူမျိုးစုများသည် ၁၉၆၀ ပြည့်လွန်နှစ်များကတည်း က ဘ့ာထ်ပါတီနှင့်အတူ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့သူများဖြစ်သည်။ အလာဝိတ်တို့သည် ရှီယာအစ္စလာမ် ဘာသာမှ ဆင်းသက်လာကြသူများဖြစ်သည်။ ယခင်က အဖိနှိပ်ခံ လူနည်းစုများဖြစ်ခဲ့ကြသည်။ အလာဝိတ်တို့နှင့် ပက်သက်၍ ဆွန်နီအစ္စလာမ်ဘာသာရေးပညာရှင် အီဘန်တာမီယာ က ၁၃၊ ၁၄ ရာစုနှစ်များ တွင် ပြောခဲ့သည့် မှတ်ချက်တစ်ခုရှိခဲ့သည်။ “အလာဝိတ်တို့သည် ဂျူးများ၊ ခရစ်ယာန်များထက်ပင် ဒိဌိဆန်ကြ သဖြင့် သူတို့အား ဂျီဟဒ်စစ်ပွဲဆင်နွှဲရန်” ပင်ပြောခဲ့ဖူးသည်။ အလာဝိတ်များနှင့် ဆီးရီးယား ရှီယာအစ္စလာမ်ဘာသာမှ ဆင်းသက်လာသူများကို အလာဝိတ်ဟု ခေါ်သည်။ ဘရှား အယ်လ်-အာဆတ်သည် အလာဝိတ်တစ်ယောက်ပင်ဖြစ်သည်။ ဘရှား၏ ဖခင်မှာလည်း အလာဝိတ်တစ်ယောက်ဖြစ်သည်။ ၁၉၅၀ ပြည့် နှစ်များတွင် ဆိုရှယ်လစ်နှင့် အာရပ်ဝါဒီများကြီးစိုးသော ဘ့ာထ်ပါတီက ပါလီမန်တွင် နေရာအများအပြားရလာ သည်။ ဘ့ာထ်ပါတီသည် နိုင်ငံရေးအာဏာ မြဲမြံစေရန် စစ်ဘက်နှင့် ပူးပေါင်းလာသည်။ စစ်တပ်အတွင်းတွင် အလာဝိတ်တို့သည် နေရာများစွာရရှိထားသည်။ နိုင်ငံရေးပါတီနှင့် စစ်တပ်ပူးပေါင်းလာသောအခါ တပ်သည် နိုင်ငံရေးပါတီက လုပ်ဆောင်ရသော နိုင်ငံ့အုပ်ချုပ်ရေးတာဝန်များတွင် ပါဝင်ပက်သက်လာသည်။ အုပ်ချုပ်ရေး ၏ အရေးကြီးသော အခန်းကဏ္ဍများတွင်ပါ ပါဝင်လာကြသည်။ ၁၉၆၆ ခုနှစ်တွင် ဘ့ာထ်ပါတီတွင်း အာဏာသိမ်းမှု ဖြစ်ပွားသောအခါ ဟာဖစ် အယ်လ်-အာဆတ်သည် ကာကွယ်ရေးဝန်ကြီးနှင့် လေတပ်စစ်ဦးချုပ် ဖြစ်လာသည်။ ဟာဖစ်မှာ အလာဝိတ်တစ်ဦးပင်ဖြစ်သည်။
  • 7. မင်းသေ့ 7 အလာဝိတ်တို့သည် ၁၉၆၆ နှင့် ၁၉၇၀ အထိ အုပ်ချုပ်ရေးတွင် ပါဝင်ခဲ့သည်။ ဟာဖစ်၏ အုပ်ချုပ်မှုအောက်တွင် စစ်တပ်၏ စွမ်းရည်ကိုပါ မြှင့်တင်နိုင်ခဲ့သည်။ ထိုသို့ဖြစ်ခဲ့ရာမှ ယခု ဘရှားအာဆတ်လက်ထက်ရောက်သော အခါ စစ်ဘက်အပြင် အစိုးရအဖွဲ့အတွင်းတွင်ပါ အရေးပါသော နေရာများတွင် အလာဝိတ်တို့ နေရာရရှိလာခဲ့ ကြသည်။ အလာဝိတ်တို့သည် နိုင်ငံရေးဩဇာနှင့် နိုင်ငံတော်အာဏာကို အမြဲမပြတ်ရရှိအောင် အားထုတ်လာခဲ့သည်။ ထိုသို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်ဖြစ်၍ နိုင်ငံတော်အာဏာကို လွယ်လွယ်ကူကူ လက်လွှတ်ခံမည်မဟုတ် ချေ။ ဟာဖစ်နှင့် ဘရှားတို့သည် အစိုးရအဖွဲ့အတွင်းတွင် အလာဝိတ်တို့ကိုသာမက နောက်ပိုင်းတွင် ဆွန်နီ မွတ်ဆလင်များကိုပါ နေရာပေးလာကြသည်။ ဤသို့ဖြင့် တပ်တွင်း၌ အလာဝိတ်တို့ ကြီးစိုးလာပြီး အစိုးရအဖွဲ့ အတွင်းတွင် ဆွန်နီများ ကြီးစိုးနေရာရလာကြသည်။ အစိုးရအဖွဲ့တွင် အများဆုံးပါဝင်သည့် ဆွန်နီများသည် ဆီးရီးယား၏ စီးပွားရေးအသိုက်အဝန်းတစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်သော အနေအထားတွင် ရှိသည်။ ဘရှားတစ်ယောက် နိုင်ငံရေးအာဏာရရှိလာချိန်၌ အသက်ငယ်ရွယ်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်းနှင့် ဘရှား ကိုယ်တိုင်က အလာဝိတ်တစ်ယောက်ဖြစ်သည့်အပြင် သမ္မတ ဟာဖစ်အာဆတ်၏ သားလည်းဖြစ်သောကြောင့် တပ်နှင့် အစိုးရအဖွဲ့တွင် ဘရှားမှာ ရေပန်းစားသည့် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ စီးပွားရေး ပုံရိပ် ဟာဖစ်နှင့် ဘရှားတို့သည် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးလွတ်လပ်မှုကို တစ်စုံတစ်ရာအတိုင်းအတာအထိ မကြာခဏ ပေးခဲ့သည်။ ထိုသို့ပေးခဲ့တိုင်းလည်း တကယ့်ပြည်သူလူထုက အကျိုးကျေးဇူးမခံစားရဘဲ အစိုးရ အသိုင်းအဝိုင်းနှင့် နီးစပ်သောသူများသာ အကျိုးအမြတ်ရရှိသွားကြသည်။ ဤသို့ဖြင့် ချမ်းသာသူများ ပို၍ ချမ်းသာလာပြီး ဆင်းရဲသူများ ပိုဆင်းရဲသွားသည့် အဖြစ်များ ဖြစ်ခဲ့သည်။ စီးပွားရေးနယ်ပယ်တွင် ပြင်ညီကွင်းအနေအထားမျိုးမရှိခဲ့ချေ။ စီးပွားရေးမညီမျှမှုမှာ အထူးသဖြင့် ဘရှားလက် ထပ်တွင် ဖြစ်ခဲ့သည်။ အစိုးရဝန်ထမ်း ဗြူရိုကရက်များသည်လည်း ဘရှား၏ အစီအစဉ်များဖြင့် စီးပွားရေးအကျိုး အမြတ်များ များစွာ ရရှိခဲ့သည်။ အစိုးရဝန်ထမ်းနှင့် ခရိုနီတို့ ပေါင်းစားသော စီးပွားရေးဖြစ်စဉ်ကြီးလိုဖြစ်နေ သည်။ ခရိုနီစီးပွားရေးသမားများ၏ လူမှုစီးပွားရေးရေချိန်သည် အစိုးရ၏ အနေအထားပေါ်များစွာ မူတည်နေ သည်ဖြစ်ရာ စီးပွားရေးသမားများသည် အစိုးရနှင့် ပို၍ ပူးကပ်စေသောအကြောင်းတရားများကို ဖြစ်စေခဲ့သည်။ စီးပွားရေးသမားများ စဉ်းစားကြသည်မှာ အကယ်၍ လက်ရှိအစိုးရသာ နိုင်ငံတော်အာဏာကို ဆက်လက်ကိုင်စွဲ ထားခြင်း မရှိတော့လျှင် မိမိတို့၏ အကျိုးစီးပွားများ ထိပါး/ပျောက်ပျက်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် အစိုးရ ကို သစ္စာပျက်စေသော ကိစ္စများနှင့် အစိုးရအကြည်ညိုပျက်စေသောကိစ္စရပ်များကို လက်ခံသောအနေအထား မဖြစ်တော့ချေ။
  • 8. မင်းသေ့ 8 ဟာဖစ်အာဆတ်လက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်း၍ အစိုးရက တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ပြည်သူပိုင်လုပ်ငန်းများ ကြောင့် နိုင်ငံသည် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရသည်။ ထို့အပြင် အခြားပြဿနာများလည်း များစွာရှိသည်။ ထို့ကြောင့် ပင် ဆီးရီးယား၏ စီးပွားရေးသည် ဆင်းရဲချမ်းသာကွာဟမှုမြင့်မားမှုဖြစ်လာသည်။ ယင်းသို့ဖြစ်ရာခြင်းအကြောင်း မှာ -  ဘဏ်စနစ်အားမကောင်းခြင်း၊ ဘဏ်စနစ်သည် အကန့်အသတ် တင်းကျပ်လွန်းခြင်း  ငွေကြေးအရင်းအနှီးရရှိနိုင်မည့် စတော့ဈေးကွက်မရှိခြင်း  အစိုးရ အင်စတီကျူးရှင်းများဖြစ်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ မဖွံ့ဖြိုးခြင်းနှင့် အသက်ဝင်မှု အားနည်းခြင်း  ဗြူရိုကရေစီယန္တရားသည် အဂတိလိုက်မှု၊ ခြစားမှု မြင့်မားခြင်း၊  နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မရှိခြင်း  ပုဂ္ဂလိကကဏ္ဍသည် စုစည်းအားမကောင်းခြင်းကြောင့် ရင်းနှီးမတည်မှု တိုးတက်မလာခြင်း  မှောင်ခိုဈေးကွက်ကြီးထွားလာခြင်း စသည့်အထွေထွေအချက်များကြောင့် ဆီးရီးယား နိုင်ငံ၏ စီးပွားရေးသည် ချွတ်ခြုံကျနေခြင်းဖြစ်သည်။ ၂၀၀၂ ခုနှစ် ကုလသမဂ္ဂ လေ့လာမှုအရ3 အာရပ်ကမ္ဘာတွင် ဗဟုသုတခေါင်းပါးသည်ကို တွေ့ရသည်။ နိုင်ငံတွင်း ပညာရည်နိမ့်ပါးမှုကြောင့် ပါဝင်သလို ဦးနှောက်ယိုစီးမှုကြောင့်ဟုလည်း ကောက်ချက်ချခဲ့သည်။ ဒမတ်စကတ်နွေဦး ဘရှားအာဆတ် သမ္မတဖြစ်လာပြီးနောက် ဆီးရီးယားသည် နိုင်ငံရေးတစ်စုံတစ်ရာလွတ်လပ်ခွင့်ရလာသည်။ ထို သို့ ရလာသောကာလကိုပင် ဒမတ်စကတ်နွေဦးဟု ခေါ်ခဲ့ကြသည်။ ဘရှားအာဆတ်သည် - နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း - ပုဂ္ဂလိကပိုင် သတင်းစာများကို ထုတ်ခွင့်ပေးခြင်း - နိုင်ငံပိုင်မီဒီယားများကို ပြုပြင်ပြောင်းလဲခြင်း - နိုင်ငံရေးဖိုရမ်များ,အစည်းအဝေးများ ပြုလုပ်ခွင့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပြီး အစိုးရကို လွတ်လပ် စွာ ဝေဖန်မှုများကို ခွင့်ပြုပေးခဲ့သည်။ ဘရှားသည် ထိုသို့ နိုင်ငံရေးလွတ်လပ်မှုများပြုလုပ်သောကြောင့် လက်ရှိ အစိုးရအတွင်းမှ သဘောထားတင်းမာ သူများ၏ စိုးရိမ်မှု ရေချိန်မြင့်တက်လာသည်။ ဒီမိုကရက်တစ်အတိုက်အခံအင်အားစုများသည်ပင် မည်သို့ မည်ပုံ လုပ်ရမည်ဆိုသည်ကို ခန့်မှန်းမရဖြစ်လာသည်။ သို့သော် ဒမတ်စကတ်နွေဦးမှာ ကြာကြာမခံ နောက်ကြောင်း 3 အာရပ်လူ့အခွင့်အရေးအစီရင်ခံစာ
  • 9. မင်းသေ့ 9 ပြန်လှည့်သွားသည်။ အတိုက်အခံအင်အားစုများ ပြန်လည်အဖမ်းခံရသည်။ မီဒီယာကို ပြန်လည်ထိန်းချုပ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုံးဝမရှိတော့။ ဆီးရီးယားနိုင်ငံသည် တစ်ပါတီစနစ်၊ သက်ဦးဆံပိုင် အာဏာရှင် စနစ်ဖြစ်နေသည့်အပြင် အဆိုပါ အုပ်ချုပ်ရေး ယန္တရားကို အာဆတ်မျိုးဆက်၊ အာဆတ်မိသားစုကပင် အဓိက ချုပ်ကိုင်ထားနိုင်ဆဲပင်ဖြစ်နေသည်ကို တွေ့ရသည်။ အာရပ်နွေဦးတော်လှန်ရေး ၂၀၁၀ ခုနှစ်တွင် တူနီးရှား၌ လူငယ်တစ်ယောက် ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြရာမှ အာရပ်နွေဦး ဆိုသည့် အဖြစ် အပျက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ (၂၆) နှစ်အရွယ် လူငယ်တစ်ယောက်သည် တူနီးရှားနိုင်ငံ ဆစ်ဒီဘူဇစ်မြို့တွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို လှည်းဖြင့် ရောင်းချ အသက်မွေးသူဖြစ်သည်။ ရဲက ခွင့်ပြုမိန့်မရှိဟူ၍ သူ၏ပစ္စည်းများကို သိမ်းယူသည်။ ထိုသို့ ခွင့်ပြုမိန့်ရရန် လာဘ်ထိုးမှ ရမည်။ ထို့ကြောင့် လူငယ် သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မိမိကိုယ်ကို မီးရှို့ကာ အသေခံလိုက်သည်။ ထိုလုပ်ရပ် သည် အာရပ်ကမ္ဘာတစ်ခုလုံးကို ကူးစက်ပြန့်နှံ့သွားသည်။ ထိုလူငယ်၏ အမည်မှာ မိုဟာမက်ဘွာဇီဇီ ဖြစ်သည်။ တူနီးရှားနှင့် အီဂျစ်နိုင်ငံတို့တွင်ဖြစ်ပွားသော လူထုအုံကြွမှုဖြစ်စဉ်များတွင် လူမှုမီဒီယာကွန်ယက်၏ ထိရောက် အရေးပါမှုသည် များစွာ ရှိခဲ့သည်။ ဆီးရီးယားနိုင်ငံတွင်လည်း အုံကြွမှု၊ အတိုက်အခံပြုလှုပ်ရှားမှုများ၊ နိုင်ငံရေး စည်းရုံးမှုများ၌ လူမှုမီဒီယာများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ဆီးရီးယားတွင် ဖြစ်ပွားသော အာရပ်နွေဦးဖြစ်စဉ်များအတွင်း (၁၃) နှစ်သားကလေးတစ်ယောက်၏ အဖြစ်အပျက်ဖြင့်ဥပမာပြ နိုင်သည်။ ထိုကလေး၏ အမည်မှာ ဟမ်ဇာ အယ်လ်-ခတ်တက်ဖြစ်သည်။ ထိုကလေးသည် သူနေထိုင်ရာ ဂျီးဇားရွာမှ ပျောက်သွားသည်။ နောက်တစ်လကြာသောအခါ ခြေလက်ဖြတ်ထားသော ထိုကလေး၏ အလောင်း သည် သူ့အိမ်သို့ရောက်လာသည်။ ထိုခြေပြတ်လက်ပြတ်ဖြစ်နေသောကလေးအလောင်း၏ ဓာတ်ပုံများကို ကမ္ဘာသို့ လူမှုကွန်ယက်များက တစ်ဆင့် အစိုးရအတွက် ရိုက်ခတ်မှုတစ်စုံတစ်ရာရှိခဲ့သည်။ မှတ်ချက်။ ။ အာရပ်နွေဦးဖြစ်စဉ်ဇယား 4 အာရပ်နွေဦး ရိုက်ချက် အာရပ်ကမ္ဘာ တော်လှန်ရေး၏ ရိုက်ချက်များဖြင့် ဆင့်ကာ ဆက်ကာဖြစ်ခဲ့သည်။ အာရပ်နွေဦးရိုက်ချက်ဖြင့် အဓိကဆက်စပ်နေသောနိုင်ငံများရှိသည်။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဘာရိမ်း စသည့် နိုင်ငံများသည် အာရပ်နွေဦးတော်လှန် ရေး၏ ဇာတ်ဆောင်နိုင်ငံများပင်ဖြစ်သည်။ 4 နောက်ဆက်တွဲတွင် ကြည့်ရန်
  • 10. မင်းသေ့ 10 အာရပ်နွေဦးကြောင့် တူနီးရှားမှ ဘင်အလီ ပြုတ်ကျသွားသည်။ အီဂျစ်မှ မူဘာရက် ပြုတ်ကျသွားသည်။ ယီမင်မှ အဗ္ဗသွာလ်လာဆလေး ပြုတ်ကျသွားသည်။ လစ်ဗျားတွင် ကဒါဖီ ပြုတ်ကျသွားသည်။ နိုင်ငံတကာ ဖိအားနှင့် ဒေသတွင်း အခြေအနေ လူထုအုံကြွမှုနှင့် ဆီးရီးယားအစိုးရ၏ တုံ့ပြန်မှုများအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုများလည်း အမျိုးမျိုးပြောင်းလဲ နေသည်။ အစပိုင်းတွင် သူ့ဘာသာပြီးသွားမည်ဟု နိုင်ငံတကာက မှတ်ယူသည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့။ ပို၍ပင်ဆိုးဝါးသော အနေအထားသို့ ရောက်ရှိလာသည်။ လစ်ဗျားတွင် ကဒါဖီ ပြုတ်ကျသွားသည်။ သို့သော် လစ်ဗျားနှင့် ဆီးရီးယားမတူသည်က ဆီးရီးယားတွင် တိတိကျကျအဖြေမရှိခြင်းနှင့် ဦးတည်ရာလမ်းကြောင်းတိတိကျကျမရှိခြင်းပင်ဖြစ်သည်။ ဘရှားအစိုးရက ငြိမ်း ချမ်းစွာ ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွဲနေသော်လည်း နိုင်ငံတကာက တုံ့ပြန်ရန် လက်နှေးနေသည်။ အထူးသဖြင့် နိုင်ငံတကာက ဆီးရီးယားကို ဒုတိယမြောက် အီရတ်ပုံစံမျိုး မဖြစ်စေလိုချေ။ အီရတ်တွင် ဆဒမ်ဟူစိန်မရှိသောအခါ ဗဟိုချုပ်ကိုင်မှုမရှိတော့သည့်အတွက် မတည်ငြိမ်မှုများ ဖြစ်ကုန်သည်။ ဆီးရီးယားတွင် ဤသို့ဖြစ်လျှင် ပို၍ပင်ဆိုးလိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆသည်။ ဆီးရီးယား သည် အီရတ်လိုပင် လူမျိုးကွဲ၊ ဘာသာကွဲ များစွာရှိနေသည်။ အီရတ်ကဲ့သို့ပင် အာဏာရနေသည့် လူနည်းစု တိုင်းရင်းသားအုပ်စုက အဆင့်တိုင်းတွင် နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသည်။ ထိုမျှမက လူလတ်တန်းစား လည်း မဖွံ့ဖြိုးချေ။ လူမှုအရပ်ဘက်အဖွဲ့အစည်းများလည်း အားမကောင်း။ ဘရှားအစိုးရပြုတ်ကျသွားလျှင် လည်း အသင့်ဆက်ခံနိုင်သော အရပ်သားနိုင်ငံရေးအဖွဲ့အစည်းမရှိ။ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် ဆီးရီးယား၏ အာရပ်နွေဦးသည် လွန်၍ ဆောင်းသို့ပင် ပြန်ရောက်နေပြီဖြစ်သည်။ ဘရှားအာဆတ် ရပ်တည်နိုင်ခြင်း၏အကြောင်းတရားများ အာရပ်နွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနိုင်သော နိုင်ငံများရှိသည်။ ဥပမာ တူနီးရှားဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်သော်လည်း အီလည်လိုက်နေ၍ တန့်နေသော နိုင်ငံလည်း ရှိသည်။ စစ်အာဏာသိမ်းမှုဖြင့် နောက်ကြောင်းပြန်လှည့်သွားသော နိုင်ငံလည်းရှိသည်။ ဆီးရီးယား မှ ဘရှားအာဆတ်သည် ယခုအထိ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းအရင်းများရှိသည်။ ယင်းတို့မှာ အောက်ပါအချက်များကြောင့် ဖြစ်တန်ရာသည်။ (က) အစ္စလာမ်အမျိုးသားရေးဝါဒီဆီးရီးယားပြည်သူများမှာ ဘရှားအာဆတ်ကို ထောက်ခံသည့် အခြေခံအုတ်မြစ်ဖြစ်နေခြင်း (ခ) ဘရှားအာဆတ်ကိုယ်တိုင်က အာရပ်အမျိုးသားရေးဝါဒီကို ကိုင်စွဲထားခြင်း (ဂ) စစ်ဘက်ကို အလာဝိတ်များ လွှမ်းမိုးထားနိုင်ခြင်း
  • 11. မင်းသေ့ 11 (ဃ) အစိုးရအဖွဲ့၊ ဗြူရိုကရက်များနှင့် ဆီးရီးယားစီးပွားရေးထိပ်တန်းအလွှာတို့၏ ကိုယ်ကျိုးစီးပွားများ သည် ဘရှား သမ္မတရာထူးအပေါ် မှီခိုနေခြင်း (င) တရုတ်နှင့် ရုရှားတို့သည် ဘရှားနှင့် ပလဲပနံသင့်နေခြင်း (အထူးသဖြင့် ရုရှား၏ အကျိုးစီးပွားသည် ဆီးရီးယားအပေါ် တစ်စုံတစ်ရာသက်ရောက်မှု ရှိနေခြင်း) (စ) တစ်ပါတီ၊ အာဏာရှင်နိုင်ငံရေးစနစ်ဖြင့် အုပ်ချုပ်သည့် သက်တမ်းသည် အလွန်ရှည်ကြားနေခြင်း (ဆ) အာဆတ်မိသားစုသည် ၁၉၇၀ ခုနှစ်ကစပြီး ယနေ့အထိ အာဏာကိုင်စွဲထားခြင်း (ဇ) လွတ်လပ်ရေးရအပြီး အာဏာသိမ်းမှုများ အထပ်ထပ်ဖြစ်ခဲ့သည့် သမိုင်းနောက်ခံရှိခြင်း (ဈ) ဒီမိုကရက်တစ်အတိုက်အခံ အား မကောင်းခြင်း (ည) နိုင်ငံရေးဖိနှိပ်မှုပြင်းထန်သော အုပ်ချုပ်ရေးစနစ်ရှိခြင်း (ဋ) အစိုးရနှင့် အစိုးရဝန်ထမ်းများ၏ အဂတိလိုက်မှုရေချိန်မြင့်မားခြင်း (ဌ) အမေရိကန်၏ အကြမ်းဖက်ဆန့်ကျင်ရေးသည် အာရပ်လူမျိုးများနှင့် တိုက်ရိုက်ဆက်စပ်နေသည် ဟု ဆီးရီးယားပြည်သူများ ထင်မြင်နေခြင်း စသည့် အထွေထွေအချက်များကြောင့် ယနေ့အထိ ဘရှားအာဆတ်သည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံတော် အာဏာကို ကိုင်စွဲထားနိုင်ဆဲရှိနေခြင်းဟု မှတ်ယူနိုင်သည်။ အဆိုပါအကြောင်းအချက်များထဲမှ အဓိက အချက်များကို ရွေးထုတ်သော် အချက် (၃) ချက်ကို တွေ့နိုင်သည်။ (၁) အာရပ်အစ္စလာမ်အမျိုးသားရေးဝါဒ (၂) အကျိုးစီးပွားများ (၃) ရုရှား၏ ထောက်ခံအားပေးမှု ဟူ၍ လိုရင်းအချက် (၃) ချက်ကို ရှာဖွေတွေ့ရှိနိုင်သည်။ နယ်နိမိတ်နှင့် ဆက်စပ်အကြောင်းများ အာရပ်-အစ္စရေး အစ္စရေးနိုင်ငံစတင်တည်ထောင်ချိန်မှစ၍ အာရပ်နိုင်ငံများဖြစ်သော အီဂျစ်၊ အီရတ်၊ လက်ဘနွန်၊ ဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံတို့သည် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ အာရပ်-အစ္စရေး စစ်ပွဲတွင် ဂျော်ဒန်နိုင်ငံမှအပ ကျန်အာရပ်နိုင်ငံများသည် စနစ်တကျ လက်နက်တပ်ဆင်ထားခြင်းမရှိသောကြောင့် ရှုံးနိမ့်ခဲ့သည်။ ဆီးရီးယား နှင့် အစ္စရေးနယ်စပ်တစ်လျှောက်တွင် နယ်စပ်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများ၌ ဆီးရီးယားသည် အာရပ်လူမျိုးများ၏ အခွင့်အရေးဟူသော ကြွေးကြော်သံကို ဆုပ်ကိုင်ပြီး အစ္စရေးသည် အကြမ်းဖက်မှုကို ကာကွယ်ခြင်းဟု ကြွေးကြော်သည်။
  • 12. မင်းသေ့ 12 ခြောက်ရက် စစ်ပွဲ ၁၉၆၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အစ္စရေးနှင့် ဆီးရီးယားတို့ နယ်စပ်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ သည်။ ထိုနှစ် ဧပြီ ၇ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားသည်။ ဇွန်လ ၅ ရက်နေ့တွင် အာရပ်နိုင်ငံများ နှင့် အစ္စရေးတို့ ခြောက်ရက်စစ်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး ဇွန်လ ၁၁ ရက်နေ့တွင် စစ်ပွဲပြီးဆုံးသည်။ အာရပ်-အစ္စရေး စစ်ပွဲတွင် အစ္စရေးတို့ဖက်မှ အမေရိကန်နှင့် ဗြိတိန်တို့ က ထောက်ပံ့ကူညီမှုပြုသည်။ ဆိုဗီယက်နှင့် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် အရှေ့အလယ်ပိုင်းအရေးကို သံတမန်နည်းဖြင့် ဖြေရှင်းရန် ညှိနှိုင်းသည်။ နိဂုံး ဤအခြင်းအရာကို ထောက်ရှုခြင်းအားဖြင့် အာရပ်နှင့် အစ္စရေးတို့၏ သမိုင်းနောက်ခံ ရန်ညိုးရန်စသည် ယခင် ကတည်းက အမြစ်တွယ်နေသည်ကို တွေ့ရသည်။ အစ္စရေးသည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စု ၏ မဟာမိတ်ဖြစ်ပြီး ယခင် ဆိုဗီယက်၊ ယခု ရုရှားသည် အာရပ်ကမ္ဘာ၏ အရင်းနီးဆုံး သဟာယများဖြစ်သည်ကို တွေ့ရသည်။ အရှေ့အလယ်ပိုင်းသည် စစ်အေးကာလတွင် အိုင်ဒီယော်လိုဂျီလွန်ဆွဲရာ ကွင်းပြင်ဖြစ်ခဲ့သည်။ ထို့အတူ အနောက်ကမ္ဘာအတွက် စွမ်းအင်အရင်းအမြစ်များကို အာရုံကျစရာအနေအထားတွင်လည်းရှိနေသည်။ ရုရှားအတွက် ပထဝီနိုင်ငံရေးမဟာဗျူဟာကွင်းလည်းဖြစ်နေသည်။ အထူးသဖြင့် ဆီးရီးယားသည် ရုရှားအတွက် ပထဝီနိုင်ငံရေးမဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်နေသည်။ စစ်အေးကာလ ပြီးဆုံးသွားသော်လည်း နိုင်ငံတကာအခင်းအကျင်းတွင် ပါဝါလွန်ဆွဲပွဲသည် ရှိနေဆဲပင်ဖြစ် သည်။ နောက်လည်း ရှိအုံးမည်ပင်ဖြစ်သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းတွင် မဟာဗျူဟာကုန်စည်များရှိနေ သည်။ ထိုမဟာဗျူဟာကုန်စည်ဆိုသည်မှာ ရေနံပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အမေရိကန်နှင့် အနောက်အုပ်စု ဗဟိုပြုထားသည့် အကြမ်းဖက်ဝါဒ တန်ပြန်တော်လှန်ရေးလည်း ရှိနေသေးသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ပါဝင်သော အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆီးရီးယားအနေဖြင့် ရုရှားနှင့် အမေရိကန်တို့အကြား ပါဝါချိန်ခွင်လျှာညှိရေးဖြစ်စဉ်တွင် မည်သို့ မည်ပုံ ခင်းကျင်းမည်နည်း။ ထို့အပြင် ဘရှား အာဆတ်သည် အာရပ်အမျိုးသားရေးဝါဒကို ကိုင်စွဲ၍ နိုင်ငံရေးအာဏာကို မည်သည့်အချိန်ထိ ဆုပ်ကိုင်သွား မည်နည်း။ ဆီးရီးယား၏ အကျည်းတန်လှသော ဗြူရိုကရက်ဆိုးစနစ်၏ ခြစားမှုဒဏ်ကို ဆီးရီးယားပြည်သူများ မည်သည့်အချိန်အထိ ခံစားရမည်နည်း။ အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး လှုပ်ရှားမှုများသည် ဆီးရီးယားနိုင်ငံ ရေး အပေါ်မည်မျှသက်ရောက်မည်နည်း။ မည်သည့်ဘက်တွင် သက်ရောက်သွားနိုင်သနည်း စသည့် မေးခွန်း များသည် တွေးချင့်လေ့လာစရာကောင်းသည်။ ဆီးရီးယားနိုင်ငံရေး နိုင်ငံရေးအဖြစ်အပျက်များသည် အာဏာသိမ်းမှုများ၊ တိုက်ပွဲများ၊ စစ်ပွဲများနှင့် အာရပ် လူမျိုးရေး အားပြိုင်မှုများဖြင့် ရှုပ်ထွေးသည်။ အစိုးရ၏ ခြစားမှု၊ နိုင်ငံတကာ၏ ပါဝါကစားကွင်း၊ တစ်ပါတီ
  • 13. မင်းသေ့ 13 အာဏာရှင်စနစ်၏ အမြစ်တွယ်မှု ၊ အာရပ်အမျိုးသားရေးဝါဒ၏ ရပ်တည်ချက် စသည့် အကြောင်းအချက်များ ဖြင့် လွန်ဆွဲလျက်ရှိသည်။ ထိုအကြောင်းများကြောင့် ဆီးရီးယားသည် အနာဂတ်တွင် မည်သို့မည်ပုံဖြစ်လာမည် ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရန် လိုသည်ဟု ယူဆမိပါသည်။ ကိုကားစာရင်း (၁) ကမ္ဘာ့နိုင်ငံများ အမှတ် (၂) / မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် (၂) Syria, The Fall of the House of Assad by David W. Lesch (၃) Modern history of Syria - Wikipedia, the free encyclopedia.htm (၄) History of Syria - Key Figures in Syria’s history.htm (၅) Syria Maps, History, Geography, Government, Culture, Facts, Guide & Travel_Holidays_Cities _ Infoplease.com.htm (၆) Syria - Wikipedia, the free encyclopedia.htm (၇) Syrian Civil War - Wikipedia, the free encyclopedia.htm (၈) Arab Spring - Wikipedia, the free encyclopedia.htm
  • 14. မင်းသေ့ 14 နောက်ဆက်တွဲ ရက်စွဲ သမိုင်းစဉ် ခုနှစ် ဖြစ်စဉ် ဘီစီ ၁၄၇၁ အီဂျစ်နိုင်ငံ၏ လက်အောက်ခံဖြစ်ခဲ့၊ ထို့နောက် ဘေဘီလုံအင်ပါယာ၊ အဆီးရီးယား အင်ပါယာ၊ ပါရှားအင်ပါယာ တို့၏ လက်အောက်ခံဖြစ်ခဲ့။ ဘီစီ ၆၄ ရောမ ဘုရင် ပွန်ပီ လက်ထက်တွင် ရောမနိုင်ငံပိုင် ပြည်နယ်ဖြစ်ခဲ့။ အေဒီ ၆၃၅ အာရပ်လူမျိုးများသိမ်းပိုက်ခြင်း ခံရသည်။ ၁၅၁၆ အော့တိုမန်လူမျိုးများ သိမ်းပိုက်ခြင်း ခံရသည်။ ၁၇၈၉-၉၉ ပြင်သစ်အုပ်စိုးမှုအောက်ရောက်ရှိခဲ့သည် ၁၈၃၁-၁၈၃၃ အီဂျစ်ဘုရင်၏ သိမ်းပိုက်ခြင်းခံရ ၁၈၃၉ - ၄၀ အီဂျစ်ဘုရင်၏ သိမ်းပိုက်ခြင်းခံရ ၁၉၁၇ တူရီကီတို့လက်အောက်မှ ပုန်ကန်၍ လွတ်မြောက်လာခဲ့ ၁၉၂၀ ပြင်သစ်ဩဇာခံ နယ်မြေဖြစ်လာ ၁၉၂၅ ဒမက်စကပ်နှင့် အလက် ဒေသတို့ ပေါင်းစည်း၍ ဆီးရီးယားနိုင်ငံကို ထူထောင်ရန် ကြိုးစား ၁၉၃၀ ဆီးရီးယား သမ္မတနိုင်ငံထူထောင်ကြောင်း ကြေညာ ၁၉၄၀ - ၄၁ ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်ကျရောက် ၁၉၄၁ မဟာမိတ်တပ်များ၏ သိမ်းပိုက်မှုကို ခံရ ၁၉၄၁ စက်တင်ဘာ ၁ လွတ်လပ်ရေး ကြေညာ (သို့သော် မည်ကာမတ္တ သဘောသာဖြစ်) ၁၉၄၄ ဇန်နဝါရီ ၁ ပြင်သစ်အစိုးရက နိုင်ငံတော်အာဏာကို လွှဲအပ် ၁၉၄၆ ဧပြီ နိုင်ငံခြားစစ်တပ်များ အလုံးစုံ ဆုတ်ခွာ၍ လုံးဝလွတ်လပ်သော နိုင်ငံအဖြစ်ရောက်ရှိ ၁၉၄၆ ဧပြီ ၁၇ ဆီးရီးယားနိုင်ငံ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ် အတည်ပြု ပြဌာန်း ၁၉၄၈ အစ္စရေးနိုင်ငံသစ် ထူထောင်မှုကြောင့် အာရပ်-အစ္စရေး စစ်ပွဲတွင် ပါဝင် ၁၉၄၉ ဇူလိုင် အစ္စရေးနှင့် အပစ်အခတ်ရပ်ဆဲရေးစာချုပ်ကို လက်မှတ်ရေးထိုး (အာရပ်နိုင်ငံများထဲမှ နောက်ဆုံးနိုင်ငံဖြစ်သည်) ၁၉၄၉ ဆီးရီးယားအမျိုးသားအစိုးရကို အမေရိကန် စီအိုင်အေ အထောက်အပံ့ဖြင့် Hussni al-Zaimy က အာဏာသိမ်းမှု ပြုလုပ်၊ ထို့နောက် Sami al-Hinnawi က တော်လှန် ပုန်ကန်၊ လအနည်းငယ်အကြာတွင် ဗိုလ်မှူးကြီး Adib al-Shishakli က Hinnawi ကို ပုန်ကန်၊ ၁၉၅၁ Shishaki အစိုးရက နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားနိုင်ဆဲ ၁၉၅၄ နိုင်ငံတော်အာဏာသိမ်းမှုဖြစ်ပွား၊ ဤတွင် အာရပ်အမျိုးသားရေးဝါဒီနှင့် ဆိုရှယ်လစ် ဝါဒီများ နိုင်ငံတော်အာဏာကို ရယူထားနိုင်ခဲ့ ၁၉၄၆ - ၁၉၅၆ (၁၀) နှစ်အတွင်း ဆီးရီးယားအစိုးရအဖွဲ့အပြောင်းအလဲ (၂၀) ဖြစ်ခဲ့။ ဖွဲ့စည်းပုံ
  • 15. မင်းသေ့ 15 အခြေခံဥပဒေ (၄) ကြိမ်တိတိ ပြင်ဆင်ပြောင်းလဲခံရ ၁၉၅၆ စူးအက်တူးမြောင်း အကျပ်အတည်းဖြစ်ပွား၊ ဆီးရီးယားသည် အီဂျစ်နိုင်ငံဖက်မှ ရပ်တည် ၁၉၅၆ နိုဝင်ဘာ ဆိုဗီယက်ပြည်ထောင်စုနှင့် ဆီးရီးယား နိုင်ငံရေးပဋိညာဉ်တွင် လက်မှတ်ရေးထိုး၊ အဆိုပါ ပဋိညာဉ်တွင် စစ်ရေးအကူအညီ၊ အထောက်အပံ့များ ဆီးရီးယားကို ကူညီရန် ပါရှိ၊ တူရကီ၏ ရန်ကိုခုခံရန် ဆီးရီးယားကို စစ်ရေးစွမ်းရည်မြှင့်တင် ၁၉၆၃ ပထမ ဘ့ာထ်ပါတီ အစိုးရတက် ၁၉၆၄ မေ အမျိုးသားတော်လှန်ရေးကောင်စီမှ အာမင် ဟာဖီလ် သမ္မတဖြစ်လာ ၁၉၆၅ စက်တင်ဘာလ ၁၁ ဘရှား အယ်လ်-အာဆတ်ကို မွေးဖွား ၁၉၆၆ ဖေဖော်ဝါရီ ၂၃ ပါတီတွင်း အာဏာသိမ်းမှုဖြစ်ပေါ် သမ္မတ ဟာဖီလ်ကို ဖြုတ်ချ၍ ပါတီတွင်း စစ်ဗိုလ်ချုပ်များ ကြီးစိုးနေရာရလာ ၁၉၆၆ ဒုတိယမြောက် ဘ့ာထ် အစိုးရတက်လာ၊ အာဏာသိမ်းခေါင်းဆောင်က ရယ်ဒီကယ် ဆိုရှယ်လစ်အစိုးရတစ်ရပ်ကို အုတ်မြစ်ချ၍ ထူထောင် ၁၉၆၇ ဇန်နဝါရီလ ၁ ဆီးရီးယားနှင့် အစ္စရေး နယ်စပ် တိုက်ပွဲများ ဖြစ်ပွား ၁၉၆၇ ဇွန် ၅ အာရပ်နိုင်ငံများနှင့် အစ္စရေးတို့ စစ်ပွဲများဖြစ်ပွား ၁၉၆၇ ဇွန် ၁၀ အာရပ်-အစ္စရေး (၆) ရက်စစ်ပွဲပြီးဆုံး ၁၉၆၇ ဇွန် ၁၁ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆီးရီးယားနှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး၍ ဝင်ရောက်ဖျန်ဖြေ ၁၉၇၀ ဘ့ာထ် ပါတီသည် ဟာဖစ်အယ်လ်-အာဆတ် ၏ လက်အောက်ကို ကျရောက် ၁၉၇၀ ဖေဖော်ဝါရီ ၂၈ ကာကွယ်ရေးဝန်ကြီး ဟာဖစ်အယ်လ်-အာဆတ်က သွေးမထွက်သော စစ်အာဏာ သိမ်းမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ၁၉၇၀ - ၂၀၀၀ ဟာဖစ်အယ်လ်-အာဆတ်က ဆီးရီးယားကို နှစ်ပေါင်း (၃၀) အထိ တရပ်စပ်အုပ်စိုး သည့် ကာလ ၂၀၀၀ ဟာဖစ် အယ်လ်-အာဆတ် ကွယ်လွန် ၂၀၀၀ ဇွန် ၁၁ ဘ့ာထ်ပါတီက ဘရှားကို သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့ ၂၀၀၀ ဇွန် ၂၄ (၉) ကြိမ်မြောက် ဘ့ာထ်ပါတီကွန်ဂရက်ကျင်းပ/ ဘရှားကို ပါတီအထွေထွေ အတွင်းရေးမှူး အဖြစ် တင်မြှောက် ၂၀၀၀ ဆန္ဒခံယူပွဲတွင် ဘရှားမှာ ထောက်ခံမဲ ၉၇ ဒသမ ၂၉ ရာခိုင်နှုန်း ထောက်ခံမဲရခဲ့ပြီး ဆီးရီးယားနိုင်ငံ၏သမ္မတဖြစ်လာခဲ့ ၂၀၁၀ ဒီဇင်ဘာ ၁၇ တူနီးရှားမှ (၂၆) နှစ်အရွက် မိုဟာမက်ဘွာဇီဇီ မိမိကိုယ်ကို မီးရှို့သတ်သေသည့် ဖြစ်ရပ်ဖြစ်ပွား ၂၀၁၀ အာရပ်ကမ္ဘာ၌ အာရပ်နွေဦးတော်လှန်ရေးစတင်/ လူထုအုံကြွမှု အရှိန်မြင့်လာ…….