More Related Content
More from Murann Ezine (20)
Murann.2017.03.46pages
- 1. မုရန် Murann 2017, March
သက်သေခံခြင်းများ
ဆရာညီညီ ယေရှုအကြောင်း မြို့ပတ်ရထားပေါ် ၃နှစ်ကြာ ဧဝံဂေလိဟောနေတဲ့သူ P.1
ကိုဇော်ဇော် ဆိုတဲ့ မွတ်ဆလင်ဘာသာမှ ဓမ္မဆရာဖြစ်လာသူ ဆရာဖော်ဇော် P.3
ဆရာမ ဒေါ်ချောချောဦး ကျမဟာ ဂေါ်ရခါး လူမျိုး ဖြစ်ပါတယ်။ P.6
လိင်တူဘဝမှာနေရင် HIV ရ၍ လွှတ်မြောက်လာသော ဆရာကျော်ကျော်လှိုင် P.8
အယ်လ် ဆိုင်းဇီ . . ဘုရားကျောင်းတက်၊ သီဆိုချီးမွမ်း သက်သေခံခြင်း P.20
ဝိညာဉ်ရေး နှုတ်ကပတ်တော်များ
အစားကြူးခြင်းသည်အပြစ် Seven Deadly Sins (by Bily Graham) Bible Study P.11
ဆရာဒေးဗစ်လား .. ကျောက်တန်း တရားပွဲနှင့်အနာရောဂါကင်းခြင်း P.15
ဘီလီဂရေဟမ် .. ဤလောက၏မျှော်လင့်ရာ - ယေရှုJesus ... The Hope of the World - P17
ကျေးဇူးတော် (ဆရာဖော်သူလင်း) မထိုက်တန်ပဲခံစားရခြင်း = ကျေးဇူးတော် P.22
ပုသိမ်မြို့ ရွှေဝါထွန်းအသင်းတော်မှာ ၅ ရက်တာ စိုက်ပျိုးရေး သင်တန်း - P.28
ဆရာဝါရှင်တန် နှင့်မိတ်သဟာရပြုခြင်း မင်းကြီးလမ်း၊ပုသိမ် P.32
မြေပြန့် သာသနာ - ဧရာဝတီတိုင်း၊ ပုသိမ် (၂၀၀၉ ဆောင်းပါး၊ ထပ်မံဖေါ်ပြသည်) P.35
ထိုကလေးငယ်များအတွက် သတိရဆုတောင်းပါသည်။ သူတော်ကုန်းတပည့်တော်စု p.41
- 2. Page 1
ဆရာညီညီ
ကယ်တင်ခြင်း ယေရှုအကြောင်း မြို့ပတ်ရထားပေါ် ၃နှစ်ကြာ ဧဝံဂေလိဟောနေတဲ့သူ ဖြစ်ပါတယ်။
သူတယောက်ထဲ လိုက်ပြောတော့ အခက်အခဲများစွာ တွေ့ရပါတယ်။ ဒီဗွီဒီယိုမှာတော့ သူကဧဝံဂေလိ
စပီကာနဲ့ပြောတယ်၊ သူ့အဖွဲ့ဝင်တွေက ဗွီဒီယိုရိုက်ရင် ခရီးသွားတွေကို အနှောက်ရှက်ဖြစ်ပါသလား
မေးမြန်းတယ်။ အများအားဖြင့် မဖြစ်ပါဘူး ဖြေကြပါတယ်။ ဦးဇင်းတပါးကတော့ ဗုဒ္ဓတရားကို
သူ့အကြိုက်ကောက်ချက်ချဟောတာတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ပြောပါစေ လို့ပြောပါတယ်။
https://www.youtube.com/watch?v=Bk1za0V4pbg
သူ့ရဲ့ သက်သေခံချက်ကတော့ သူဟာ သေဘေး၊ သတိမေ့ပြီး သေဖို့ပဲရှိတဲ့အချိန်မှာပဲ ယေရှုကို
မြည်းစမ်းပြိး ကယ်တင်ခြင်းရရှိကြောင်း သက်သေခံပါတယ်။ အံ့သြစရာကတော့ မြို့ပတ်ရထားပေါ်မှာ
လူ၁၀ယောက်ကို မေးကြည့်တော့ ၈ယောက်က ယေရှုကို မသိဘူးလို့ ဖြေကြပါတယ်။
အလွန်အံ့သြရပါတယ်။ လူတွေမသိကြဘူး။ ပြောဖို့အလွန်လိုအပ်တယ်၊ သူတို့ကယ်တင်ခြင်းရဖို့
အလွန်လိုအပ်တယ်။ မိမိ ဘာသာရေးအသိုင်းဝိုင်းမှာ နေရင်း ယေရှုကို တကယ်ရရှိတဲ့
မိတ်ဆွေတယောက်အိမ် ကလေးမြို့ မှာ ၄ရက်တာနေပြီး သူတို့မိသားစုရဲ့ ငြိမ်သက်ခြင်းကို
အံ့သြလိုက်ပါတယ်။ ဒါဟာ ယေရှု နောက်လိုက်တကယ်ပဲ ဆိုတာ သိလိုက်ပြီး၊ မိမိလည်း
ခရစ်တော်ကို စတင်လေ့လာပါတယ်။ ကယ်တင်ခြင်းရရှိခဲ့ပြီး မိမိလို လူတွေ ယေရှုကို
သိရှိလက်ခံလာဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။
- 3. Page 2
.
.
မြို့ပတ်တရားပေါ် ဧဝံဂေလိပြောစဉ် အခက်ခဲများ
ခဲနဲ့ပေါက်ခံရတာ ၁၀ကြိမ်လောက် ရှိပါတယ်။ တခါလည်း အသက်၆၀လောက် လူကြီးက ဒေါသနဲ့
ရထားနံရံကို ဝုန်းကနဲထုပြီး မနှောက်ရှက်ဖို့၊ ရပ်ဆိုင်းဖို့၊ အော်ပြောပါတယ်။ ကျနော်လည်း
ဘုရားဆီပဲ ဆုတောင်းပါတယ်။ အံ့သြစရာ မိန်းမတယောက်က ထပြီး သူယုံကြည်တာပြောတာပဲ
ပြောပါစေ လို့ အဲဒီလူကို တားမြစ်ပါတယ်။
နောက်တခါလည်း ယေင်္ကျားတယောက် ဒေါသနဲ့ ပြောတာရပ်ဖို့၊ ဗုဒ္ဓတရားကို အခြေပြုပြီး
ဘာသာဆွယ်ခြင်းမလုပ်ဖို့ အော်ပြောတယ်။ အဲဒီအချိန်မှာလဲ ဘုရားကိုပဲ ဆုတောင်းရပါတယ်။
ဒီတခါလဲ အဝတ်စားကောင်းတွေ ဝတ်ထားတဲ့ ထောင်ထောင်မောင်းမောင်း မိန်းမတယောက်၊
ထလာပြီး ပါစပ်ပိတ်ထားဖို့ အဲဒီလူကို တားမြစ်ပါတယ်။ ကျနော်လဲ ရထားရပ်တော့ အဲဒီမိန်းမကို
ကျေးဇူးတင်စကားပြောဖို့ သူဆင်းတဲ့နေရာ လိုက်ကြည့်တော့ သူမဟာ
လူတကာလိုက်အမိန့်ပေးနေလိုဲ့ စည်ပင်အရာရှိလား ထင်မိတယ်။ မဟုတ်ပါဘူး။
အရူးမဖြစ်နေပါတယ်။ အရှုးလို့မပြောလိုပါဘူး။ ဘုရားသခင်က စေလွှတ်တဲ့ ကောင်းကင်တမန်က
သူ့အထဲဝင်ပြီး ဘုန်းတော်ထင်ရှားစေပါတယ်။
ဘုန်းကြီးတပါးကလဲ ဘာသာဆွယ်တာတွေ မပြောဖို့ တားမြစ်ချိန် အမျိုးသမီးတယောက်ကပဲ
သူ့အလုပ်သူလုပ်နေတာပဲ ပြောလိုက်တော့ ဘုန်းကြီးပါးစပ်ပိတ်သွားပါတယ်။
နောက်တယောက်ကလည်း ခင်ဗျားမှာ ဒါမျိုးပြောခွင့် ပါမစ်ရှိပါသလား ထမေးပါတယ်။ မရှိပါဘူး၊
ရထားပေါ်လိုက်ပြောတာ ၃နှစ်အတွင်းမှာ ဘယ်သူမှာတားမြစ်တာ မရှိပါဘူး ဖြေတော့၊
သူကပြောတယ်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေတောင် လူကြားမှာ တရားဟောရင် အစိုးရဆီက
ပါမစ်ယူရတယ်။ ဒါကြောင့် ပါမစ်မရှိရင် မပြောပါနဲ့လို့ တားမြစ်ပါတယ်။ သူ့ကို
ကောင်းကောင်းမွန်မွန်ပဲ ဖြေပြီး ဧဝံဂေလိဆက်ပြောတော့ သူက ရထားစောင့်ရဲကို သွားတိုင်ပါတယ်။
မီးရထားရဲက သူလာတိုင်ပေမဲ့ မလာပါဘူး။ ဒါကြောင့် ဒီလူက ကျနော်အနားလာပြီး ကျယ်လောင်စွာ
အော်ဟစ်တားမြစ်ပါတယ်။ ဒီတော့မှာ ရထားရဲက ရောက်လာပြီး ကျနော်ကိုမပြောဘူး၊ အဲဒီ
တားမြစ်တဲ့လူကိုပဲ ပြောတယ်။ ကျနော်တို့ကို ဘာသာရေးနဲ့ပတ်သက်ရင် မတားမြစ်၊ မဖမ်းဆိးဖို့
အထက်က အမိန့်ရထားလို့ပါပြောတော့ တားမြစ်တဲ့လူက ဒီကိစ္စ အစိုးရကိုတိုင်ရမယ် .. ပြောတယ်။
မီးရထားရဲက ..ခင်ဗျားတိုင်ချင်တဲ့နေရာ တိုင်နိုင်တယ်၊ အလုပ်ပြုတ်မှာ မစိုးရိမ်ဘူး၊ ရဲအလုပ်က
ထွက်ချင်နေတာကြာပြီ၊ တိုင်ချင်ရာတိုင် ..လို့ပြောပြီး၊ ကျနော်ကို သူ့နောက်ခေါ်သွားတယ်။ ဒိလို
ရုန်ရင်းဆန်ခတ်ဖြစ်နေတာ ဘေးကစောင့်ကြည့်တဲ့ လူတွေက ဆဲဆိုပြောဆိုသံတွေ ကြားရပါတယ်။
- 4. Page 3
အံ့သြစရာကောင်းပါတယ်။ လူတွေက ကျနော်ကို ပြောတာမဟုတ်ဘူး။ အဲဒီ အော်ဟစ်တားမြစ်သူကို
ကိုယ်နဲ့မဆိုင်တာလုပ်ချင်တယ် Busy Body သဘောနဲ့အပြစ်တင်တော့ အဲဒီလူ မနေနိုင်ဘူး၊
ထွက်ပြေးသွားတာ တွေ့ရပါတယ်။
ယေရှုကို မသိတဲ့လူတွေ မြန်မာနိုင်ငံမှာ အမြောက်အများ ရှိနေပါတယ်။ ပြောပြကြပါ။ ဘုရားသခင်က
အလွန်ကောင်းမြတ်ပါတယ်။
ကိုဇော်ဇော် ဆိုတဲ့ ဓမ္မဆရာဖြစ်လာသူ ဆရာဖော်ဇော်
လူလုပ်တဲ့ ဘာသာရေး။ ခရစ်ယန်၊ ဗုဒ္ဓ၊ ဟိဒြူ ၊ အစ္စလမ် စတဲ့ ဘာသာတရားတွေကနေ
ယေရှုနောက်လိုက်တဲ့ သူတဦးဖြစ်တဲ့ .. ကိုဖေုာ်ဇော် အကြောင်း... သူရဲ့ ယုံကြည်ခြင်းကို
မက်သဒစ်အသင်းတော်မှာသက်သေခံဖို့ သင်းထောက်က သက်သေခံခွင့်ပေးပါတယ်။ သူက တကယ်
ယေရှုကိုရကြောင်း ပွင့်လင်းစွာသက်သေခံတော့ .. သင်းထောက်က.. မက်သဒစ်ဘာသာရေး
- 5. Page 4
အသင်းတော် ကနေ အေဂျီအသင်းတော်ကို တက်ဖို့ အားပေးပါတယ်။ နှင်ထုတ်တာ မဟုတ်ပါဘူး။
မက်သဒစ် လို ဘာသာရေးအသင်းတော်တွေကို အပြစ်မတင်ပါဘူး။ သူတို့အသင်းတော်တွေမှာလဲ
မလွန်ဆန်နိုင်တဲ့ ကျင့်ထုံး (ဖွဲ့စည်းပုံအခြေခံဥပဒေ) တွေထဲ အသက်ရှင်နေတဲ့ ယေရှုကို
တကယ်ရထားသူ သင်းအုပ်များစွာ ရှိနေပါတယ်။
ကိုဇော်ဇော် .. သူ့အကြောင်း Sai Sain တင်ပြချက်ဗွီဒီယိုကို text အဖြစ် တင်ပြလိုက်ပါတယ်။
https://www.youtube.com/watch?v=gIDx8PXg5DI
ကျနော့်မိသားစု အမ၃ယောက်နဲ့ ကျနော်ကတော့ အငယ်ဆုံးသား ဖြစ်ပါတယ်။ မွေးတာနဲ့
မိခင်သေဆုံးသွားတော့ အဖွားနဲ့ပဲ ကြီးပြင်းလာခဲ့ပါတယ်။ အစ္စလမ်ဘာသာ အသိုင်းအဝိုင်းထဲမှာ
ကြီးပြင်းလာတော့ ငယ်စဉ်ကတည်းက ဘာသာရေးသင်တန်းတွေ တက်ခဲ့ပါတယ်။
ကလေးအကြီးတန်းမှာ ကိုရမ်ကျမ်းကို မလိုက်နိုင်သူကို ဆရာတဦးက ရိုက်နှက်ဆုံးမတာကို
ကြောက်ပြီး ကြောက်လန့်ခဲ့မိပါတယ်။ ဒါကြောင့် ဘာသာတရားကို နက်ရှိုင်းစွာ လေ့လာဖို့
ကြောက်သွားပါတယ်။ ပဉ္စမတန်းအထိ ရန်ကုန်ငမိုးရိပ်မှာ အဖွားပြောင်းရွှေ့ရာ လိုက်နေပြီး
၁၄နှစ်အရွယ်မှာ မြဝတီဖက် ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ပါတယ်။ အဖွားနဲ့ပဲကြီးပြင်းလာတော့
မိဘမေတ္တာ အလွန်ဆာငတ်ပါတယ်။
ထောက်လှမ်းရေးကြီးစိုးတဲ့ခေတ် ဖြစ်ပါတယ်။ မြဝတီ-မဲဆောက် တံတားအောက်မှာ အထမ်းသမား
လုပ်ရင်း ပိုက်ဆံရ၊ အရက်သောက်ရင်း အရက်ကိုစွဲလမ်းသွားပါတယ်။ ဘဝဆိုတာ ဒီလိုပဲ
အရက်ကျေးကျွန်နဲ့ဘဝ အဆုံးသပ်မယ်လို့ပဲ ထင်ခဲ့ပါတယ်။
မြဝတီမှာ အမေရဲ့မေတ္တာ ဆာငတ်နေသူ ကျနော်က မွေးစားမိခင်တယောက် ရပါတယ်။ သူကတော့
ခရစ်ယာန်ပါပဲ။ ဘုရားကျောင်း ခေါ်သွားတော့ စိတ်မပါပေမဲ့ မိခင်ကို ချစ်လို့ ဘုရားကျောင်း
တက်တယ်။ နားထဲလဲ မရောက်ပါဘူး။ တနေ့တော့ အရက်မူးမူးနဲ့ ဘုရားဆင်းတုတွေ ခိုးထုတ်နေစဉ်
ကျနော်လည်းလိုက်သွားပါတယ်။ မူးလို့ အလုပ်မလုပ်နိုင်ချိန် ရဲဖမ်းတာခံရပြီး တရားရုံးရောက်၊
ထောင်တနှစ်ကျသွားပါတယ်။ အလွန့်အလွန်စိတ်ပျက်ပြီး ကိုယ်မရောက်ချင်လွန်းတဲ့ ထောင်ထဲ
ရောက်သွားပါတယ်။ ဖမ်းခံ၊ တရားရုံးထုတ်မှ ထောင်ကျမှာ အရမ်းကြောက်လို့ ဘုရားကိုအားကိုး
ဆုတောင်းပါတယ်။ ဆုတောင်းမှပဲ ထောင်တနှစ်ကျသွားလို့ နားမလည်နိုင်တော့ပါဘူး။ သူ့ကို
အားကိုးတဲ့ဘုရားက မကယ်တင်ပဲ ထောင်ချခွင့်ပေးလိုက်တာ နားမလည်နိုင်ပါ။ ထောင်ထဲမှာ
မိမိလိုက ပုဒ်မ ၂၉၅/က နဲ့ သာသနာညှိုးနွမ်းစေမှု .. ဒိလိုအမှုနဲ့ ထောင်ကျ မိတ်ဆွေ ၃ယောက်
တွေ့ရပါတယ်။ တယောက်က ဘုန်းကြီးဝတ်နဲ့ဘီယာသောက်လို့ ဒကာတွေက တရားစွဲထောင်ချတာ
၃နှစ်ကျတယ်။ တခြားတယောက်က ၂နှစ်ကျတယ်။ ကျနော်ကတော့ ၁နှစ်ထဲကျတယ်။ မဆိုးဘူးပေါ့။
ရိုသေလေးစားစွာ စင်ပေါ်မှာထားရတဲ့ ဘုရားဆင်းတုတော်ကို မြေကြီးပေါ်မှာ ချထားမှုနဲ့ ၂၉၅/က
သာသနာညှိုးနွမ်းစေမှု တဲ့။ နှိပ်စက်မှု၊ ရိုက်နှက်မှုတွေ ခံရလို့ လက်ပုံမှန်မဖြစ်တာ အခုထိပါပဲ။
- 6. Page 5
နှိပ်စက်ခံပြီး သေမှာလဲ သိပ်ကြောက်တယ်။ ဘုရားသခင်ထံပဲ အံ့သြဘွယ် လွတ်ပေးဖို့ ၊
ထွက်ပြေးပြီးလွတ်တာလဲ မလုပ်ချင်ဘူး ..ဆိုပြီး ဆုတောင်းပါတယ်။ ထောင်ထဲမှာ ကျမ်းစာအုပ်
ရှိသလား မေးကြည့်တော့ ဘယ်သူမှမဖတ်တဲ့ ကျမ်းစာအုပ်တအုပ် ကျနော်ရရှိပါတယ်။
ကျမ်းစာဖတ်ပြီး နှိပ်စက်သူတွေကို ဘာမှပြန်မပြောတော့ပဲ ကောင်းမွန်စွာနေပါတယ်။ အံ့သြစရာပါပဲ။
နိုင်ငံခေါင်းဆောင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးခင်ညွန် ထိမ်းသိမ်းခံရပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်
ပေးတဲ့အထိ ကျနော်ပါလို့ ထောင်က အံ့သြဘွယ်လွတ်လာပါတယ်။ ဒါတွေကို ပြန်လွတ်လာမှ
ကျနော်ဆရာ ကချင်လူမျိုး ဆရာဂျုံစီ အားဖြင့် ကျနော်ကို ဒုက္ခဆင်းရဲခံစားစေခြင်းအကြောင်း
နားလည်လာရပါတယ်။
လွတ်လာတော့ ရန်ကုန်ကအဖွားဆီ မပြန်တော့ပဲ မြဝတီက မွေးစားမိခင်ကို ပြန်တွေ့ပါတယ်။
အဲဒီအချိန်က ဘုရားကို ကိုးစားတတ်လာပေမဲ့ ကျမ်းစာအုပ် ၆၆အုပ် ရှိတာလြ နားမလည်ပါဘူး။
ထုံးစံအတိုင်း အရက်သောက်ခြင်း ပြန်လုပ်ပါတယ်။ မွေးစားမိခင်ကလည်း မိရိုးဖလာခရစ်ယာန်
ဆိုတော့ သူလဲ အရက်သောက်ပါတယ်။ နောက်တော့ ကြီးကျယ်တာတော့မဟုတ်ဘူး အိပ်မက်ရူပါရုံ
တခုရပါတယ်။ မြင်တဲ့အရာတွေ ဘာသစ်ပင်မှန်းမသိဘူး၊ ဝေလင်း သာယာတယ်၊
နေလိုကောင်းကင်နဲ့ အသံမရှိ၊ ရန်ကုန် အမ်ဝိုင်စီ အသင်းတော်မှာ သင်တန်းတက်ဖူးချိန်
အလွန်သာယာတဲ့ ဓမ္မတေးသီချင်းသံများ ခံစားရပါတယ်။ အခု ကြားလိုက်တဲ့အသံက အဲဒီ အမ်ဝိုင်စီ
တေးဂီတ ချီးမွမ်းသီချင်းသံလိုမဟုတ်ဘူး။ ပဲတင်ထပ်သံနဲက .. ဟိန်းနေတယ်။ ရှင်းလင်းတဲ့
အသံတခုထွက်လာပြီ .. ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်သည်။ ငါ့ခမည်းတော်သည်လည်း
ဥယာဉ်စောင့် ဖြစ်တောမူသည်။ ငါ၌ အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူသည်..
ဆိုတဲ့အသံကို ကြားရပါတယ်။ အဲဒီအချိန်က ဘယ်ကျမ်းပိုဒ်မှန်းလဲမသိပါဘူး။ ကျမ်းစာဖတ်တာလဲ
ဘုရားဂတိတော်တွေ၊ အနှစ်ချုပ်တွေပဲ ဖတ်တာများတော့ ..ဒီအိပ်မက်ရူပါရုံကို ကျနော်ဆရာထံ
မေးတယ်။ မဖြေရှင်းနိုင်ပါဘူး။ အရက်လဲ လုံးဝ ပြက်သွားပါပြိ။ နောက်တော့ ဆွေမျိုးတွေကို
မပြောရရင်မနေနိုင်တော့ ရန်ကုန်ပြန်သွားတယ်။ ကျမ်းစာကျောင်းတက်တယ်။ အခု
အမှုဆောင်နေပါတယ်။ အသင်းတော်နဲ့ပတ်ဝန်းကျင်ကတော့ ဆရာဇော်ဇော်လို့ ခေါ်ကြတယ်။
ခင်မင်ရင်းနှီးသူတွေက ကိုဇော်ဇော် လို့ခေါ်တယ်။ ယခင် မွတ်ဆလင်နံမည်ကတော့ အယွန်ဆန် ၊
ယခင်ဘဝကတော့ ဖိုးဖော်၊ ငဇော် .. လို့ခေါ်ကြပါတယ်။
သက်သေခံချက် ကြားသူများအပေါ် ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။ အာ မင်။
- 7. Page 6
ဆရာမ ဒေါ်ချောချောဦး
ကျမဟာ ဂေါ်ရခါး လူမျိုး ဖြစ်ပါတယ်။ သေရင်ဘယ်ရောက်မလဲ ..ဆိုတဲ့ မေးခွန်း
..ကျမငယ်စဉ်ကတည်းက ဒီမေးခွန်းအဖြေကို လိုက်ရှာပါတယ်။ တနေ့တော့ လူသေများအကြောင်း
အဖေရဲ့စာအုပ်ဖတ်ပြီး တညလုံး အိပ်မပျော်တော့ပါဘူး။ နောက် အဖေကို သေပြီးရင်ဘယ်ရောက်မလဲ
မေးကြည့်တော့ ..အဖေက လူကြီးစာအုပ်ကိုဘာလို့ဖတ်သလဲ..ဆိုတာပဲ ရပါတယ်။ အမေ့ကို
မေးတော့ ကောင်းတာလုပ်ရင် ကောင်းရာရောက်မှာပေါ့...ဆိုတဲ့အဖြေကို ရပါတယ်။ ကောင်းမှုတခု
နေ့စဉ်ပြု ဆိုတဲ့အတိုင်း ကောင်းမှုတွေလုပ်မယ် လို့ ဆုံးဖြတ်ပါတယ်။
၂၀၀၀ ခုနှစ်မှာ ယေရှုသင့်ကိုချစ်တယ် ဆိုတဲ့ စကားကို စတင်ကြားခဲ့ပါတယ်။ ဘုရားကျောင်းသွားဖို့
ခေါ်တော့လည်း ခေါင်းမာတယ်ပြောချင်ပြော ကျမမသွားပါဘူး။ ခရစ်ယန်တွေက အရမ်း
သက်သေခံကြတယ်။ မကြိုက်ပါဘူး။ ကျမ ဘယ်လောက်ကောင်းတာတွေ လုပ်ပါစေ၊ ကျမဟာ
မကောင်းဘူး၊ ငရဲရောက်မှာပဲ ဆိုတာ ပိုသိလာပါတယ်။ ယေရှု ငါ့ကိုချစ်တယ် ဆိုတာ စဉ်းစားရင်း
ဘာကြောင့်ချစ်ရသလဲ အဖြေရှာပါတယ်။ ယေရှုရဲ့ ချစ်ခြင်းမေတ္တာတွေ ဘုရားဟာ ကောင်းမြတ်တယ်
ဆိုတာတွေကို စဉ်းစားရင်း တရက်မှ ငြိမ်သက်ခြင်း မရခဲ့ပါဘူး။ ယေရှုရဲ့ ချစ်ခြင်းမေတ္တာကြောင့်
ကျမတို့အပြစ်တွေအတွက် လက်ဝါးကပ်တိုင်မှာ အသေခံတာကို ခံစားရနိုင်လာပါတယ်။
ငြိမ်သက်ခြင်းကို ခံစားလာရပါတယ်။ တမလွန်ဘဝအတွက် စိတ်ချမှုရှိလာပါတယ်။ ယေရှုရဲ့
ကောင်းမြတ်ခြင်း၊ ချစ်ခြင်းမေတ္တာတွေကို လိုက်လံပြောပြလာပါတယ်။
- 8. Page 7
လူတွေကို ဆင်းရဲဒုက္ခ သံသရာထဲက လွတ်မြောက်အောင် ပြောပြနေတယ်ဆိုတာ လက်မခံပါဘူး။
ထောက်လှမ်းရေးကလား လို့ သံသရဖြစ်ခြင်း ခံရပါတယ်။ စစ်ဆေးမေးမြန်းခံရပါတယ်။
စောင့်ကြည့်ရင်း နောက်ပိုင်းမှာတော့ ရပ်ကွက်ကလဲ လက်ခံလာခဲ့ပါတယ်။ တခါလည်း
မိန်းကလေးတဦးကို ကယ်တင်ခဲ့ပေမဲ့ သူမက မပြောင်းလဲတဲ့အပြင် ကျမကို လူကုန်ကူးတယ်ဆိုပြီး
တိုင်ပါတယ်။ ကျမ မျက်ရည်ကျခဲ့ရပါတယ်။ ကျမရဲ့ ဝိညာဉ်ဖခင် ဆရာခင်မောင်မြင့် နဲ့
ဆရာခင်မောင်သိန်း တို့က ရပ်ကွက်လူကြီးများကို လိုက်လံရှင်းလင်းပြလို့ လွတ်မြောက်ခဲ့ရပါတယ်။
ကျမကို တခြားသူများက နှစ်သိမ့်မှုများ ပေးဖို့မျှော်လင့်နေချိန်မှာ နိုင်ငံခြားက ဖုန်းဝင်လာပါတယ်။
ကင်ဆာရောဂါနဲ့ သေဖို့ပဲရှိတဲ့ တယောက်ကို သွားရောက်ဆုတောင်းပေးဖို့ တောင်းဆိုတဲ့
ဖုန်းဝင်လာတာဖြစ်ပါတယ်။ တကယ်ပဲ အဆုပ်ကင်ဆာ ရောဂါနဲ့လူကို ဆုတောင်းပေးခဲ့ပါတယ်။
နှစ်သိမ့်ပေးခဲ့ပါတယ်။ နောက်တနေ့မှာ အဲဒီလူက ရောဂါသက်သာလာကြောင်း ပြောပြလို့
အံ့သြမိပါတယ်။
လူမျိုးပေါင်းများစွာ ပြည်နယ်တိုင်း ၁၃ခုမှာ လှည့်လည် ဧဝံဂေလိ လိုက်လံဝေငှပါတယ်။ ကယ်တင်ခြင်း
သင်တန်းများကို ပေးပါတယ်။ ကယ်တင်ခြင်း ရသွားတဲ့လူတိုင်းကို ခရစ်ယာန်အသက်တာ ရရှိဖို့
ဆက်လက်သင်တန်းပေးနေပါတယ်။ ကျမလိုပဲ ကယ်တင်ခြင်းလိုအပ်နေသူတွေ မြောက်များစွာ
ရှိနေလို့ ကယ်တင်ခြင်းရရှိဖို့ လိုက်လံပြောကြားနေပါတယ်။ ဆရာမတွေ မြောက်များစွာ
ဟောပြောနိုင်ပါတယ်။ သူတို့ ကျမထက် အဆများစွာ ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့
နှလုံးသားနဲ့ ကျမနှလုံးသား ထပ်တူကျလာအောင် ဘုရားသခင်ပဲ တတ်နိုင်ပါတယ်။
ကယ်တင်ခြင်းဝေငှပြီး တပည့်တော်မွေးထုတ် သူတို့ဖာသာ ရပ်တည်နိုင်အောင် ပျိုးထောင်လိုပါတယ်။
မြန်မာတပြည်လုံးမျာလည်း ကျောင်းမတတ်နိုင်တဲ့ ကလေးများစွာ ရှိပါတယ်။ မိသားစုအနေနဲ့
ပညာသင်ပေးမယ်၊ ကျောင်းထားပေးမယ်၊ ဝိညာဉ်ရေးလဲ သင်ကြားပေးမယ်၊ ရူပါရုံဖြစ်ပါတယ်။
ဒီနေ့ ကျမရဲ့ သက်သေခံချက်ကို နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- 9. Page 8
ဆရာကျော်ကျော်လိုင်
လိင်တူဘဝမှာနေရင် HIV ရ၍ လွှတ်မြောက်လာသော ဆရာကျော်ကျော်လှိုင် ရဲ့သက်သေခံချက်
အားလုံးပဲ မင်္ဂလာပါ။ ဂေးဘဝမှာ ဘီယာဘားတခုမှာ ဘားကောင်တာထိုင် အလုပ်လုပ်ခဲ့ပါတယ်။
အလုပ်လုပ်ရင်း နိုင်ငံခြားသားတွေလဲ လာတယ်။ လိင်တူများကို ချိတ်ဆက်ပေးရပါတယ်။ ကျနော်ဟာ
ခရစ်ယန်တယောက်မဟုတ်ပါဘူး။ ငယ်တုန်းကတော့ လီစူး ခရစ်ယာန်များနဲ့ ပေါင်းသင်းခဲ့ပါတယ်။
အမျိုးတွေထဲမှာလဲ ဘုန်းကြီးတွေ ရှိပါတယ်။ ၁၀တန်းအောင်ပီး စစ်တပ်ထဲ ရောက်သွားပါတယ်။
ပွင့်ဖြူမြို့ဘက်မှာ လူတချို့ ငြိမ်ဝပ် ဆိုတဲ့သီချင်းနဲ့ ဆုတောင်း၊ ချီးမွမ်း နေကြပါတယ်။ ကျနော်
ရပ်ပြီးနေမိတယ်၊ ဆက်မသွားနိုင်ဖြစ်ပြီး ယေရှုအကြောင်းကို လေ့လာချင်လာပါတယ်။ နောက်
အသင်းတော်တခုမှာ ဆရာ၊ ဆရာမတွေနဲ့ တွေ့ပြီး ယေရှုအကြောင်း ပြောပြပါတယ်။ ယေရှုကို
စတင်သိလာခဲ့ရပါတယ်။
အမေ့ကို ဘာသာပြောင်းဖို့ ခွင့်တောင်းတော့ အမေက နင်က ဒီဘာသာနဲ့ပဲနင်ဘဝဖြစ်လာရတယ်
ပြောပြီး ခွင့်ပြုခဲ့ပါတယ်။ ရန်ကုန်ရောက်လာပြီး လသာလမ်းက ကာလီဖိုးနီးယား ကော်ဖီဆိုင်မှာ
၆နှစ်အလုပ်လုပ်ခဲ့ပါတယ်။ ကိုးရီးယားသွားဖို့ ငွေစိုက်ပေးတဲ့ သူငယ်ချင်းပေါ်လာတာကြောင့်
ပုဇွန်တောင်က မိုးသီးဆေးခန်းမှာ ဆေးစစ်တော့ HIV ရှိတယ်ဆိုတာ သိလိုက်ပါတယ်။
အလွန်စိတ်ဓါတ်ကျဆင်းခဲ့ရပါတယ်။ သေချာအောင် ၄ခါ ၅ခါလောက် ထပ်စစ်ကြည့်ပေမဲ့ အမြဲတမ်း
HIV ရှိတယ်လို့ ရလဒ်ပြပါတယ်။ ကာလသားရောဂါပိုးနဲ့ HIV ရောဂါဖြစ်နေတော့ လောကကြီးမှာ
မနေချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မောင်နှမတွေနဲ့ ကလပ်တွေတက်တယ်၊ နောက်နေ့ဆို
မိမိကိုယ်သတ်သေဖို့ မသေချင် စေတီတခုကို သွားဆုတောင်းချင်ပေမဲ့ ဆုတောင်းပြည့်မှာ
- 10. Page 9
မဟုတ်လို့ဆေးသောက်လိုက်ပါတယ်။ အိပ်တယ်။ မနက်တော့ ထုံထိုင်းပြိး မသေသေးပေမဲ့
ကော်ဖီဆိုင်ကိုပြန်တယ်။ ဆိုင်ကမိတ်ဆွေတွေက အဆိပ်ပြေအောင် ဝိုင်းလုပ်ပေးကြတယ်။
နောက်တော့ စိတ်ပြေလက်ပျောက် အလုပ်မလုပ်တော့ပဲ ထွက်သွားချိန် လောင်းကစားနဲ့အကြွေးတင်၊
ယာဉ်ထိခိုက်မှုနဲ့ ခြေထောက်မသွားနိုင်ဖြစ်ပါတယ်။ စိတ်ဓါတ်အကျကြီး ဖြစ်နေချိန် ...
ဆာငတ်နေသောနှလုံးသား .. ဆိုတဲ့ သီချင်းခွေကို နားထောင်တယ်။ နောက် ဆရာဒေးဗစ်လား
တရားပွဲနောက်ဆုံးနေ့ ပါဝင်ပြီး စိတ်ဓါတ်ပြန်တက်လာခဲ့ပါတယ်။
နောက်အလုပ်ကတော့ ဘားတခုမှာ မန်နေဂျာ လုပ်ရင်း ခရူးဆိတ်မှာ နိုးထမှုတွေ အရမ်းဖြစ်ခဲ့တယ်။
HIV နဲ့ပတ်သတ်တဲ့ဆေးတွေ အဆက်မပြက်သောက်နေရချိန် အကုန်ဖြတ်လိုက်ပြီး အနာရောဂါကို
ပျောက်ပီလို့ ခံယူလိုက်ပါတယ်။ နောက်တော့ ကျမ်းစာကျောင်းတက်ဖို့ ဖြစ်လာပါတယ်။
ကျမ်းစာကျောင်းတက်ရာမှာ ထောက်ပံ့သူဟာ ဗမာလူမျိုး ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ၂၀ကြိမ်မြောက်
ကျမ်းစာကျောင်းတက်ချိန် အကြိမ်ပေါင်းများစွာ ဝေငှရပါတယ်။ အားလုံးလဲ ပြောင်းလဲကြပါတယ်။
ကျမ်းစာကျောင်းမှာ ခါးတွေ အရမ်းနာလာလို့ မခံနိုင်တာနဲ့ အိမ်ပြန်လာခဲ့ရပါတယ်။
ထွက်ခွာလာခဲ့ရတယ်လို့ပဲ မှတ်ယူပေမဲ့ .. အိမ်ပြန်ရောက်ပြီး၊ လူများကို ဝေငှရင်း ကျမ်းစာကျောင်းကို
ပြန်သွားနိုင်ပါတယ်။ ဆရာဝန်ရဲ့အဖြေကတော့ ကျနော့်ခန္တာမှာ ရောဂါမပျေက်သေးပါဘူး။
ဆရာဝန်တွေက ပြောဆိုပြီး ဆေးစားဖို အားပေးကြပါတယ်။ ခေါင်းမာတာတော့ မဟုတ်ပေမဲ့
ဆေးမသောက်ချင်တော့ပါဘူး။ ကျမ်းစာကျောင်းပြီးတော့ ရန်ကုန်လာပါတယ်။ ဖူးဂေါ်စပယ် Full
Gospel က ဂန့်ဂေါဘက်ကို အမှုတော်ထမ်းဖို့ စေလွှတ်ပါတယ်။ အခုအထိ ကျန်းမာစွာ ရှိနေခြင်းကို
ကျေးဇူးတော် ချီးမွမ်းပါတယ်။
ကျနော့်ရဲ့ ခံယူချက်ကတော့ ဂေး လို့ခေါ်တဲ့ မိန်းမရှာ လိင်တူဆက်ဆံခြင်း ဝိညာဉ်ဆိုးထဲမှာ
မလွတ်မြောက်နိုင်တဲ့လူတွေအတွက် ဝန်တာရှိပါတယ်။ တချို့ တကယ့်ယောင်္ကျားကြီး၊ အိမ်ထောင်၊
သားသမီးရှိပေမဲ့ မလွတ်မြောက်နိုင်သူများအတွက် လွတ်မြောက်စေဖို့ ..ဆုတောင်းပေးကြပါ။
ကျနော့်အသက်တာမှာ သေမယ်ဆို သေနိုင်ပါပြီ။ ဒါပေမဲ့ အခုချိန်ထိ မသေသေးတာ ဒီ HIV
ရောဂါရှင်တွေအတွက် ကူညီဖို့၊ လွတ်မြောက်ဖို့ အသက်ရှင်ရတယ်ဆိုတာ သိလာခဲ့ပါတယ်။
ဧဝံဂေလိလုပ်ဖို့ ဘုရားအသံနဲ့ခေါ်ခြင်းခံရတယ်။ အပြန်ကားပေါ်မှာ ငိုတယ်။ အချိန်တွေ
အများကြီးကုန်ခဲ့တယ်။ ငွေနောက်လိုက်နေခဲ့တယ်။ ကျမ်းစာကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လိင်တူအကြောင်း ပြောပြနိုင်မလား ..
ဖြေ။ ရပါတယ်။
- 11. Page 10
ရန်ကုန်ကို အဆိုတော်ဖြစ်ချင်လို့ လာရင်း စားသောက်ဆိုင်မှာအလုပ်လုပ်တယ်။ အလုပ်ပြုတ်သွားပြီး
ဦးတည်ရာမဲ့ဖြစ်နေချိန် လူတယောက်က မိတ်ဖွဲ့ပြီး သူ့အိမ်ခေါ်သွားတယ်။ အဲဒီလူနဲ့
တလလောက်နေပြီး သူဟာ လိင်တူ သမားတယောက်ဆိုတာသိရတယ်။ ဆက်ဆံဖြစ်ပါတယ်။
နောက်တော့ ဘီယာဆိုင်တွေမှာ အလုပ်ဆက်လုပ်ပြီး ဂေး တွေကို ချိန်ဆက်ပေးရင်း၊
နိုင်ငံခြားသားတွေလဲ ဆက်ဆံမိပါတယ်။ ဒါကြောင့်ပဲ HIV ရောဂါရလာတယ်လို့ ယူဆပါတယ်။
တချို့လည်း ပိုက်ဆံကြောင့် လိင်တူလောကထဲ ရောက်ပေမဲ့ တချို့ကလဲ ဝါသနာပါလို့
ရောက်ပါတယ်။
ဂေး ဖြစ်နေသူများ လွတ်မြောက်ချင်နေသူတွေ များစွာရှိပါတယ်။
ဘယ်လိုထိုးဖေါက်မလဲ ဆိုတော့ ယေရှုကို လက်ခံရင်၊ ယေရှုကို ရရင် ဒီရောဂါ၊ ဒီလိင်တူ ဘဝကနေ
လွတ်မြောက်မှာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ လုပ်ချင်တဲ့ စိတ်တွေ ရှိလာပေမဲ့ ယေရှုကို ရရင်
ဒီလို ဂေးတွေ ဘဝက လွတ်မြောက်မှာ ယုံကြည်ပါတယ်။
HIV ဖြစ်တဲ့လူတွေကို အားပေးစကား ပြောချင်ပါတယ်။ ခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တဲ့
ဒဏ်ချက်တော်ဟာ ကျနော့်ကို ဒီရောဂါက ပျောက်စေတာ ဖြစ်ပါတယ်။ ယေရှုအားဖြင့် ဆေး
ဘာမှမသောက်ပဲနဲ့ ၄နှစ်တာအောင် ရောဂါမရှိပဲ ကျန်းမာစွာ ရပ်တည်နေခြင်းဟာ
ယေရှုကြောင့်ဖြစ်ပါတယ်။ ဂေး ဆိုတာလဲ စာတန်က လိင်ပိုင်းဆိုင်ရာနဲ့ ဝါးမြိုထားတဲ့
ပျောက်ဆုံးဝိညာဉ်တွေ ဖြစ်ပါတယ်။ သူတို့အတွက် ဒီနေရာကနေ ဆုတောင်းပေးကြဖို့
မေတ္တာရပ်ခံပါတယ်။
မုရန်..၊
by Sia Sian
https://www.youtube.com/watch?v=h4ZCY5h6Bes
- 12. Page 11
အစားကြူးခြင်းသည်အပြစ် Seven Deadly Sins (by Bily Graham)
အင်မတန် အင်အားကြီးသော ရောမနိုင်ငံတော်ကြီး ပျက်စီးခဲ့ရသော အကြောင်းရင်းကို
သုံးသပ်ထားသည့် စာအုပ်ထဲမှာ မထင်မှတ်သောအကြောင်းကို တွေ့ရပါသည်။ ရောမ အင်ပါယာကြီး
ကျဆုံးရသည်မှာ (၁) အစားကြူးခြင်း (၂) သေရည်သေရက်သောက်ကျူး ခြင်း (၃)
ကိုယ်ကျင့်တရားဖောက်ပြန်ခြင်း ..ကြောင့် ဖြစ်ပါသတဲ့။
ရောမနိုင်ငံသားတို့သည် မိမိ၏ သွေးများအားဖြင့် မိမိသေတွင်း (သချို င်္င်း) ကို တူးခဲ့ကြပါသတဲ့။
မတရားသော မေထုန်နဲ့ မိမိတို့နိုင်ငံကို ပျက်စီးစေခဲ့သလို မိမိတို့တိုင်းပြည်ကိုလဲ အရက်နဲ့
နှစ်မြှတ်ပစ်ခဲ့ကြပါသတဲ့။ ရောမသားတို့သည် စားကောင်းသောက်ဖွယ်များ အဝစားပြီး ဗိုက်ပြည့်လျင်
ပြူတင်းပေါက်ဆီသို့ သွားကာ အန်ထုတ်သည်။ တဖန်ပြန်လာ၍ စားပြန်သည်။ တမျိုးသားလုံး
အစားကျူးကြသည်။ အသောက်ကျူးကြသည်။ အပျော်ကျူးကြသည်။ သည်လိုနှင့် ရောမနိုင်ငံတော်
ကျဆင်းသွားခဲ့ရပါသည်။
.
Eat, drink, and merry: for tomorrow we die ဟူ၍ စကားပုံထားခဲ့ပါသည်။ စားပါ၊ သောက်ပါ၊
ပျော်ရွှင်ပါ၊ နက်ဖြန် ငါတို့သေဖို့ရာ ဟူသော အဓိပ္ပါယ် ရှိပါသည်။ ဝဝစား၍ ကားကားသေ ဟူသော
မြန်မာစကားပုံလိုပေါ့လေ။ တကယ်ပဲ အဲသလို ဖြစ်ခဲ့ပါသည်။
- 13. Page 12
သောက်ကျူးသောသူနှင့် စားကျူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကျူးသော
လူသည် အဝတ်စုတ်နှင့် ခြုံတတ်၏ (သု ၂၃း၂၁)။ ယနေ့ကာလတွင် စားစရာများစွာကို
တွေ့နိုင်ပါသည်။ အစားကျူးသောသူများ ဖြစ်လာရန်လည်း ဆွဲဆောင်ကြပါသည်။ ဗိုက်ပူနေသော
အမျိုးသားများ၊ ဝဝဖီးဖီး အမျိုးသမီးများ၊ စည်ပိုင်းနှင့်တူသော ကလေးငယ်များကို တွေ့လာရပါသည်။
.
ငါရှိတာ ငါစားတာ ဘာဖြစ်လဲ၊ တခါပဲ အသက်ရှင်မယ်၊ ကြိုက်သလိုနေမယ် ဟူသည့်
အသက်ရှင်ခြင်းကိုဘုရားလဲ မနှစ်သက်ပါ။ ဘာသာတရားများနှင့် လောကနိတိများတွင်
အစားကျူးခြင်းကို အကြိမ်ကြိမ် သတိပေး၍ တားမြစ်ပါသည်။ အစားကျူး၍ သေကြရသောသူများစွာ
ရှိပါသည်။ မိမိအစာကို သူ့တပါးအား ဝေမျှ၍ ကောင်းသောအသက်ရှင်ခြင်းကို အမွေခံကြရပါမည်။
စပါးသီးနှံသားငါး ကြွယ်ဝလှသော မြန်မာနိုင်ငံ
အားလုံး အကောင်းဆိုလျှင် နိုင်ငံခြားပဲတင်ပို့သောကြောင့် ပြည်သူများ အစားကျူးရန် မရှိပါ။
အစိုးရခေါင်းဆောင်များအတွက်သာ Seven Deadly Sin ကို သင်တန်းပေးနေသည်ဟု သိရပါသည်။
အနာဂါတ်ကြယ်ပွင့် လူငယ်များအတွက်လဲ အသုံးကျသော (၇)ချက် ဖြစ်ပါသည်။
တရုပ်ပြည်၊ ဗီယက်နမ်ပြည်တို့တွင် မြန်မာနိုင်ငံကဲ့သို့မဟုတ်ပါ။ လူတိုင်း မိမိလုပ်ခဖြင့်
တိုက်တာနေအိမ်၊ ကားများ ဝယ်မစီးနိုင်သော်လည်း မိသားစုအတွက် သားငါးများ၊ သီးနှံများ
ဈေးနှုန်းသက်သာစွာ ဝယ်စားနိုင်ကြပါသည်။ မြန်မာနိုင်ငံသည်လည်း နောင်(၅)နှစ်အကြာတွင်
အလားတူ အဟာရပြည်ဝစွာ မြန်မာနိုင်ငံသားများစားသောက်ရမည့် အချိန်နီးလာပီဖြစ်သည်။
သို့သော် ..အုပ်ချုပ်သူ နိုင်ငံခေါင်းဆောင်များအတွက် အစားကျူးခြင်းကိုလည်း ဆင်ခြင်ကြရပါမည်။
အင်ဒိုနီးရှားနိုင်ငံ အရပ်သားသမ္မတ ဂျိုကိုဝီရန်တို တာဝန်ယူသည်နှင့် အစိုးရအရာရှိကြီးများ
အစည်းအဝေးများအတွက် နိုင်ငံခြားမှ လေယာဉ်ဖြင့် အစားအသောက် မှာယူစားခြင်းဓလေ့ကို
ဦးစွာရပ်တံ့စေခဲ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၆၂ စစ်အာဏာသိမ်းခေါင်းဆောင်သည်
အစားကျူးခြင်းမှအစ Seven Deadly Sins များကို လွန်ကျူးသော ခေါင်းဆောင်ဖြစ်သောကြောင့်
မြန်မာနိုင်ငံသည် နှစ်၅၀အတွင် အာရှထိပ်တန်းနိုင်ငံမှာ ဘိတ်ဆုံးနိုင်ငံ ကမ္ဘာ့ ဆင်းရဲမွဲတေဆုံး
နိုင်ငံအဖြစ် ဝမ်းနည်းစွာ ရောက်ရှိခဲ့ရပါသည်။
.
.
- 14. Page 13
အင်ပါယာများ ရှင်သန်ခြင်း
ရောမအင်ပါယာ၊ ဗြိတိသျှအင်ပါယာ၊ အမေရိကန်အင်ပါယာ၊ တရုပ်အင်ပါယာ၊ ..စသဖြင့်
အင်ပါယာများစွာ ရှိသည်။ မြန်မာအင်ပါယာလဲ ပါဝင်သည်။
(Ref: http://murann.com/stories/empire.myanmar.htm )
မြန်မာအင်ပါယာသည် မကြီးကျယ်သော်လည်း တောင်ကိုးရီးယား၊ စင်ကာပူ ကဲ့သို့ စံပြနမူနာ
ဖြစ်စေသည်မှာ မြန်မာတိုင်းရင်းသားအားလုံးတို့ စိတ်ဆန္ဒရှိကြပါသည်။ ယခုအခါ ကမ္ဘာ
့အဆင့်ခေါင်းဆောင် World Class Leader ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက
နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ရွေးချယ်ထားရာ မြန်မာတပ်မတော်ကလည်း လက်ခံပြီး
ညွန့်ပေါင်းအစိုးရ အဖြစ် (၅)နှစ် အုပ်ချုပ်ကြမည်။ နိုင်ငံအစိုးရ ထိပ်တန်းခေါင်းဆောင်များသည်
အပြစ်ကြီး (၇)ခုကို ရှောင်ကျဉ်ကြရန် လူငယ်များ၊ မီဒိယာများက ပံ့ပိုးကူညီကြပါမည်။ နာမည်ဆိုးဖြင့်
ကျော်ကြားခဲ့သော မြန်မာစစ်အာဏာရှင်အစိုးရ နာမည်ကောင်းဖို့ အခွင့်လမ်းရပြီ ဟုဆိုနိုင်ပါသည်။
.
ဒီမိုကရေစီ စံပြ နှစ်ပေါင်းထောင်ချီ ရှင်သန်ခဲ့သော ရောမအင်ပါယာကြီး အစားကျူးခြင်းကြောင့်
ကျဆုံးသွားရခြင်းမှ အပြစ်ကြီး (၇)ပါးကို သတိရမိပါသည်။
.
Seven Deadly Sins ,..
အပြစ်ဟုမသတ်မှတ်သော ကြီးမားသည့်အပြစ်ကြီးများ ....
သင်္ကန်းကျွန်းမှ စာရေးဆရာ စောဆာဒဲမူး ဘာသာပြန်သော ဘီလီဂရေဟမ်၏
သေစေနိုင်သောအပြစ်ခုနှစ်ပါး စာအုပ်ငယ်ကို ဖတ်ရှုရပါသည်။ စာရေးသူ စင်ကာပူမှ WEFC.org.sg
အပတ်စဉ်တရားဟောချက်တွင်လဲ Respectable Sins ဆိုပြီး အပြစ်လို့တောင်မထင်မှတ်တဲ့
ကြောက်စရာကောင်းတဲ့အပြစ်ကြီးများကို နားဆင်လေ့လာခဲ့ရဖူးပါတယ်။ တစ်ခုစီအကြောင်း
တင်ပြလိုပါတယ်။
.
.
မြန်မာလူငယ်များအတွက် အနာဂါတ်ထွန်းလင်းတောက်ပြောင်ရန်
ငွေကြေး၊ဝတ္တုပစ္စည်းများမဟုတ်ကြောင်း လမ်းပြမည့် အစိုးရသစ် ဒေါ်အောင်ဆန်းစုကြည်
အင်အယ်ဒီနှင့် တပ်မတော် ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာပြီဖြစ်သည်။
လူ့ဘောင်လောကတွင် လူဆိုးလူမိုက်၊ သူခိုး၊ ဓါးပြ၊ ထိုးကြိတ်ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်း၊
ပြည့်တံဆာ၊ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ စသည့် ရာဇဝတ်မှုများကို မကောင်းမှု ဒုစရိုက်၊
စာရိတ္တပျက်စီးခြင်းသည်ဟု ဆိုကြသည်။
- 15. Page 14
သို့သော် ..အထက်ပါတို့ထက်ဆိုးဝါးသော အပြစ်ကြီးများ Seven Deadly Sins ကို
နိုင်ငံခေါင်းဆောင်များက ကြူးလွန်ပါက တိုင်းပြည်ပျက်ပါသည်။
Seven Deadly Sins အပြစ်ဟုထင်စရာမရှိသော အပြစ်ကြီး (၇)ခုမှာ
၁။ Lust တပ်မက်စွဲလမ်းခြင်း (လိင်၊ ကာမဂုဏ်)
၂။ Envy ကျေနပ်ရောင့်ရဲမှုမရှိခြင်း၊ ငြူစူခြင်း၊ မနာလိုခြင်း (အာဏာ)...
၃။ Greed လောဘကြီးခြင်း (အဂတိ) .
၎။ Gluttong (excessive desire for food) အစားကျူးး ခြင်း
၅။ Wrath (Anger) ဒေါသကြီးခြင်း
၆။ Pride မာနကြီးခြင်း၊ ဟိတ်ဟန်
၇။ Sloth (Lazy) ပျင်းယိခြင်း၊ အိပ်လိုက်စားလိုက် နေတတ်သော အာဖရိကမှ Sloth သတ္တဝါ
မှီညမ်း။
စာရေးဆရာ ဆိုး (ညစဉ်ခွန်အား Feb 2016)
https://en.wikipedia.org/wiki/Seven_deadly_sins
Book: Seven Deadly Sins (by Bily Graham)
- 16. Page 15
ကျောက်တန်း တရားပွဲနှင့်အနာရောဂါကင်းခြင်း
လာရောက်တဲ့ မယုံကြည်သူတွေ အများကြီးပါပဲ။ ဘယ်သူက ဘယ်လိုပြောလိုက် သလဲတော့မသိဘူး၊
အနာရောဂါ ကင်းခြင်းအတွက် လာကြသူတွေ တော်တော်များတယ်..လေဖြတ်ပြိး လဲနေတဲ့
ဟိဒ္နြူဘာသာဝင် အဖိုးကြီးတစ်ယောက်ကိုပါ ခေါ်လာပြီး ..ဆရာ.. သူကိုကောင်းသွားအောင်
လုပ်ဖို့ပါပဲ။ ဒါမှမဟုတ်ရင်တော့ ...ခေါ်လာတဲ့ ကျွန်တော်တော့ မလွယ်တော့ဘူး ဆရာရေ...လို့
လာပြောထားခံရတာလဲရှိတယ်။ ဟန်ကိုယ့်ဖို့ ထိန်းထားရတယ်။ တရားပွဲမစခင် ဘုရားသခင်ကိုကို
အရမ်းဒူးထောက် ဆုတောင်းရတယ်။ လူနာအတွက် မဟုတ်ဘူး။ ဘုရားသခင် ကျွန်တော့်ကို
သုံးဖို့အတွက်ပါ။ ဆုတောင်းချက် ပြည့်ဝပါတယ်။ လေဖြတ်နေတဲ့ လူ ထပြီး လမ်းလျှောက်
ပါတော့တယ်။ အဲဒိတော့မှ ဘုရားကျေးဇူးတော်ကို အရမ်းချီးမွမ်းရတယ်။
တကယ်တော့ ကျွန်တော်က ဘာမှမဟုတ်တဲ့လူတစ်ယောက်ပါ။ အထင်ကြီးစရာ လုံးဝမရှိပါဘူး။
ဘုရားအသုံးချလို့သာ စင်ပေါ်ရောက်နေတာပါ။ ဒီလိုပြောလိုက်လို့ အထင်သိပ်သေးစရာတော့
မလိုဘူးပေါ့။ (ရယ်သံများ)
ဒီတစ်ခေါက်တော့ လေဖြတ်သူ ပြန်ထလမ်းလျှောက်လို့ဆိုပြီး နောက်တပွဲမှာ
လေဖြတ်လို့လဲနေသူတွေ အများကြီးရောက်လာကြတယ်။ အဲဒီပွဲမှာတော့ တစ်ယောက်မှ လဲနေရာက
ပြန်မထဘူး (ရယ်သံများ)။
- 17. Page 16
ဘုရားမျက်မှောက်တော် မပါပဲ ဘုရားတန်ခိုးတော်ပဲ အားကိုး မာနကြီးနေဖို့မလိုပါဘူး။ ဘုရားက
အနာရောဂါကင်းခြင်းကို အမြဲတမ်းပေးမှာ မဟုတ်ပါဘူး။ ဘုန်းတော်ထင်ရှားစေဖို့အတွက်
တစ်ခါတစ်လေ အနာရောဂါကင်းခြင်းများ ဘုရားလုပ်ပေးမှာဖြစ်ပါတယ်။
ခရစ်ယာန်တွေကြားမှာ ကြောက်စရာအကောင်းဆုံး မာနက ဘာလဲဆိုတော့ .....
ဝိညာဉ်မာန...ဖြစ်ပါတယ်။
ကျမ်းပိုဒ် ၁ကော်၁၅း၅၇
ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏
ကျေးဇူးတော်သည် ကြီးလှစွတကား။ ပျဉ်ဥိးလွင်မြို့ ဇန္နဝါရီလ ၂၀၁၅
https://www.youtube.com/watch?v=8MKiw1AIwZg
- 18. Page 17
ဤလောက၏မျှော်လင့်ရာ - ယေရှုJesus ... The Hope of the World
ဒီနေ့ည ယေရှုခရစ်တော်အကြောင်း ပြောချင်ပါတယ်။ ယေရှုခရစ်တော်ဟာ ဘယ်သူဖြစ်တော်မူသလဲ
မေးခွန်းကို မေးလိုပါတယ်။ ကျွန်တော်တို့ အများမှာ ဖောင်းကြွနေတဲ့ လက်ဝါးကာတိုင်များပါတဲ့
ကျမ်းစာအုပ်တွေ ရှိကြပါတယ်။ ဒါမှမဟုတ် လက်ဝါးကားတိုင်ကို လည်ပင်းမှာ
ဆွဲထားတတ်ကြပါတယ်။ ဒါပေမဲ့ သခင်ယေရှုကို အမှန်တကယ်မသိကြပါဘူး။
သင်ဟာ ဘရာဇီးနိုင်ငံ ရီယီုဂျေနဲရိုးမြို့ကို လေယာဉ်နဲ့သွားဖူးတရင် ကြီးမားတဲ့ ယေရှုရုပ်ထုကြီးကို
တွေ့ရပါမယ်။ အဲဒီရုပ်ထုက နေ့ရော၊ ညရော တွေ့နိုင်တဲ့ မြို့ရဲ့ အထင်ကရ
အမှတ်အသားဖြစ်ပါတယ်။ အမြင့်ပေ ၁၃၀ ရှိပြီး ဘေးဆန့်ထုတ်ထားတဲ့ လက်နှစ်ဖက်အရှည်က
ပေ၁၃၀ ရှိပါတယ်။ ဒီတိုင်းပြည် တီဗွီမှာ သခင်ယေရှုအကြောင်း အခန်းဆက် အစီအစဉ်တခု
တင်ဆက်ကြပါတယ်။ ကျွန်တော့် သမီးကလဲ "ကျွန်ကကို ယေရှုသာပေးပါ" (Just Give Me Jesus)
ဆိုတဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေပြီးပါပီ။ "သခင်ယေရှု ဘာလုပ်မည်နည်း"
ဆိုတဲ့မေးခွန်းကိုလည်း လူငယ်များကြားမှာ မေးမြန်နေကြပါတယ်။
- 19. Page 18
လူတိုင်းနီးပါး သခင်ယေရှုအကြောင်း ကြားဖူးကြပါတယ်။ ဒါပေမဲ့ သန်းပေါင်းများစွာ လူသားတွေက
ကိုယ်တော်ဘယ်လိုလူ ဖြစ်တယ်ဆိုတာ မသိကြပါတယ်။ သူတို့ရဲ့ နှလုံးသားထဲမှာ ကိုယ်တော်မရှိပါ။
ယနေ့ ဒီလောကကြီးက ကျွန်တော်တို့ကို ကယ်မဲ့ မေရှိယကို ရှာဖွေလျှက်ရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပရောဖက် ယေဇတျေလက "ထိုပြည်ကို ငါမဖျက်ဆီးစေရန်
ကွယ်ကာသောသူ၊ မြို့ရိုးပျက်ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့" (ယေဇ
၂၂း၃၀) လို့ရေးထားပါတယ်။ တနည်းအားဖြင့် ကိုယ်တော်ဟာ လက်တော်တင်ပြီး ကောင်းကြီးပေး
အသုံးပြုမဲ့ လူတစ်ဦးကို ရှာဖွေနေပေမဲ့ ရှိသမျှစွန့်ပီး မိမိအသက်တာကို ကိုယ်တော်ထံ
လုံးဝအပ်နှံချင်သူ တယောက်မှ ရှာမတွေ့ ..လို့ ဆိုလိုပါတယ်။
သတင်းစားတွေ၊ ရုပ်သံ သတင်းတွေမှာ ယနေ့ကမ္ဘာကြီးက အာမေဂဒုံစစ်ပွဲ Armageddon ဆီကို
အရှိန်အဟုန်နဲ့ ဦးတည်သွားနေတယ်လို့ ကျနော်ထင်ပါတယ်။ အရှေ့အလည်ပိုင်းမှာလဲ
တိုက်ခိုက်နေကြတယ်။ သဘောတူစာချုပ်တွေ ဂတိအမျိုးမျိုးတွေ ပြုနေပေမဲ့ တိုက်ခိုက်မှုတွေကို
မစွန့်နိုင်ကြပါတယ်။
လူဟာ ကျင့်ဝတ် မစောင့်စည်းနိုင်သူ၊ ကိုယ်ကျင့်တရား မထိန်းနိုင်သူဖြစ်ပါတယ်။ ဘုရားသခင် တခုပဲ
ကျနော်တို့ရဲ့ မျှော်လင့်ရာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်ရဲ့ အကြံစည်တော်မြတ်တွေကို
ဖေါ်ပြထားပါတယ်။ ကောင်းကင်ဘုံး ဘုရားသခင်ရဲ့ လင်္ကျာတော်ဘက်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တဦး
ရှိပါတယ်။ အဲဒီ ပုဂ္ဂိုလ် မြေကြီးအပေါ် ပထမဦးဆုံး ကြွလာတဲ့အခါ လူတွေက အထင်အမြင်သေး၊
လျစ်လျူ၊ ငြင်းပယ်ကြပါတယ်။ အခုထိတိုင် လူအများစုက ငြင်းပယ်ခံထားရဆဲ ဖြစ်ပါတယ်။
ကိုယ်တော်ဟာ အနာဂါတ် ဤလောကကို အုပ်ချုပ်မဲ့သူ ဖြစ်မယ်လို့ ဂတိပေးထားပါတယ်။
ခပ်သိမ်းသောသတ္တဝါတို့ဟာ ကိုယ်တော့်ရှေ့မှာ ဒူးထောက်ပီး ကိုယ်တော့နာမတော်ကို ဝန်ခံရမဲ့
တနေ့ ရောက်လာမယ် ဖြစ်ပါတယ်။ (ဖိ ၂း၁၀-၁၁)
ကျနော်တို့ဟာ ကိုယ်တော်ကို ရှောင်ဖယ်လို့မရပါ။ ကျနော်တို့ရဲ့ မျိုးဆက်ဟာ သခင်ယေရှုကို
ရှောင်ဖယ်မရပါ။ နှစ်ပေါင်းများစွာ သခင်ယေရှုအကြောင်း ပြဇတ်တွေ၊ စာအုပ်တွေ၊
အော်ပရာပြဇတ်တွေ၊ ရုပ်ရှင်တွေ ...များစွာ ရေးသားတင်ဆက် ပြသခဲ့ပြီးပါပြီ။ Newsweek နဲ့ U.S
News & World Report မဂ္ဂဇင်းတွေမှာ ကိုယ်တော့အကြောင်းပါပါတယ်။
"သခင်ယေရှုအဘယ့်ကြောင့် အသေခံသနည်း" ဆိုတဲ့ ခေါင်းစဉ်လဲ ပါလာပါတယ်။ ဘာကြောင့်
ယေရှုကို ဒါလောက်စိတ်ဝင်စားကြပါသလဲ။ လူ့သမိုင်းကို ပြောင်းလဲအောင် လုပ်ခဲ့တဲ့ ဒီပုဂ္ဂိုလ်
ဘယ်လိုလူပါလဲ။
- 20. Page 19
သူဟာ သုံးဆယ်သုံးနှစ်ပဲ ဤလောကမှာနေထိုင်ခဲ့ပါတယ်။ သူပြုခဲ့တဲ့ ခရီးလမ်းက မိုင်းတစ်ရာတောင်
မရှိပါဘူး။ သူဟာ လူထု သူရဲကောင်းတဦး ဒါမှမဟုတ် တော်လှန်ရေးသမားတဦး ဖြစ်မယ်။
သူ့ကို ဘုရားသခင်ရဲ့ သားတော်လို့ ခေါ်ဖို့ ကျနော်တို့ကို အမိန့်ပေးခဲတဲ့ ပုဂ္ဂိုလ်၊ သေတဲ့တိုင်အောင်
သူ့နောက်ကို လိုက်ဖို့ မိန့်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်။ ကျနော်တို့က သူ့ကို လူတစ်ယောက်အဖြစ်နဲ့ပဲ
သိခဲ့ကြပါတယ်။ "သူ့ကို မတရားသောသူတို့နှင့် ထပ်တူပြုသည်။ မတရားသောသူတို့အဝင်ဖြစ်သည်
ဟု ရေတွက်ကြသည် (ဟေရှာ ၅၃း၁၂)" နှုတ်ကပတ်တော်မှာ ရေးထားပါတယ်။ ဓမ္မသစ်ကျမ်းမှာ
ကိုယ်တော့်ကို လူသား လို့ ရှစ်ဆယ့်သုံးကြိမ်တိုင်တိုင် ခေါ်ဝေါထားပါတယ်။
ကိုယ်တော်ရဲ့ လူ့ဇာတိအကြောင့် ကျနော်တို့ကို သတိပေးတဲ့ ကျမ်းချက်ပေါင်းများစွာ ကျမ်းစာမှာ
ပါပါတယ်။ ကိုယ်တော်ဟာ ဗိုက်ဆာတယ်၊ မောပန်းတယ် လို့ ကျမ်းစာမှာ ပါရှိပါတယ်။
ကိုယ်တောဟာ လှေထဲမှာ အိပ်တော်မူပါတယ်။ မိတ်ဆွေ သူငယ်ချင်းဖြစ်လို့ ဝမ်းမြောက်ခြင်း
ကိုလည်း ကိုယ်တော် သိတော်မူပါတယ်။ ကိုယ်တော်ဟာ အထင်လွဲခံရပါတယ်။ အထင်မြင်သေး
ခံရပါတယ်။ သူချစ်တဲ့သူရဲ့ သင်္ချိုင်းဂူမှာ ငိုကြွေးခဲ့တယ်။ စုံစမ်းနှောက်ရှက်ခြင်းကို တိုက်လှန်
အောင်မြင်ခဲ့ပီး စိတ်ပျက်စရာများကိုလည်း သည်းညည်းခံပါတယ်။ ကိုယ်တော်ဟာ အတုမရှိ
ဘုရားသခင်ရဲ့ သားတော်ဖြစ်ကြောင်း ကြွေးကြော်တော်မူခဲ့ပါတယ်။
ကမ္ဘာကြီး မဖြစ်တည်မှီိ ဒါမှမဟုတ် လူဆိုပြီး မဖြစ်တည်မီ အချိန်က ကိုယ်တော်မိန့်တော်မူ
ခဲ့တာကတော့ "အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်
ဖြစ်တော်မူ၏" (ယော ၁း၁)။ ဒါ့အပြင် သခင်ယေရှုက မိန့်တော်မူသည်မှာ "ယေရှုကလည်း
ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏ " (ယော၅း၈)။ ဒီ
စကားများနဲ့အတူ သခင်ယေရှုဟာ တခြားအသက်ရှင်ဘူးသမျှ လူသားတိုင်းနဲ့ ခြားနားပါတယ်။
သခင်ယေရှုမှာ အတိတ်၊ အနာဂါတ် ဆိုပြီး မရှိပါဘူး။ ကိုယ်တော်ဟာ ထာဝရ တည်ရှိတော်မူပါတယ်။
- 21. Page 20
အယ်လ် ဆိုင်းဇီ
ငယ်စဉ်က ဘုရားကျောင်းတက်၊ သီဆိုချီးမွမ်း ပြီး ဘုရားနဲ့အမြဲဆုတောင်း နေထိုင်တဲ့အသက်တာ၊
အဆိုတော်ဖြစ်ချင်တဲ့အတိုင်း အဆိုတော်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း ဝင်ငွေလည်းရှိလာပြီး
မိမိကိုယ်ကို ဘုရားသမီးအဖြစ်ပဲ ခံယူပါတယ်။ ဝင်ငွေ ကောင်းလာတော့ ငါဆိုတဲ့ ဘုရားသားသမီးကို
စာတန်မနှောက်ရှက်နိုင်ဘူးပဲ ခံယူပါတယ်။ ဘယ်လောက်တောင် ဖြစ်သွားလဲ ဆိုတော့
ဘုရားကျောင်းမသွား၊ ဆုလည်းမတောင်း ဖြစ်လိုက်ပါတယ်။ အိပ်ပျော်အောင် ဆိုပီးတော့
ဝိုင်အရက်သောက်၊ အပေါင်းသင်းတွေနဲ့ ပျော်ပါးနေထိုင်တတ်လာပါတယ်။ နောက်ပိုင်း
မိခင်နဲ့စကားအကြီးကျယ်များပြီး အိမ်ကထွက်လာ၊ တစ်ယောက်တည်း နေထိုင်ခဲ့ပါတယ်။ ပိုပြီး
ဆိုးဝါးတဲ့ဘဝ ရောက်လာပါတယ်။ ဒီလောက် ဖြစ်နေလဲ ကိုယ့်ကိုယ်ကို ဘုရားသားသမီးပဲ
စာတန်မနှောက်ရှက်နိုင်ဘူး ခံယူနေဆဲ ဖြစ်ပါတယ်။ စာတန်ကို စိန်ခေါ်မိပါတယ်။ နောက်ဆုံး နတ်ဆိုး
ကိုယ့်ဆီဝင်လာတာကို သိရှိပြီးနောက် နားထဲမှာ ၂၅ထပ်တိုက်ပေါ်က ခုန်ချ၊ ဆိုတဲ့ အသံများလဲ
ကြားနေတော့တယ်။ တံခါးတွေပိတ် အော်ဟစ်၊ ဆိုးဝါးနေတာမျိုးတွေ ဖြစ်လာပါတယ်။ ငရဲပြည်က
ခေါ်သံကြီး ကြားရပြီး ဝိညာဉ်ထွက်သွားမဲ့အလား ဘာမှ နာမကျန်းမဖြစ်ပဲ ဝိညာဉ်ထွက်လုတဲ့အလား
ခံစားရပြီး တုန်လှုပ်ကြောက်လန့်ခဲ့ပါတယ်။
ဆရာဒေးဗစ်လား တို့လာတဲ့အခါ ဖိတ်ခေါ်ရင် ပါဝင်သီဆိုပါတယ်။ ပြန်လာပြီး ၅ရက်လောက်တော့
မသောက်မစား နေဖြစ်ပါတယ်။ နောက်တော့ အရင်လို ပြန်ဆိုးဝါးလာပြန်ပါတယ်။
နောက်ဆုံးတော့ မိခင်ကြီးဆီကိုပဲ ပြန်သွားပြီး ဆုတောင်းခံရပါတယ်။ မိခင်က ဆုမတောင်း
ပေးချင်ပေမဲ့ နောက်ဆုံး ခေါင်းပေါ်လက်တင်ပြီး ဆုတောင်းပေးတော့ ၊ အလွန်ကြီးမားတဲ့အသံကြီး
ခေါင်းထဲက ထွက်သွားတယ်။ တကိုယ်လုံးတုန်ခါ လှုပ်ရှားပြီး၊ နောက်ထပ်ဆရာတွေပါ ထပ်ခေါ်ပြီး
- 22. Page 21
ဆုတောင်းရပါတယ်။ နောက်ဆုံး လောကသီချင်းတွေတောင် မဆိုချင်လောက်အောင် ကျမ
ပြောင်းလဲသွားပါပီ။ အရာအားလုံးကို စွန့်လွှတ်ပြီး သောက်စား၊ ပျော်ပါးမှုတွေ မရှိတော့ပါဘူး။
ညဆိုရင် ဝိုင်သောက်ပီး အိပ်တတ်တဲ့ ဘဝကနေ ကျမ်းစာဖတ်ပြီးမှ အိပ်တတ်လာပါပီ။
ချီးမွမ်းတတ်လာပါပီ။
ကျမ ဘုရားကို အမြဲဆက်ကပ်ပါတယ်။ ဆယ်ဖို့တစ်ဖို့တောင်မက ပေးလှုပါတယ်။ သီဆိုချီးမွမ်းခြင်း
များလဲ ခေါ်တိုင်းသီဆိုချီးမွမ်းပါတယ်။ ဘုရားလိုချင်တာ ဒါတွေမဟုတ်ဘူး ဆိုတာ သိလာပါတယ်။
ဘုရားလိုချင်တာက ကျမရဲ့ ခန္တာစိတ်၊ ဝိညာဉ်ကို ဘုရားထံဆက်ကပ်တာကိုပဲ လိုချင်တယ် ဆိုတာ
သိလိုက်ရပါတယ်။
အောင်မြင်မှုဆိုတာ ဘာမှမဟုတ်တဲ့အရာ ဆိုတာလဲ သိသွားပါပီ။ လောက သီချင်းတွေ
ဆက်ဆိုဖြစ်နေတာလဲ ဒီလောကမှ အလင်းဖြစ်စေတယ်လို့ လောကသီချင်းတွေ ဆက်ဆိုနေ
တုန်းပါပဲ။ အခု ဘုရားအမှုဆောင်ချင်တဲ့စိတ်တွေ ရှိနေပါတယ်။ ဘုရားကို ကျေးဇူးတင်ပါတယ်။
အရမ်းကောင်းမြတ်တဲ့ ဘုရားဖြစ်ပါတယ်။ နတ်ဆိုးဆိုတာ ရှိတယ်၊ နတ်ဆိုးကို စိမ်ခေါ်တာမျိုးတွေ
မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ အခု အရင်လိုသောက်စား ပျော်ပါးမှု မရှိတော့ပဲ
ဘုရားနဲ့မွေ့လျော်နေတာလဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။ ကျမအနေနဲ့
မပြောင်းလဲနိုင်၊ ဘာမှမလုပ်နိုင်ပါဘူး။ ဘုရားကပဲ လုပ်ပေးတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၀၁၄ ဆရာစိုင်းအေး ဗွီဒီယိုအင်တာဗျူး သက်သေခံချက်ဖြစ်ပါတယ်။ အယ်ဆိုင်းဇီ
မိခင်ဖြစ်သူလဲ မျက်ရည်ကျပီး ဆုတောင်းပြည့်ဝခြင်းကို သက်သေခံပြောကြားသွားပါတယ်။ အခုဆိုရင်
အရင်က တစ်ယောက်ထဲနေထိုင်သွားလာခဲ့သူ အခုဆို အမေနဲ့ပဲ အတူနေ၊ အိမ်မှာလဲ
ဆုတောင်းအားအကြီးဆုံး ဖြစ်နေပါတယ်။ ညီမနှစ်ယောက်ကိုလဲ ခေါ်ဆောင်လမ်းပြနေသူ
အလွန်ပုံသက်သေကောင်းမွန်တဲ့ အယ်ဆိုင်းဇီ ဖြစ်နေပါပီ ..လို့ပြောပါတယ်။ မိခင်များ
ကိုယ့်သားသမီးအတွက် မခြားမလပ်ဆုတောင်းပေးဖို့ အလွန်အရေးကြီးပါတယ်..ဆိုတာလဲ ပြောပြ
သွားပါတယ်။
အင်တာနက်ဗွီဒီယိုကို နားဆင်သူပေါင်း ၂သိန်းခွဲရှိ နားထောင်သွားတဲ့ အံ့သြဘွယ်သက်သေခံချက်ပါ။
https://www.youtube.com/watch?v=IJkqVGMVOC8
- 23. Page 22
ကျေးဇူးတော် (ဆရာဖော်သူလင်း)
မထိုက်တန်ပဲခံစားရခြင်း = ကျေးဇူးတော်
နယူးယောက်မြို့ ညအချိန်ရောက်လာတယ်။ မီးတွေထိန်လင်းနေပြီး တအံ့တသြ
လေယာဉ်ပြူတင်းပေါက်က ကြည့်မိတယ်။ တခါမှ ညအချိန်မရောက်ဖူးပဲကိုး။ လေယာဉ်ပေါ်ကဆင်း
ကွင်းစ်မြို့လေးက MBC အသင်းတော် ဆရာဦးမျိုးမော်တို့ နဲ့ မိတ်သဟာရပြု၊ တရား ဒေသနာ
ဟောခွင့်ရတဲ့အတွက် ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ လေဆိပ်ကနေ ကွင်စ်မြို့က တိုက်ခန်းကို
ရောက်သွားတော့ ရန်ကင်းတိုက်ခန်းတွေလိုပဲ ခံစားရတယ် (ရယ်သံများ)။ မနက် မိုးလင်းတော့
အမှိုက်ပုံတွေအများကြီးပဲ ..ကားလမ်းဖြတ်ရင်လည်း မနည်းသတိထားနေရတယ်။ ကားမောင်းသူတွေ
ကလည်း စည်းကမ်းမရှိသလို ..ရန်ကုန်ပြန်ရောက်နေသလား အောက်မေ့ရတယ်။
တချို့ကိစ္စတွေမှာ အဝေးကကြည့်တော့ ဟုတ်သလိုလိုထင်ရပေမဲ့ အနီးသွားကြည့်လိုက်တော့မှပဲ
အခြေအနေမှန်ကိုသိရပါတယ်။ အမေရိကားရောက်တော့ ဓါတ်ပုံလှလှလေးတွေ ရိုက်ကြတယ်။
ကျွန်တော်လည်း ဝေါစထရိနောက်ခံနဲ့ ဓါတ်ပုံရိုက်တော့ ဘေးနားကအမှိုက်တွေမပါအောင်
ဓါတ်ပုံရိုက်လို့ ပြောရသေးတယ် (ရယ်သံများ)။
သခင်ယေရှုက သင်္ဘောသဖန်းပင်ကိုကြည့်တော့ အရွက်တွေဝေဆာနေတာတွေ့တယ်။ အနားကပ်ပြီး
ကြည့်တော့ ဘာအသီးမှမရှိဘူး။ အပင်ဆိုတာ အသက်ရပြီး၊ အသီးမသီးရင် ဘုရားမနှစ်သက်ဖူး။
တချို့လူတွေရဲ့အသက်တာ မှာလဲ အဝေးကကြည့်ရင် ဟုတ်သလိုလို ရှိနေတာမျိုးတွေ ရှိပါတယ်။
- 24. Page 23
တကယ်တော့ နိုင်ငံရပ်ခြား သွားအလုပ်လုပ်တဲ့လူတွေ မြင်နေတာ ကတော့
ကျွန်တော်တို့မြန်မာပြည်ကလူတွေ မြင်နေသလို အားလုံးအဆင်ပြေနေတာတော့ မဟုတ် ပါဘူး။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေရပါတယ်။ မြန်မာပြည်ကလူတွေကတော့ လွှတ်အထင်ကြီး
တတ်ကြတယ်။
ကျေးဇူးတော် = သခင်ယေရှု
ယောဟန် ၁း၁၄ မှာ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊
သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ..ဆိုတဲ့အတိုင်း
လောကကိုကြွလာတဲ့ ယေရှုက ကျေးဇူးတော်နှင့်ပြည့်တယ် လို့ဆိုပါတယ်။ ဒါကြောင့်
ကျေးဇူးတော်ဆိုတာ စကားလုံးမဟုတ်ပါဘူး။ ဒေါ့ထရိန်းမဟုတ်ပါဘူး။ သီအိုရီမဟုတ်ပါဘူး။
ပုဂ္ဂိုလ်တော် ဖြစ်ပါတယ်။ ခရစ်တော်တည်းဟူသော သခင်ယေရှုကို ကျေးဇူးတော်လို့ ခေါ်ပါတယ်။
ဒါကြောင့် ကျေးဇူးတော်နဲ့အသက်ရှင်တယ် ဆိုတာ ခရစ်တော်ယေရှုနဲ့ အသက်ရှင်တာပါ။
ကျေးဇူးတော်ကို သဘောပေါက်ခြင်း ဆိုတာ အဲဒီ သခင်ယေရှုကို သဘောပေါက်ခြင်း ဖြစ်ပါတယ်။
ယောဟန် ၁း၁၆ ထိုသူ၏ပြည့်စုံခြင်း ဆိုတာ ကျေးဇူးတော် = သခင်ယေရှုရဲ့ ပြည့်စုံခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ဘယ်တော့မှ မပြည့်စုံဘူး။ လူကိုဗဟိုပြု၊ ကိုယ့်ကိုယ်ကို ဗဟိုပြု နေရင်
ထိုသူ၏စုံလင်ခြင်းကို ဘယ်တော့မှ ခံစားရမှာမဟုတ်ပါဘူး။ ကျွန်တော့ ရန်ကုန်အသင်းတော်က
အန်တီကြီးက အန်တီတို့တစ်ပတ်တခါ အားဖြည့်နေရပါတယ်..ပြောတော့ ကျနော်ကပဲ တစ်ပါတ်တခါ
လေထိုးပေးနေရသလို ခံစားရလို့ ..ပြောမိပါတယ်။ အန်တီရယ်..ဘုရားကျောင်းလာလို့လဲ
ကျေးဇူးတင်ပါတယ်။ အလှုငွေထည့်လို့၊ ပါဝင်လို့ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကပဲ
တစ်ပတ်တစ်ခါ အားဖြည့်ပေးနေရတယ် ..ဆိုတာတော့ မဟုတ်သေးဘူးထင်တယ်။ အန်တီ
အထံမှာရှိတဲ့ သခင်ယေရှု က အားပျော့သွားသလား... မဟုတ်ဘူး.. ထိုသခင်က
အမြဲတမ်းခွန်အားရှိတယ်။ ထိုသခင်ကို ဗဟိုပြုပြီူး အသက်ရှင်ရင်၊ ထိုသခင်ကိုအားပြုပြီးအသက်ရှင်ရင်၊
ထိုသခင်ရဲ့ စုံလင်ခြင်းတွေကို ကျွန်တော်တို့ခံစားရမှာပါ။
ကျွန်တော်တို့က ထိုသခင်ထက် အခြားအရာတွေအပေါ် အာရုံပိုရောက်တယ်။ ဒါကြောင့်
ဒီနေ့ခရစ်ယာန်တွေက ဘုရားကျောင်းထဲမှာတော့ ခွန်အားအပြည့်နဲ့ အပြင်ရောက်သွားရင်တော့
အခြားသောအရာများကို ဗဟိုပြုပြန်တာမျိုး ဒါမျိုးဆိုရင် မဟုတ်တော့ပါဘူး။
ဘုရားသခင်က ကျေးဇူးတော် တခုပြီးတစ်ခု ဆက်ပြီးခံစားသွားစေဖို့ သင့်အပေါ် အကြံအစည်
ရှိပါတယ်။
- 25. Page 24
ခရစ်တော်က အပေါ်ကစောင့်နေတဲ့ ဘုရားမဟုတ်ပါဘူး။ ခရစ်တော်က ကောင်းကင်လမ်းကို တက်ဖို့၊
ဆင်းပြီူးကယ်တဲ့ဘုရားဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ အတူတူအသက်ရှင်ပြီး သူ့ရဲ့ ကောင်းမြတ်ခြင်းကို
ခံစားဖို့အလိုတော်ရှိပါတယ်။
ကျေးဇူးတော် = မထိုက်တန်ပဲခံစားရလို့ ကျေးဇူးတော်လို့ ခေါ်ပါတယ်။
ထိုက်တန်လို့ခံစားရရင် ကျေးဇူးတော် မခေါ်ပါဘူး။
တနာရီး ဒေါ်လာ၁၀ နဲ့အလုပ်လုပ်ရင် ၅နာရီဆို၊ အလုပ်ရှင်က ဒေါ်လာ၅၀ ပေးမယ်။ အလုပ်လုပ်မှ
ပေးတာ ကျေးဇူးတော်မဟုတ်ပါဘူး။ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးဖြစ်ပါတယ်။
ဘုရားနဲ့ကျွန်တော်တို့က အဲဒီဆက်ဆံရေးမဟုတ်ဘူး။ မိဘနဲ့သားသမီး ဆက်ဆံရေး...ဖြစ်ပါတယ်။
လောကကြီးကတော့ ရိုက်သွင်းထားပါတယ်။ ထိုက်တန်မှ ခံစားရမယ်။ ခေါင်းထဲမှာလဲ ထိုက်တန်မှ
ခံစားရမယ်လို့ ခံယူကြတယ်။ ဘုရားသခင်ရဲ့ မေတ္တာက အဲဒီလိုမျိုး မဟုတ်ပါဘူး။ သင့်ကို
မထိုက်တန်ပဲနဲ့ ခံစားစေပါတယ်။ ဒါကြောင့် ကျေးဇူးတော်ဆိုတာ မထိုက်တန်ပဲနဲ့ ခံစားရပါတယ်။
ကျွန်တော်တို့နေတဲ့ ကရင် ခဝဲခြံထဲမှာ ကရင် ဖြူဖြူချောချောလေးနဲ့ ကုလားအသားမဲမဲလေးနဲ့
တွဲသွားရင် ရင်ထဲမှာ မကြေမချမ်း၊ မတန်မရာ ..ဆိုပြီး ကြိတ်မနိုင်ဖြစ်ရပါတယ်။ တကယ်တော့
ဒီကောင် မထိုက်မတန်တွေ ခံစားနေရတာ။ ကျေးဇူးတော် ခံစားနေရတာ လို့ပြောရပါမယ်။
မေဖိဘောရှက် အကြောင်း
ဒီကနေ့ ကျမ်းစာထဲက မထိုက်မတန်ပဲ ခံစားနေရတဲ့ လူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။
၂ရာ၉း၃ ဒါဝိတ်မင်းကြီး ဘုရင်ဖြစ်တော့ သူ့အပေါ်ကောင်းခဲ့တဲ့ သူငယ်ချင်း ရှောလုမင်းကြီးရဲ့
အမျိုးတွေကို ချီးမြှောက်ချင်လို့ လိုက်ရှာတယ်။ ရှောလုမင်းရဲ့သား၊ ဂျော်နသန်ရဲ့အမျိုးတွေထဲမှာ
ခြေထောက်၂ဖက် မသန်တဲ့ မေဖိဘောရှက် ဆိုသူ ရှိပါတယ် ဆိုတော့ ဒါဝိတ်ရဲ့သားအရင်းအတိုင်း
ရှင်ဘုရင်ရဲ့စားပွဲပေါ်မှာ နေ့တိုင်း ရှင်ဘုရင်နဲ့အတူထမင်းစားရတယ်။ မေဖိဘောရှက်က ဒါဝိတ်ကို
ဘာကူညီခဲ့ဘူးသလဲ ဆိုတော့ ဘာမှမလုပ်ပေးခဲ့ပေးဘူး။ စစ်လဲမတိုက်ပေးဘူး။ ဒါပေမဲ့
ဒါဝိတ်မင်းကြီးက ချီးမြှောက်ချင်လို့ကို ချီးမြှောက်တာပါ။ ဒါက ကျေးဇူးတော်ပါပဲ။